ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ
(၃.၁၂.၂၀၁၈ မှ ၇.၁၂.၂၀၁၈)ထိ
ဆန်၊စပါး
ရန်ကုန်ဈေးကွက်မှာ ပေါ်ဆန်းအသစ်တွေ စတင်ဝင်ရောက်နေပြီး အရောင်းအဝယ်ကတော့ ပုံမှန် ရှိနေပါတယ်။ ဆန်ချောရောဆန်ကြမ်းအသစ်တွေပါ ဝင်ရောက်တာဖြစ်ပါတယ်။
အသစ်ဝင်ရောက်လာတဲ့ မြောင်းမြပေါ်ဆန်းသစ်ကတော့ တစ်အိတ်ကို ၃၈၀၀၀ ကနေ ၄၂၀၀၀ ကျပ်၊ ဖျာပုံပေါ် ဆန်းသစ်ကတော့ တစ်အိတ်ကို ၃၆၀၀၀ ကနေ ၃၈၀၀၀ ကျပ်၊ဒေးဒရဲပေါ်ဆန်းသစ်ကလည်း တစ်အိတ်ကို ၃၆၀၀၀ ကနေ ၃၈၀၀၀ ကျပ်၊ ပေါ်ဆန်းနယ်စုံသစ်ကလည်း တစ်အိတ်ကို ၃၃၀၀၀ ကနေ ၃၅၀၀၀ ကျပ်၊ ကြားပျံရှယ်သစ်ကလည်း တစ်အိတ်ကို ၃၅၀၀၀ ကနေ ၄၀၀၀၀ ကျပ် ရှိပြီး အချို့ ဆန်သစ်တွေကတော့ ဈေးအတက်အကျ အပြောင်းအလဲရှိနေပါတယ်
ဆန်ကြမ်းဖြစ်တဲ့ ငစိန်ကလည်း အသစ်ဝင်ရောက်လာပြီး တစ်အိတ်ကို ၁၉၀၀၀ ကနေ ၁၉၇၀၀ ကျပ်၊ ဧည့်မထအသစ်က တစ်အိတ်ကို ၂၁၀၀၀ ကနေ ၂၂၅၀၀ ကျပ်၊ ရက် ၉၀ သစ်ကလည်း တစ်အိတ်ကို ၂၁၅၀၀ ကနေ ၂၂၅၀၀ ကျပ် အသီးသီးဈေးရှိပါတယ်။ လက်ရှိမှာ အသစ်တွေကတော့ ဆက်တိုက်ဝင်ရောက်နေပြီး အဟောင်းဝင်ရောက်မှုကတော့ အလွန်နည်းသွားပါတယ်။
ပုသိမ်ဈေးကွက်မှာတော့ စပါးက အဝင်မရှိသလောက်ဖြစ်နေပြီး ဆန်ဟောင်းတွေကတော့ အဝင်နည်းပြီးဈေးက တက်လာခဲ့ပါတယ်။ ပထမတန်းစားဖြစ်တဲ့ ဧရာဝတီပေါ်ဆန်းဆန်က တစ်အိတ်ကို ၅၅၀၀၀ ရှိပြီး ၂၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းကတော့ တစ်အိတ်ကို ၅၃၀၀၀ ကျပ်ရှိပြီး ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။
ဒုတိယတန်းစားဖြစ်တဲ့ ရွှေသွယ်လေး ဆန်ကတော့ တစ်အိတ်ကို ၂၆၅၀၀ နဲ့ ၅၀၀ ကျပ်၊သီးထပ်ရင်ကတော့ တစ်အိတ်ကို ၂၆၀၀၀ နဲ့ ၅၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။
မတ်ပဲ (FAQ/RC)
မတ်ပဲက ဒီတစ်ပတ်မှာတောင်သူတွေကိုရော ကုန်သည်တွေကိုပါ အထိတ်တလန့်ဖြစ်သွားစေခဲ့ပါတယ်။ ရုတ်တရက် ဈေးထိုးကျသွားတဲ့အတွက် ပဲလှောင်တဲ့သူတွေရော ရောင်းဖို့ ပြင်ဆင်နေတဲ့ သူတွေရော ဆက်ရောင်းရမလား ထပ်ပြီးကျသွားမလားဆိုပြီး မေးခွန်းထုတ်မှုတွေ ဆက်တိုက်ကိုဖြစ်သွားပါတယ်။
အိန္ဒိယနိုင်ငံကတော့ ဆက်တိုက်ကို ပဲဝယ်ယူမှုတွေ ရှိခဲ့ပေမယ့် ပြည်တွင်းမှာ ငွေလဲလှယ်မှု နှုန်း ရုတ်တရက် ကျဆင်းသွားခဲ့တဲ့အတွက် ပဲဈေးကလည်း ရုတ်တရက်ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ သုံးရက်လောက် သို့လေ သို့လော မေးခွန်းတွေ ရှိနေပေမယ့် ရုတ်တရက်ကျဆင်းသွားတဲ့ ဒေါ်လာဈေးကို ထိန်းချုပ်တဲ့အနေနဲ့ ဗဟိုဘဏ်က ဒေါ်လာ သန်း ၃၀ ဖိုးဝယ်ယူခဲ့တဲ့အတွက် ငွေဈေးတွေ ပြန်တက်လာခဲ့ပြီး ပဲဈေးတွေလည်း ပြန်တက်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက အိန္ဒိယက ဆက်တိုက်ကို ဝယ်ယူနေတဲ့အတွက် တစ်တန်ကို ငွေကျပ် ၁ သိန်းခွဲကျော် ဈေးတက်ခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာ တစ်တန်ကို ၇၉၉၀၀၀ နဲ့ ရုတ်တရက်ပြန်ကျဆင်းသွားခဲ့ပါတယ်။
မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၄၅၀၀ နဲ့ ၄၀၀၀ ကျပ်လောက် ဈေးကျဆင်းသွားခဲ့ပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၈၀၀၀ နဲ့ ဈေးငြိမ်နေပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်း မတ်ပဲနဲ့အတူတူပဲ ဖြစ်ပါတယ်။ ငွေဈေးအပြောင်းအလဲကြောင့် ရုတ်တရက် ဈေးကကျဆင်းသွားခဲ့ပေမယ့် နှစ်ရက်အတွင်း ဈေးကပြန်တက်လာခဲ့ပါတယ်။ ပဲစင်းငုံနီကလည်း တစ်တန်ကို ၇၉၀၀၀၀ ထိ ဈေးပြန်ကျဆင်းသွားခဲ့ပါတယ်။
လက်ရှိအိန္ဒိယတင်ပို့မှုကလည်း နေ့စဉ်ကွန်တင်နာ ၁၀ လုံးလောက်သာ တင်ပို့မှုရှိနေတာကိုလည်းတွေ့ ရပါတယ်။ အိန္ဒိယက ကနဦးအစက ပဲစင်းငုံနီဝယ်ယူမှုကို သိပ်ဦးစားမပေးခဲ့ပေမယ့် တစ်ရက်ထက် တစ်ရက်ဆိုးရွားလာတဲ့ ရာသီဥတုကြောင့် အထွက်နှုန်းကျဆင်း နိုင်တဲ့ ပဲစင်းငုံနီကို ဈေးပိုပေးပြီး ဝယ်ယူနိုင်ခြေတွေရှိတဲ့အတွက် ဈေးကတော့ ဆက်ပြီးတက်နိုင်ခြေရှိတယ်လို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။
သိုလှောင်ပဲတွေကလည်းရှိနေတဲ့အတွက် လက်ရှိမှာ ဦးစားပေးဝယ်ယူမှုက မတ်ပဲသာဖြစ်နေပြီး ပဲစင်းငုံနီ ဝယ်ယူမှုကတော့ မကြာခင်များလာနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။လာမယ့် ၂၀၁၉ ကလည်း ပဲစင်းငုံနီနှစ်ဖြစ်မယ်လို့လည်း ကုန်သည်တွေက ယူဆထားပါတယ်။
မုံရွာကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တစ်တင်းကို ၂၃၅၀၀ ကျပ် နဲ့ တစ်တင်းကို ၂၅၀၀ ကျပ်၊ပခုက္ကူကုန်စည်ဒိုင် မှာ တော့ တစ်တင်းကို ၂၅၉၀၀ ကျပ် နဲ့ တစ်တင်းကို ၈၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
မြေပဲဆန်
မြေပဲဆန်ကတော့ လုံးဆန်ရော ဆီဆန်ရော ဈေးတက်နေပါတယ်။အချို့ဒေသတွေမှာတော့ လက်ကျန်တွေကနည်းပြီး အသစ်တွေကလည်း မဝင်သေးတဲ့အတွက် ဈေးကတက်နေခဲ့သလို အချို့ဒေသတွေကတော့ အသစ်တွေက ဝင်နေပေမယ့် လက်ကျန်ကိုသာ ဖြတ်နေတဲ့အတွက် အရောင်းအဝယ်က ပုံမှန်ရှိနေပြီးဈေးက ငြိမ်နေပါတယ်။
မုံရွာကုန်စည်ဒိုင်မှာ မြေပဲလုံး(လုံးဆန်)က တစ်ပိဿာကို ၂၉၀၀ ရှိပြီး ၅၀ ကျပ်၊ ဆီဆန် ကတော့ တစ်ပိဿာကို ၂၇၀၀ ကျပ် ရှိပြီး ၇၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၂၉၂၅ ကျပ်ရှိပြီး ၇၅ ကျပ်၊ ဆီဆန်ကတော့ တစ်ပိဿာကို ၂၇၀၀ ကျပ်ရှိပြီး ၂၅ ကျပ် အသီးသီးဈေးတက်လာပါတယ်။
ပြောင်း
တရုတ်နိုင်ငံကို အဓိကတင်ပို့နေတဲ့ စီပီပြောင်းကတော့ အသစ်တွေလည်း ဝင်ရောက်လာသလို တရုတ်နိုင်ငံရဲ့ အဖမ်းအဆီးတွေကြောင့် ဈေးကလည်း ကျဆင်းသွားခဲ့ပါတယ်။ တရုတ်အဖမ်းအဆီးကြောင့် တင်ပို့လို့မရတဲ့ ပြောင်းတွေက မူဆယ်ကုန်စည်ဒိုင်မှာ ကုန်လက်ကျန်တွေ များနေတာကိုလည်းတွေ့ရပါတယ်။ အဖမ်းအဆီးကြောင့် ခဏရပ်ထားရတဲ့ ပြောင်းတွေက အရည်အသွေးပိုင်းမှာ ညံ့သွားတဲ့အတွက် အရောင်းအဝယ်မှာလည်း ဈေးကျဆင်းသွားတာကိုတွေ့ရပါတယ်။
တရုတ်တွေက လက်ရှိမှာအသစ်ဝင်လာတဲ့ ပြောင်းတွေကိုသာ ဝယ်ယူနေတဲ့အတွက် ကုန်လက်ကျန်တွေများပြီး အရှုံးပေါ်နေတယ်လို့လည်း ပြောင်းကုန်သည်တွေက ပြောပါတယ်။
လားရှိုးကုန်စည်ဒိုင်မှာတော့ စီပီပြောင်းတွေက တစ်ပိဿာကို ၄၃၀ ကနေ ၅၀၀ ပေါက်ဈေးရှိနေပါတယ်။ တစ်ပိဿာကို ၅၀ ကျပ်လောက်ဈေးကျဆင်းသွားခဲ့ပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ အဝင်ကတော့ ပုံမှန်ရှိနေပေမယ့် ဈေးကတော့ အတက်အကျအပြောင်းအလဲကရှိနေပြီးဈေးက မငြိမ်ပါဘူး။ ဒီထက်လည်း ဈေးမတက်လာသလို ဆိုးရွာစွာ ဈေးထိုးကျသွားတာလည်း မရှိတာကိုလည်း တွေ့ရပါတယ်။
မိုးကြက်သွန်အသစ်တွေကလည်း နယ်ကုန်စည်ဒိုင်အချို့ကို ဝင်ရောက်လာနေပြီး အရည်အသွေးပိုင်းမှာတော့ အနည်းငယ်ညံ့နေတဲ့အတွက် အသစ်ဝင်လာတဲ့ ကြက်သွန်တွေကလည်းဈေးကောင်းမရရှိဘူးလို့ သိရပါတယ်။
ကြက်သွန်နီတွေကတော့ ဈေးအနည်းငယ်ထပ်ပြီးကျဆင်းသွားပါတယ်။ အသစ်တွေကလည်း ဒေသအချို့ကနေဝင်နေပြီး အရောင်းကလည်း နည်းနေတဲ့အတွက်ဈေးက ကျဆင်းသွားခဲ့တာပါ။ ကြက်သွန်အဝင်တော့ တစ်နေ့ကိုပိဿာချိန် ၄၀၀၀၀ နားဝင်နေပေမယ့် ဈေးကတော့ အတက်သိပ်မရှိတာကိုတွေ့ရပါတယ်။
ကြက်သွန်အဓိကထွက်တဲ့ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၆၅၀ ကနေ ၈၅၀ ရှိပြီး ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ တော့ ၆၀၀ ကနေ ၈၇၅ ကျပ်ရှိပြီး ၂၅ ကျပ်လောက်ဈေး ကျဆင်းသွားပါတယ်။
ဝတ်ရည်မွန်(AMIA)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....