ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ
(၉.၇.၂၀၁၈ မှ ၁၃.၇.၂၀၁၈)ထိ
မတ်ပဲ (FAQ/RC)
ပြီးခဲ့တဲ့အပတ်က ဈေးအနည်းငယ်ပြန်မြင့်တက်ခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာတော့ အတက်မရှိပဲ ဈေးက ဖြေးဖြေးလေး ကျဆင်းသွားခဲ့ပါတယ်။လက်ရှိမှာ ဈေးကွက်ထဲကို ပဲ အဝင်နည်းလာပေမယ့် ပုံမှန်ဝယ်လက်အချို့ကြောင့် နေ့စဉ် အရောင်းအဝယ်ဖြစ်နေပေမယ့် ဈေးက တက်မလာပဲ ကျဆင်းနေခဲ့ ပါတယ်။ လက်ရှိအချိန်အထိ ဈေးစောင့်နေတဲ့ ကုန်သည်အချို့ကြောင့် ဈေးကွက်ကို ပဲအဝင် နည်းလာ တယ်လို့လည်း ယူဆလို့ရပါတယ်။
ပြီးခဲ့တဲ့အပတ်က မတ်ပဲက တစ်တန်က ရန်ကုန်ကုန်စည်ဒိုင်မှာ ကျပ် ၄၆၀၀၀၀ ကျော်ပေါက်ဈေးရှိခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ တစ်တန်ကို ၃၅၀၀၀ နီးပါးဈေးကျဆင်းသွားခဲ့ပါတယ်။
မတ်ပဲက ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့အထိ ခြောက်လအတွင်း ပြည်ပ တင်ပို့မှုက တန်ချိန် ပေါင်း ၁၄၂၈၇၀ ကျော်ရှိခဲ့ပြီး ဈေးကလည်း ခြောက်လအတွင်း တစ်တန်ကို ၁၅၀၀၀၀ ကျော်ဈေးကျဆင်းသွားခဲ့ပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးက ကျဆင်းသွားခဲ့ပေမယ့် အရောင်းအဝယ်ကတော့ ပုံမှန်အနေအထားမှာ ရှိပြီး နယ်ကုန်စည်ဒိုင်တွေမှာလည်း ဈေးက အများကြီးမကျဆင်းသွားခဲ့ပါဘူး။ကုန်သည်တွေကလည်း သြဂုတ်လမတိုင်ခင် ဈေးတက်နိုင်ခြေ ရှိတယ်ဆိုတဲ့ ခန့်မှန်းချက်တွေကြောင့် ပုံမှန်ဝယ်ယူမှုတွေ ရှိနေပြီး ဈေးက မတ်ပဲလောက် အများကြီးမကျဆင်းသွားခဲ့ပါဘူး။
ပြီးခဲ့တဲ့ အပတ်က ပဲစင်းငုံနီက တစ်တန်ကို ၄၉၀၀၀၀ ကျော်နဲ့ ဈေးအမြင့်ဆုံးရှိခဲ့ပြီး ဒီတစ်ပတ်မှာတော့ တစ်တန်ကို ၄၇၀၀၀၀ နဲ့ အတက်အကျအနည်းငယ်သာ ပြောင်းလဲခဲ့ပါတယ်။
ပဲစင်းငုံနီက ဇန်နဝါရီလ ၁ ရက်နေ့က ဇွန်လ ၃၀ ရက်နေ့အထိ ခြောက်လအတွင်း ပြည်ပတင်ပို့မှုက တန်ချိန်ပေါင်း ၇၀၈၀၀ ကျော်ရှိခဲ့ပြီး ဈေးကတော့ ခြောက်လအတွင်း တစ်တန်ကို ၁ သိန်းကျော်ဈေးတက်ခဲ့ပါ တယ်။
ပြီးခဲ့တဲ့ ခြောက်လအတွင်း မတ်ပဲကတော့ မထင်မှတ်လောက်အောင် ဈေးက ကျဆင်းသွားခဲ့ပေမယ့် ပဲစင်းငုံနီကတော့ ဈေးတက်လာခဲ့တယ်လို့ ပြောလို့ရပါတယ်။ဆက်ပြီးတက်ဖို့ကိုလည်း တောင်သူတွေ က မျှော်လင့်နေကြပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ လက်ရှိမှာ ဈေးတက်နေပါတယ်။တရုတ်က နေ့စဉ် ဝယ်ယူမှုရှိနေပြီး အရည်အသွေးအလိုက် ဈေးကောင်းပေးဝယ်နေတဲ့အတွက် အရည်အသွေးကောင်းတဲ့ ပဲကတော့ ဈေးမြင့်နေတဲ့အခြေအနေပါ။ပဲတီစိမ်း က လည်း အိန္ဒိယကလည်း အဓိက ဝယ်ယူနေတာဖြစ်တဲ့အတွက် ဈေးက ထပ်ပြီး ကျဆင်းသွားနိုင်ခြေ လည်း မရှိသလို အဆမတန် ဈေးမြင့်သွားဖို့လည်း မရှိသေးဘူးလို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။
ဒါပေမယ့် လက်ရှိမှာတော့ ပဲတီစိမ်းက ပဲတွေထဲမှာ ဈေးအမြင့်ဆုံး ရရှိနေတဲ့ ပဲ ဖြစ်တဲ့အတွက် တောင်သူတွေ ကတော့ အဆင်ပြေနေတဲ့အခြေအနေပါ။
ပြီးခဲ့ခြောက်လအတွင်း ပဲတီစိမ်း ပြည်ပတင်ပို့မှုက တန်ချိန် ၇၀၀၀၀ ရှိခဲ့ပြီး ခြောက်လအတွင်း ပဲတီစိမ်း ပခုက္ကူ ၊ပဲခူးရွှေဝါ၊ခရမ်းရွှေဝါ၊အညာရွှေဝါ၊ဝါးခယ်မ အစရှိတဲ့ အမျိုးအစားတွေက တစ်ပိဿာကို ငွေကျပ် ၅၀၀ နီးပါးဈေးတက်လာခဲ့ပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ ဒီတစ်ပတ်မှာဈေးက ပြန်တက်လာခဲ့ပါတယ်။ကုန်အဝင်နည်းလို့ဈေးက ပြန်တက်ခဲ့ပေမယ့် အရောင်းအဝယ်ကတော့ ထင်သလောက်မဟုတ်ပဲ အေးနေပါတယ်။လက်ရှိမှာ ကျောက်ပန်းတောင်း၊ရေနံ ချောင်း၊ဆိပ်ဖြူတို့ကနေ နေ့စဉ်ဝင်ရောက်နေပြီး အရည်အသွေးကောင်းတဲ့ ကြက်သွန်နီကတော့ ဈေးကောင်း သလို မိုးကြောင့် ရေစိုမိုးမိတဲ့ ကြက်သွန်တွေကတော့ ဈေးကောင်းမရတဲ့အခြေအနေပါ။
ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီ (ဆိပ်ဖြူ၊မုံရွာ၊ပခုက္ကူ၊ရွှေဘို)က တစ်ပိဿာကို ၄၇၅ ကျပ်ကနေ ၆၅၀ အထိ ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း တစ်ပိဿာကို ၁၀၀ လောက်ဈေးတက်လာခဲ့ပါတယ်။ ကြက်သွန်နီက ပြီးခဲ့တဲ့ ဇွန်လ တစ်လလုံး ဈေးငြိမ်နေခဲ့ပါတယ်။
ရန်ကုန်ဈေးကွက်မှာသာ ကြက်သွန်နီက ဈေးတက်နေပေမယ့် နယ်ကုန်စည်ဒိုင်ဖြစ်တဲ့ ပခုက္ကူ နဲ့မြင်းခြံကု်စည် ဒိုင်မှာတော့ အတက်အကျက အနည်းငယ်ပြောင်းလဲ လျှက်ရှိပါတယ်။ ရန်ကုန်မှာသာ ကြက်သွန်နီ တစ်ပိဿာ ကို ၆၅၀ နဲ့အမြင့်ဆုံးဈေးရရှိခဲ့ပေမယ့် နယ်ကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၅၅၀ သာ ဈေးအမြင့်ဆုံး ရရှိ ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့အထိ ခြောက်လအတွင်း ကြက်သွန်နီက တစ်ပိဿာ ကို ၂၅၀၀ ကျော်ဈေးကျဆင်းသွားခဲ့ပြီး အကြီးမားဆုံးဈေးအပြောင်းအလဲ လည်း ဖြစ်ပါတယ်။တောင်သူတွေ က တော့ ပြီးခဲ့တဲ့ ခြောက်လ ဈေးကို ပြန်ရရှိဖို့အတွက် မျှော်လင့်နေပေမယ့် အစိုးရက စားသုံးသူတွေ လိုက်မှီတဲ့ လက်ရှိဈေးကိုရရှိဖို့အတွက် ပြည်ပကနေ ကြက်သွန်နီတွေ အမြောက်အမြား တင်သွင်းခဲ့ရပါတယ်။
ဝတ်ရည်မွန်(AMIA)
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....