ပဲမျိုးစုံဈေးကွက်သုံးသပ်ချက်
မတ်ပဲ
အရင်တပတ်ကစျေးအတက်ပြခဲ့တဲ့ မတ်ပဲက ခုတပတ်မှာ တစ်တန်ကို ၆၀၀၀၀ ကနေ ၂၀၀၀၀၀ လောက်အထိပြန်ကျဆင်းပါတယ်။
FOB စျေးနူန်းမကျပေမယ့် အိန္ဒိယက အဝယ်အေးခြင်း၊ ပြည်တွင်းမှာလည်း မတ်ပဲလက်ကျန်နည်းပြီး ကုန်စည်ဒိုင်တွေကို မတ်ပဲအဝင်နည်းခြင်း ရန်ကုန်အဝယ်အေးတာကြောင့်စျေးပြန်ကျတာ ဖြစ်တယ်လို့သိရပါတယ်။
ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ မတ်ပဲ (FAQ )တစ်တန်ကို ခုတပတ် တနင်္လါနေ့က ၃၉၄၅၀၀၀ ရှိပြီး အင်္ဂါနေ့က မတ်ပဲ (FAQ )တစ်တန်ကို ၃၉၀၆၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၃၈၆၉၀၀၀ ၊ ကြာသပတေးနေ့မှာ ၃၈၄၀၀၀၀ ကျပ်နဲ့ သောကြာနေ့မှာ ၃၈၁၀၀၀၀ ကျပ်ရှိပါတယ်။ အရင်တပတ် နဲ့ယှဥ်ရင် တစ်တန်ကို ၆၀၀၀၀ လောက်ကနေ ၂ သိန်းလောက်အထိဆက်တိုက်ပြန်ကျ လာပါတယ်။
မန္တလေးစျေးကွက်မှာလည်း မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို ၃၇၀၀၀၀ မှ ၃၇၅၀၀၀ ကျပ်ရှိလို့ အရင်တစ်ပတ်ကထက် ၁၀၀၀၀ ကျပ်ကျ ပါတယ်။
ပဲစဥ်းငုံ
ပဲစုံငုံကလည်း ခုတစ်ပတ်မှာ စျေးနူန်း ဆက်တိုက်ကျဆင်းပြီး အကျကြမ်းတဲ့အခြေအနေရှိပါတယ်။ ပဲစဥ်းငုံကို ပြည်ပတင်ပို့မှုရှိပေမယ့် ဝယ်လိုအားအေးတာကြောင့် FOB စျေးမကျပေမယ့် နိုင်ငံခြားငွေ စျေးကျတဲ့အတွက် စျေးကွက်လည်းကျဆင်းနေတာပါ။ စျေးကျသလို ပြည်တွင်းမှာလည်း ပဲစဥ်းငုံနီက လက်မရှိသလောက်ဖြစ်နေပြီးအရောင်းအဝယ်လည်းအေးပါတယ်။ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစဥ်းငုံနီ တစ်တန်ကို တနင်္လာနေ့က ၄၇၂၅၀၀၀၊ အင်္ဂါနေ့က ၄၆၀၀၀၀၀၊ ဗုဒ္ဓဟူးနေ့မှာ ၄၅၅၀၀၀၀၊ ကြာသပတေးနေ့မှာ ၄၅၀၀၀၀၀ ကျပ်၊သောကြာနေ့မှာ ၄၄၅၀၀၀၀ ကျပ်ရှိပါတယ်။ဒါကြောင့်အရက်တပတ်နဲ့ယှဥ်ရင် ခုတစ်ပတ်အတွင်းမှာ တစ်တန်ကို ၇၀၀၀၀ ကနေ ၅သိန်းလောက်အထိစျေးကျပါတယ်။
မန္တလေးစျေးကွက်မှာတော့ ခုတပတ်မှာလည်း ပဲစဥ်းငုံနီကို စျေးဖွင့်ထားခြင်းမရှိတာ တွေ့ရပါတယ်။
ကုလားပဲ
ကုလားပဲက လက်ကျန်းနည်းနေပေမယ့်လည်း ပဲခွဲစက်တွေက အဝယ်အေးနေတာကြောင့် ကုလားပဲစျေးကွက် အေးနေတဲ့အတွက် စျေးတန်းကလည်း နည်းနည်းထပ်ကျလာပါတယ်။
မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ ကုလားပဲ (V2) သုံးတင်ဝင် တစ်အိတ်က ကျပ်၊၃၁၂၀၀၀ မှ ၃၁၃၀၀၀ ကျပ်၊ ကုလားပဲ (V7) က ၃၄၅၀၀၀ ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) က ၂၈၄၀၀၀ မှ ၂၈၅၀၀၀ ကျပ်၊ ကုလားပဲ (929) က ၂၉၂၀၀၀ မှ ၂၉၃၀၀၀ ကျပ်ရှိပါတယ်။ အရင်တပတ်နဲ့ယှဥ်ရင် V2 ကအတက်အကျမရှိပေမယ့် V7 က တစ်အိတ်ကို ၁၀၀၀၀ ကျပ်ကျပြီး ကုလားပဲထိုင်ဝမ်က ၁၀၀၀ ကျပ်နဲ့ကုလားပဲ 929 ကတော့တစ်အိတ်ကို ၃၀၀၀ ကျပ် စျေးကျပါတယ်။
စားတော်ပဲ
စားတော်ပဲက ပြည်တွင်း စားသုံးမှုသာအဓိကဖြစ်လို့ ပြည်တွင်းဝယ်လိုအား၊ စားသုံးအားစသည်ဖြင့် လက်ကျန်အခြေအနေပေါ်လိုက်ပြီး စျေးက အတက်အကျ ရှိနေတာဖြစ်ပါတယ်။
ရန်ကုန်စျေးကွက်မှာ အရင်တပတ်ကစျေး အတိုင်း တစ်ပိဿာကို ၇၀၀၀ မှ ၇၆၇၀ ကျပ်နဲ့ငြိမ်နေပါတယ်။
မန္တလေးကုန်စည်ဒိုင် စျေးကွက်မှာ စားတော်ပဲ ကနေဒါက ၅၉.၂၅ပိဿာကို ၅၈၅၀၀၀ ကျပ်ရှိပြီး စားတော်ပဲ ကျွန်းက ၃၈၅၀၀၀ ကျပ်ရှိပါတယ်။ အရင်တစ်ပတ်နဲ့ယှဥ်ရင် စားတော်ပဲ ကနေဒါက ၁၀၀၀၀ ကျပ်တက်ပြီး စားတော်ပဲ ကျွန်းက ၁၀၀၀၀ လောက်ကျပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ အရင်တစ်ပတ်ကအတိုင်းစျေးဆက်ငြိမ်နေပါတယ်။ ပြည်တွင်းမှာ လက်ကျန်မရှိသလောက်နည်းနေပြီး အရောင်းအဝယ်လည်းအေးနေပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက် မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)၊ (ပဲခူးရွှေဝါ)၊ ဝါးခယ်မတို့က တစ်ပိဿာ ကို ၄၃၃၀ ကနေ ၅၈၅၀ ကြား ပေါက်ဈေးရှိနေပြီးဈေးငြိမ်နေတာ ပါ။
မန္တလေးဈေးကွက်မှာလည်း ပဲတီစိမ်း(အညာ) အသစ်က သုံးတင်းဝင်တစ်အိတ်ကို ၁၉၀၀၀၀ မှ ၂၄၀၀၀၀ ဈေးရှိပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
သီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026