ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ
(၁၁.၆.၂၀၁၈ မှ ၁၅.၆.၂၀၁၈)ထိ
မတ်ပဲ (FAQ/RC)
မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးအတော်ကျဆင်းသွားခဲ့ပါတယ်။ဇွန်လကနေ သြဂုတ်လအတွင်းမှာ တန်ချိန် ၁ သိန်းခွဲကို ရောင်းချရမှာဖြစ်ပေမယ့် ပြည်ပ နိုင်ငံက ဈေးနှိမ်ဝယ်ယူတဲ့အတွက် ကြောင့် ဈေးက ကျဆင်း သွားတာလည်း ဖြစ်ပါတယ်။ပြည်တွင်း ပဲပိုလျံမှုကြောင့် ပြည်ပနိုင်ငံက အခွင့်ကောင်းယူကာ ဈေးနှိမ်ဝယ်ယူနေ တယ်လို့လည်းကုန်သည်တွေက သုံးသပ်ထားပါတယ်။ ထို့ပြင် ပြည်ပကိုတင်ပို့ရန်အတွက် ကုန်သည်တွေက ဝယ်ယူစုဆောင်းနေပြီး ရောင်းချသူတွေကလည်း မျှော်လင့်ချက်နဲ့အတက်ဈေးကို စောင့်နေတဲ့အခြေအနေတွေမှာ ဈေးနှုန်းတွေက အတက်အကျမတည်ငြိမ်တာကိုလည်း တွေ့ရပါတယ်။ ပြီးခဲ့တဲ့အပတ်အထိ တစ်တန်ကို ၅ သိန်းခွဲအထိ ဈေးမြင့်နေခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ တစ်တန်ကို ၄ သိန်း ၇ သောင်းအထိ ဈေးက ကျဆင်းသွားခဲ့ပါတယ်။ တစ်ပတ်ကျော်အတွင်း တစ်တန်ကို ၈၀၀၀၀ နီးပါး ဈေးက ကျဆင်းသွားတာပါ။ လက်ရှိမှာ မတ်ပဲဈေးက ပဲစင်းငုံနီ ဈေးအောက်ကိုပါ ရောက်ရှိသွားခဲ့ပါတယ်။ ပြည်ပတင်ပို့တဲ့ ဈေးနှုန်းတွေက ကျဆင်းနေပေမယ့် ပြည်တွင်းဝယ်ယူမှုမှာတော့ ဈေးကတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ တစ်ပတ်အတွင်း တစ်တင်းကို ၁၅၀၀ ကျပ်လောက်ဈေးတက်လာပြီး ၁၆၀၀၀ ကျပ်ပေါက်ဈေးရှိပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၁၆၆၀၀ ကျော်ပေါက်ဈးရှိပြီး ၂၀၀ နီးပါး၊ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ အရောင်းအဝယ်အေးတဲ့အတွက် တစ်တင်းကို ၁၀၀၀ ကျပ်လောက်ဈေးကျဆင်းခဲ့ပြီး ၁၆၀၀၀ ကျပ်ပေါက်ဈေးရှိပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်း မတ်ပဲနည်းတူ ပြည်ပက ဈေးနှိမ်ပြီး ဝယ်ယူတဲ့အတွက်ဈေးက ကျဆင်းသွားခဲ့ပါတယ်။ ဈေးကျဆင်းခဲ့ပေမယ့် လက်ရှိမှာ မတ်ပဲထက်ကို ဈေးကောင်းရနေတဲ့အခြေအနေလို့ပြောလို့ရပါတယ်။ ပဲစင်းငုံနီက မတ်ပဲ နဲ့ယှဉ်ရင် ပြည်ပဝယ်ယူမှုမှာ တန်ချိန်များတဲ့အတွက်ကြောင့် ပြည်တွင်း ဝယ်လှောင်သူတွေက ဈေးကောင်းပေးပြီး ဝယ်ယူနေတဲ့အတွက် ဈေးကဆက်ပြီး ကျဆင်းမသွားနိုင်ဘူးလို့လည်း ခန့်မှန်းထားပါတယ်။ ထို့ပြင် သြဂုတ်လ နောက်ဆုံးထားပြီး အချိန်မှီတင်ပို့ရမှာဖြစ်တဲ့အပြင် အလုံးအပြင် ခွဲခြမ်းပါ တင်ပို့ရမှာဖြစ်တဲ့အတွက် ဈေးကထပ်ပြီး တက်လာနိုင်တယ်လို့ကုန်သည်တွေက သုံးသပ်ထားပါတယ်။ ပြီးခဲ့တဲ့ အပတ်ကအထိ တစ်တန်ကို ၅ သိန်း၃ သောင်းကျော်အထိ ဈေးတက်ခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ တစ်တန်ကို ၅ သောင်း လောက်ဈေးကျဆင်းသွားခဲ့ပါတယ်။ ပဲစင်းငုံနီကတော့ ပြည်ပဝယ်ယူမှုမှာလည်း ဈေးကျဆင်းခဲ့ပြီး ပြည်တွင်း ဝယ်ယူမှုမှာလည်း ဈေးက အနည်းငယ်ဈေးကျဆင်းသွားခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ တစ်တင်းကို ၁၃၀၀၀ ကျော်ရှိပြီး ၁၅၀၀ ကျပ်ဈေးကျဆင်း သွားခဲ့ပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၅၀၀၀ ကျော်ရှိပြီး တစ်တင်းကို ၆၀၀ ကျပ်၊ပြည်ကုန် စည်ဒိုင်မှာတော့ တစ်တင်းကို ၁၄၀၀၀ နဲ့ ၂၀၀ ကျော်အသီးသီးဈေးကျဆင်းသွားပါတယ်။
ပဲတီစိမ်း
ဒီတစ်ပတ်မှာတော့ ပဲတီစိမ်းက ဈေးတက်နေပေမယ့် အသစ်ဝင်လာတဲ့ပဲတွေက မိုးကြောင့် အရည်အသွေး ညံ့နေပြီး ဈေးကောင်းမရတဲ့ အနေအထားဖြစ်နေပါတယ်။ တရုတ်ဝယ်လက်ရှိတဲ့အတွက် ပုံမှန်အရောင်းအဝယ် ရှိနေပေမယ့် အရည်အသွေးကောင်းတာကိုသာ ဈေးကောင်းပေးဝယ်တာဖြစ်တဲ့အတွက် အနည်းငယ်တော့ ဈေးကတန့်သွားပါတယ်။ ပဲအသစ်တွေက ပြီးခဲ့တဲ့အပတ်အထိ တစ်တင်းကို ၄၀၀၀၀ ကျော်အထိ ရရှိခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ တစ်တင်းကို ၃၀၀၀၀ ကနေ ၃၅၀၀၀ အထိ ဈေးက ကျဆင်းသွားခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ပဲတီစိမ်းက တစ်တင်းကို ၃၃၀၀၀ ကျော်အထိ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀၀ ကျော်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၄၀၀၀ ကျော်ရှိပြီး တစ်တင်းကို ၁၅၀၀ ကျပ်၊ဈေးကျဆင်းသွားပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၀၀၀ ကျော်ဈေးတက်လာပြီး ဒီတစ်ပတ်ပေါက်ဈေးက တစ်တင်းကို ၃၆၀၀၀ ကျော်ရှိပါတယ်။ ပဲတီစိမ်းဈေးက လက်ရှိပဲတွေထဲမှာ အမြင့်ဆုံးဈေးရရှိနေသေးတဲ့ ပဲဖြစ်နေပါတယ်။ ဒါပေမယ့် နှစ်ပတ်ဆက်တိုက်နယ်ကုန်စည်ဒိုင်တွေမှာ ဈေးအနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ လက်ရှိမှာ အသစ်တွေ ဝင်ရောက်လာတော့မှာ ဖြစ်ပေမယ့် အသစ်တွေကို မသွင်းသေးပဲ လက်ကျန်တွေကို အပြတ်ဖြတ်နေတဲ့အတွက် လက်ကျန်ကြက်သွန်တွေ ဈေးတက်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၁၄၅၀ နဲ့၁၀၀ ကျပ်ဈေးတက်လာပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ ၁၆၀၀ ရှိပြီး ၁၀၀ ကျပ်ဈေးတက်လာပါတယ်။ ကြူကုတ်ကလက်ရှိမှာ သုံးပတ်ဆက်တိုက်ဈေးတက်နေခဲ့ပါတယ်။
အာလူး
အာလူးကတော့ လက်ရှိတရုတ်နိုင်ငံက တင်သွင်းမှုတွေကို နယ်စပ်တွေမှာ တားဆီးနေတဲ့အတွက် ပြည်တွင်း အာလူးတွေ အရောင်းအဝယ်ဖြစ်ပြီး ဈေးတက်လာခဲ့ပါတယ်။ နယ်ကုန်စည်ဒိုင်အချို့မှာတာ့ ဈေးငြိမ်နေတာကို လည်း တွေ့ရပါတယ်။ ရန်ကုန်ကုန်စည်ဒိုင်မှာ အာလူး (ဟဲဟိုး)က တစ်ပိဿာကို ၅၀၀ ကနေ ၆၇၀ ပေါက်ဈေးရှိပြီး ၅၀ ကျော်ဈေးတက်လာပါတယ်။ နေပြည်တော်မှာတော့ တစ်ပိဿာကို ၆၀၀ ကနေ ၁၀၀၀၊ပြည်ကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၅၀၀ ကနေ ၇၀၀ ရှိပြီး ဈေးငြိမ်နေပါတယ်။
မဝတ်ရည်မွန်(AMIA)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....