ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ
(၅.၂.၂၀၁၈မွ၉.၂.၂၀၁၈)ထိ
ဒီတစ်ပတ်မှာတော့ စပါးစျေးရောဆန်စျေးပါစျေးတက်လာပါတယ်။ မတ်ပဲနဲ့ပဲစင်းငုံနီတို့လည်း စျေးဆက်တက်နေပါတယ်။
ဆန်၊စပါး
ဒီတစ်ပတ်ပုသိမ်စပါးစျေးကွက်မှာ ဆန်ကြမ်းရောဆန်ချောအမျိုးအစားတွေပါ စျေးတက်လာပါတယ်။ ဆန်အဝင်နည်းနေပေမယ့် အရောင်းအဝယ်ကောင်းပြီး အဟောင်းတွေကိုအများဆုံးအဝယ်လိုက်တဲ့အတွက် စျေးကတက်လာတာဖြစ်ပါတယ်။ ပုသိမ်စပါးစျေးကွက်မှာ ဖျာပုံပေါ်ဆန်းက တင်း၁၀၀ကို ၈၁၃၀၀၀ကျော်ပေါက်စျေးရှိပြီး တင်း၁၀၀ကို၃၀၀၀၀နီးပါးစျေးတက်လာပါတယ်။ ဆန်ကတော့ တစ်တင်းခွဲကို ၁၀၀၀လောက်စျေးတက်လာပြီး တစ်တင်းခွဲကို ၃၃၅၀၀ပေါက်စျေးရှိပါတယ်။ ပေါ်ဆန်းရင်အမျိုးအစားကတော့ စပါးတင်း၁၀၀ကို ၇၈၈၀၀၀ကျော်ပေါက်ပြီး ၂၀၀၀၀ကျော် စျေးတက်လာပါတယ်။ ဆန်မှာလည်း တစ်တင်းခွဲကို ၁၀၀၀လောက်စျေးတက်လာပြီး ၃၃၀၀၀ပေါက်စျေးရှိပါတယ်။ ဆန်ကြမ်းအမျိုးအစားဖြစ်တဲ့ ရွှေသွယ်လေး၊ ဧရာမင်း၊ မနောသုခနဲ့ မီးကောက်တို့ကလည်းပုသိမ်စျေးကွက်မှာ စပါးစျေးရောဆန်စျေးရောပါတက်နေတာလည်းဖြစ်ပါတယ်။ ရွှေသွယ်လေးနဲ့ဧရာမင်းတို့ကတော့ တင်း၁၀၀ကို ၁၈၀၀၀ကျော်စျေးတက်လာပြီး လက်ရှိပေါက်စျေးက ၆၄၄၀၀၀ရှိပါတယ်။ မနောသုခတော့ တင်း၁၀၀ကို၅၃၃၆၀၀ပေါက်စျေးရှိပြီး ၁၀၀၀၀လောက်စျေးတက်လာကာ မီးကောက်ကတော့ တင်း၁၀၀ကို ၄၆၀၀၀စျေးတက်လာပြီး ၅၉၈၀၀၀ပေါက်စျေးရှိနေပါတယ်။ ဆန်စျေးတွေကလည်း တစ်တင်းခွဲကို ၁၀၀၀ဆိစျေးတက်လာပြီး အမျိုးအစားအလိုက် တစ်တင်းခွဲကို ၂၂၀၀၀ကနေ ၂၅၀၀၀ပေါက်စျေးရှိပါတယ်။
မတ္ပဲ(FAQ/RC)
ပြီးခဲ့တဲ့အပတ်က မတ်ပဲစျေးတက်ခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ စျေးအနည်းငယ်နဲ့အပြောင်းအလဲ အတက်အကျအနည်းငယ်သာ ရှိနေပါတယ်။ မတ်ပဲကနယ်စုံမှာအသစ်တွေဝင်ရောက်တာမရှိဘဲ ပဲလက်ကျန်ကိုသာ နေ့စဉ်ရောင်းချနေတဲ့အတွက် စျေးကအရမ်းမကျဆင်းသွားပဲအတက်စျေးနဲ့သာ နေ့စဉ်ပုံမှန်အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။ အရေအသွေးအလိုက်စျေးကောင်းရရှိနေတယ်လို့သိရပြီး ရန်ကုန်ဝယ်လက်များပြားတယ်လို့လည်းသိရပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ မတ်ပဲအသစ်တွေဝင်လာပေမယ့် အစိုးရကဝယ်ယူပေးနေတဲ့အတွက် မတ်ပဲပေါက်စျေးနှုန်းက ဆက်ကျနိုင်ဖွယ်မရှိဘူးလို့လည်း သိရပါတယ်။ အိန္ဒိယနိုင်ငံက မတ်ပဲတွေပြည်တွင်းပိုလျံမှုရှိတဲ့အတွက် တစ်ခြားပြည်ပနိုင်ငံတွေကို တင်ပို့ဖို့ရည်ရွယ်ပေမယ့် မြန်မာမတ်ပဲတွေက အိန္ဒိယနိုင်ငံမတ်ပဲတွေထက် စျေးလျော့နည်းနေတဲ့ မြန်မာမတ်ပဲက စျေးတက်နိုင်ဖွယ်ရှိတယ်လို့Agri watch ကသုံးသပ်ထားပါတယ်။ အိန္ဒိယနိုင်ငံမှာ မြန်မာမတ်ပဲ FAQ ရောင်းစျေးက တစ်တန်ကို ၄၅၀ကျော်ပေါက်စျေးရှိပြီးSQ ကတော့ ၆၀၀ကျော်ရှိနေပါတယ်။ ရန်ကုန်စျေးကွက်မှာတော့ မတ်ပဲကတစ်တင်းကို ၁၈၀၀၀ကျော်ပေါက်စျေးရှိပါတယ်။ မုံရွာမှာတော့ ၁၇၀၀၀ရှိပြီး ပြီးခဲ့တဲ့အပတ်ထက် စျေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၅၀၀နီးပါးစျေးတက်လာပြီး ၁၈၅၀၀ကျော်ပေါက်စျေးရှိနေပါတယ်။ နေပြည်တော်မှာတော့ တစ်တင်းကို၁၆၀၀၀နဲ့စျေးငြိမ်နေပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ပြီးခဲ့တဲ့အပတ်ကတည်းက စျေးတက်နေတာပဲဖြစ်ပါတယ်။ နယ်ကုန်စည်ဒိုင်တွေမှာလည်း အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေတဲ့ နယ်စုံမှာပါစျေးတက်နေတာလည်းဖြစ်ပါတယ်။ ပဲစင်းငုံနီက ပြည်တွင်းစျေးကွက်မှာသာမက ပြည်ပစျေးတက်မှာလည်း အရောင်းအဝယ်ကောင်းနေတဲ့အတွက် စျေးကတက်နေပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း မြန်မာပဲစင်းငုံနီစျေးက ပြည်တွင်းစျေးထက်လျော့နည်းနေတဲ့အတွက် ပြည်တွင်းလိုအပ်ချက်ကြောင့် ကုန်သည်တွေက အကျစျေးနဲ့အဝယ်ရှိနေတာလည်းဖြစ်ပါတယ်။ ဒါပေမယ့်ပဲအသစ်တွေကလည်း ဝင်လာတော့မှာဖြစ်လို့ လက်ရှိပေါက်စျေးထက်တော့ထက် တက်နိုင်ခြေမရှိတော့ဘူးလို့လည်း အိန္ဒိယကုန်သည်တွေကသုံးသပ်ထားပါတယ်။ လက်ရှိအိန္ဒိယနိုင်ငံမှာ မြန်မာပဲစင်းငုံနီပေါက်စျေးက မတ်ပဲစျေးနဲ့သိပ်မကွာပဲ အသစ်တစ်တန်ကို ဒေါ်လာ၄၃၀နဲ့အဟောင်းတစ်တန်ကို ၃၈၀နီးပါးပေါက်ပါတယ်။ ရန်ကုန်စျေးကွက်မှာတော့ တစ်တင်းကို၁၄၃၀၀ကျော်ရှိပြီး ပြီးခဲ့တဲ့အပတ်ထက် တစ်ပိဿာကို ၁၅၀၀လောက်စျေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၁၃၅၀၀ရှိပြီး ၁၃၀၀ကျော်စျေးတက်လာပါတယ်။မင်းခြံကုန်စည်ဒိုင်မှာတစ်တင်းကို၁၂၄၀၀၊ပခုက္ကူကုန်စည်ဒိုင်မှာတစ်တင်းကို၁၃၂၀၀၊ပြည်ကုန်စည်ဒိုင်မှာ၁၂၈၀၀နဲ့ပျှမ်းမျှတစ်တင်းကို၁၅၀၀လောက်စျေးတက်လာပါတယ်။
ကုလားပဲ
ကုလားပဲကတော့ အရောင်းအဝယ်က ရက်ခြားသာရှိတဲ့အတွက် စျေးကကျဆင်းနေပါတယ်။ နယ်အချို့မှာသာ စျေးအနည်းငယ်တက်တာပဲရှိပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း ကုလားပဲထွက်ရှိမှုက ပြီးခဲ့တဲ့နှစ်ထက် အဆမတန်များနေပြီး ပြည်ပသွင်းကုန်ခွန်ကို ၃၀ရာခိုင်နှုန်းကောက်ခံနေတဲ့အတွက်ကြောင့် ကုလားပဲစျေးကဆက်လက်လျော့နည်းနိုင်ပြီး စျေးတက်ချိန်မှာ ရောင်းထုတ်ထားသင့်တယ်လို့ အိန္ဒိယကုန်သည်တွေကဆိုထားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးက ၂၇၀၀၀ကနေ၃၀၀၀၀ပေါက်စျေးရှိပြီး တစ်တင်းကို ၁၀၀၀ကျော်လောက်စျေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၇၀၀၀ကနေ၂၈၀၀၀ကျော်ရှိပြိး ၃၀၀၀ကျော်စျေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၆၀၀၀ကနေ၂၈၀၀၀ ပြည်ကုန်စည်ဒိုင်မှာတော့ ၂၉၅၀၀ကနေ၃၁၀၀၀ပေါက်စျေးရှိပြီး တစ်တင်းကို၁၀၀၀ကျော်စျေးကျဆင်းသွားခဲ့ပါတယ်။
ဝတ်ရည်မွန်(AMIA)
Aung kaung myat
လွန်ခဲ့သော ၂ နှစ် ကနိုင်ငံ တော်က၁၄သိန်း၁၅သိန်းသက်မှတယ် တောင်သူတွေရှိကဝယ်တော့ ၁၂သိန်းဘယ်လို့ကူညီးပေးမှလဲ
Aung kaung myat
လွန်ခဲ့သော ၂ နှစ် ကစပါးစျေးက အောက်မှ၁၂သိန်းပဲပေါက်ပါတယ်
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....