ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ
မတ်ပဲ (FAQ/RC)
မတ်ပဲက ဒီတစ်ပတ်မှာတော့ ဈေးတက်လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကို ရန်ကုန်ဆိပ်ကမ်းကနေ တဆင့် တင်ပို့မှုများနေတဲ့အတွက် တစ်တန်ကို ၅ သိန်းကျော်တဲ့အထိ ဈေးကမြင့်တက်သွားပါတယ်။ နယ်ကုန်စည်ဒိုင်တွေမှာလည်း ရန်ကုန်ဝယ်လက်ရှိတဲ့အတွက် နေ့စဉ်အရောင်းအဝယ်ဖြစ်နေပါတယ်။ မတ်ပဲဈေးက မေလတစ်လလုံးကို ကိုင်လှုပ်သွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ပဲဝယ်ယူမှု ပြောင်းလဲသွားတဲ့မူဝါဒကြောင့် မတ်ပဲဈေးက ပြန်လည်ဦးမော့လာခဲ့ပါတယ်။ တောင်သူတွေကိုလည်း မျှော်လင့်ချက်အနည်းငယ်ပေးခဲ့ပါတယ်။ ဒါပေမယ့် မတ်ပဲဈေးကထင်သလောက် မတက်လာခဲ့ပဲ အိန္ဒိယနိုင်ငံရဲ့တိကျမှုမရှိတဲ့ ထုတ်ပြန်ချက်ကလည်း ဈေးကိုဆက်ပြီး မတက်ပဲ ဖြစ်နေပါတယ်။ ဒါပေမယ့် တစ်ရိပ်ရိပ် ကျဆင်းသွားခဲ့တဲ့ မတ်ပဲဈေးက မေလ တတိယအပတ်မှာ ပြန်မြင့်တက်လာပါတယ်။ မေလအစမှာ မတ်ပဲတစ်တန်ကို ၃သိန်း၉ သောင်းကျော်သာပေါက်ဈေးရှိခဲ့ပေမယ့် မေလကုန်မှာတော့ တစ်တန်ကို ၅ သိန်း ၁သောင်းကျော်အထိ တစ်လအတွင်း တစ်တန်ကို ၁ သိန်းကျော်ဈေးမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ ဈေးကတက်ခဲ့ပေမယ့် တောင်သူတွေလက်ထဲ ပဲမရှိတော့တဲ့အတွက် တောင်သူအနည်းငယ်သာ အတက်ဈေး နဲ့ ဈေးရခဲ့ပါတယ်။ အတက်ဈေးနဲ့ဈေးရပေမယ့်လည်း အရှုံးကို မကာမိတဲ့ အခြေအနေပါ။ ရန်ကုန်ကုန်စည်ဒိုင်မှာ မတ်ပဲဈေးက ၅ သိန်း ၃ သောင်း နဲ့ တစ်ပတ်အတွင်း တစ်တန်ကို ၄ သောင်းကျော်တက်ခဲ့သလို နယ်ကုန်စည်ဒိုင်တွေမှာလည်း ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ မတ်ပဲက တစ်တင်းကို ဒီတစ်ပတ်ပေါက်ဈေးက ၁၄၅၀၀ ရှိပြီး ၃၀၀ လောက်တက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၁၆၂၀၀ နဲ့ တစ်တင်းကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးကအနည်းငယ်ငြိမ်နေပါတယ်။ အိန္ဒိယနိုင်ငံကိုတင်ပို့မှုကနည်းပေမယ့် ဝယ်လက်တွေကတော့ ပုံမှန်ဝယ်ယူနေတဲ့အတွက် ဈေးကကျဆင်းမသွားပဲ အမြင့်ဈေးနဲ့ဈေးငြိမ်နေပါတယ်။ ပဲစင်းငုံနီကလည်း မေလ တစ်လလုံးမှာ ဈေးကွက်ကို အတော်ကိုင်လှုပ်သွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက ဝယ်ယူတာမလုပ်တော့ဘူးဆိုတဲ့ သတင်းတွေကြောင့်လည်း တောင်သူတွေမှာ ရသလောက်ဈေးနဲ့ ရှိတဲ့ပဲတွေကို ထုတ်ရောင်းတာတွေ လုပ်ခဲ့ပါတယ်။ ပဲအသင်းကလည်း ပဲစင်းငုံနီအစား အခြားသီးနှံတွေကိုပြောင်းစိုက်ဖို့အထိ တိုက်တွန်းမှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ပဲလုပ်ငန်းရှင်အသင်းနဲ့ အစိုးရက အိန္ဒိယအစိုးရကို တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပြီး အပေးအယူတွေပြုလုပ်ခဲ့တဲ့အတွက် လာမယ့်သုံးလအတွင်းတန်ချိန် ၂ သိန်း ပြန်လည်ဝယ်ယူမယ်ဆိုတဲ့ ထုတ်ပြန်ချက်ကြီး ထွက်လာခဲ့ပါတယ်။ ထိုထုတ်ပြန်ချက်ကြောင့် ပဲစင်းငုံနီဈေးက တစ်တန်ကို ၅ သိန်း၃ သောင်း ကျော်အထိ ဈေးပြန်လည်မြင့်တက်ခဲ့ပြီး လတ်တလော မတ်ပဲ နဲ့ဈေးအနည်းငယ်သာ ကွာဟမှုရှိနေပါတယ်။ မေလအစမှာ ပဲစင်းငုံနီ တစ်တန်ကို ၃သိန်း၅ သောင်းပေါက်ဈေးရှိခဲ့ပေမယ့် မေလအကုန်မှာတော့ တစ်တန်ကို ၅ သိန်း ၃ သောင်းအထိ ဈေးရရှိနေပြီး တစ်လအတွင်း တစ်တန်ကို၂ သိန်းနီးပါးဈေးတက်လာခဲ့ပါတယ်။ ဈေးတက်ခဲ့ပေမယ့် တောင်သူတွေလက်ထဲ ပဲမရှိတော့တဲ့အတွက် တောင်သူတွေက ဈေးကောင်းကိုတော့ မရလိုက်ပါဘူး။ ဒီတစ်ပတ် ရန်ကုန်ကုန်စည်ဒိုင်မှာ ဈေးအေးနေပေမယ့် နယ်ကုန်စည်ဒိုင်တွေမှာတော့ ဈေးတက်ခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ပဲစင်းငုံနီတစ်တင်းကို ၁၃၀၀၀ ရှိပြီး ၂၅၀ ကျော်ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁၅၈၀၀ ရှိပြီး တစ်တင်းးကို ၁၀၀၀ လောက်တက် လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၁၄၀၀၀ ရှိပြီး ၁၀၀၀ နီးပါးဈေးတက်လာပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ တစ်ပတ်နဲ့တစ်ပတ် ဈေးကအကျမရှိပဲ နယ်ကုန်စည်ဒိုင်ရော ရန်ကုန်ကုန်စည်ဒိုင်မှာပါ ဈေးကတက်နေခဲ့ပါတယ်။ နယ်ကုန်စည်ဒိုင်တွေမှာလည်း အဝင်ကပုံမှန်ရှိနေပြီး အရောင်းကလည်း ပုံမှန်ရှိနေပါတယ်။ ပြည်ပဝယ်ယူမှုကလည်း တိုးလာတဲ့အတွက် ဈေးကတက်လည်း ပုံမှန်တက်နေပါတယ်။ ဈေးအမြင့်ဆုံးရရှိတဲ့ ပဲကြီးကိုပါ ကျော်ပြီး လက်ရှိဈေးအမြင့်ဆုံး ပဲနေရာမှာ ရှိနေတယ်လို့ပြောလို့ရပါတယ်။ ပြည်ပဝယ်လိုအားတောင်ပြည့်မှီဖို့ ခက်ခဲတဲ့အခြေအနေလည်း ရှိနေပါတယ်။၂၀၁၈ က ပဲတီစိမ်းနှစ်လို့ ပြောလို့ရပါတယ်။ မေလအစမှာ ပဲတီစိမ်းက တစ်တင်းကို ၂၀၀၀၀ ကနေ ၃၈၀၀၀ ကျော်ပေါက်ဈေးရှိခဲ့ပြီး မေလကုန်မှာတော့ တစ်တင်းကို ၂၂၀၀၀ ကနေ ၄၃၀၀၀ ကျော်အထိ ဈေးက မြင့်တက်လာပါတယ်။ ပဲတီစိမ်းခရမ်းရွှေဝါကတော့ ဈေးအမြင့်ဆုံးရှိနေတာလည်း ဖြစ်ပါတယ်။ နယ်ကုန်စည်ဒိုင်တွေဖြစ်တဲ့ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်ပတ်အတွင်း တစ်တင်းကို ၁၀၀၀ ကျော်ဈေးတက်လာပြီး အနိမ့်ဆုံးဈေး ၁၈၅၀၀ ကနေ ၄၂၀၀၀ ရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာလည်း တစ်ပတ်အတွင်း တစ်တင်းကို ၂၀၀၀ ကျော်ဈေးတက်လာပြီး တစ်တင်းကို ၄၄၀၀၀ ကျော်ရှိပါတယ်။
ကုလားပဲ
ပြီးခဲ့တဲ့ မေလတစ်လလုံး ကုလားပဲဈေးကတက်ခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ကုလားပဲဈေးက ပြန်ပြီးဈေးကျဆင်းသွားခဲ့ပါတယ်။ကုန်စည်ဒိုင်တွေကို ပဲတွေက အဝင်နည်းသွားတဲ့အပြင် အရောင်း အဝယ်ကလည်း မရှိသလောက် နည်းသွားတဲ့အတွက်ဈေးက ကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ကုလားပဲ ဖြူ၊ဝါ(အကြီး၊အသေး) က တစ်တင်းကို ၂၀၅၀၀ ကနေ ၂၁၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျော်ဈေးကျဆင်းသွားခဲ့ပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၂၀၅၀၀ ကျော်ရှိပြီး တစ်တင်းကို ၁၀၀၀ နီးပါးဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၁၇၀၀ ရှိပြီး ၃၀၀ လောက်ဈေးကျဆင်းသွားခဲ့ပါတယ်။ မေလအစနဲ့နှိုင်းယှဉ်လိုက်ရင်တော့ လက်ရှိကုလားပဲ ဈေးက အတက်ဈေးမှာပဲ ရှိနေပါတယ်။
ဝတ်ရည်မွန်(AMIA)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....