ပဲမျိုးစုံ ဈေး ဆက်တိုက်တက်နေပေမယ့် စားတော်ပဲဈေးတော့အနည်းငယ် ပြန်ကျ
မတ်ပဲ
မတ်ပဲက ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် လက်ရှိအချိန်ထိ အတက်ဈေးနဲ့ ရှိနေတာ ဖြစ်ပေမယ့် FOB ပေါက်ဈေးကတော့ ဆက်တိုက်ကို ဈေးကျဆင်းနေပါတယ်။ ငွေကြေးလဲလှယ်ဈေးနှုန်းကြောင့်သာ အမြင့်ဈေးနဲ့ရှိနေတာ ဖြစ်တဲ့အတွက် လက်ရှိအခြေအနေကတော့ ပဲ ဈေးတက်တယ်လို့ ဆိုလို့ မရပါဘူး။ အရောင်းအဝယ်ကတော့ လက်ရှိငွေကြေးဈေး အခြေအနေပေါ်မူတည်ပြီး စောင့်ကြည့်နေပေမယ့် ဈေးကွက်ထဲဝင်တဲ့ ပဲအသစ်တွေကတော့ အရောင်းအဝယ်ရှိတယ်လို့ ကုန်သည်အချို့က ဆိုပါတယ်။
အိန္ဒိယနိုင်ငံတွင်းမှာတော့ မုတ်သုံမိုးအားကောင်းလာတာနဲ့အတူ မတ်ပဲ စိုက်ပျိုးမှုကလည်း တိုးနေပေမယ့် ပြီးခဲ့တဲ့နှစ်နဲ့ ယှဉ်ရင် လျော့ကျနေဆဲ အခြေအနေလို့ အိန္ဒိယသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဒါပေမယ့် လက်ရှိပြည်တွင်း ငွေကြေးဈေးကွက် မငြိမ်တာနဲ့ အိန္ဒိယနိုင်ငံတွင်း ပဲအသစ်တွေ အဝင်ရှိနေတာတွေကြောင့် အိန္ဒိယနိုင်ငံတွင်းမှာလည်း ပဲဈေးတွေက ဆက်တိုက်ကျဆင်းနေခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ ချန်နိုင်းဈေးကွက်မှာ မြန်မာ မတ်ပဲ FAQ က တစ်တန်ကို ရူပီး ၈၁၅၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်ယှဉ်ရင် တစ်တန်ကို ၃၅၀ ရူပီး ဈေးကျဆင်းပါတယ်။ မတ်ပဲ FOB ဈေးနှုန်းကတော့ တစ်တန်ကို ၈၆၀ မှ ၈၇၀ ဒေါ်လာ ပေါက်ဈေးရှိပြီး ၃၅ ဒေါ်လာ ဈေးကျဆင်းပါတယ်။
ပြီးခဲ့တဲ့ အပတ်က သောကြာနေ့က ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၆၉၂၀၀၀ ရှိ ခဲ့ပါတယ်။ တနင်္လာနေ့ မှာတစ်တန်ကို ၃၇၆၃၀၀၀၊ အင်္ဂါနေ့မှာ တစ်တန်ကို ၃၇၅၅၀၀၀ကျပ် ၊ ဗုဒ္ဓဟူးနေ့မှာ တစ်တန်ကို ၃၇၁၁၀၀၀၊ ကြာသပတေးနေမှာ တစ်တန်ကို ၃၇၃၀၀၀၀၊ သောကြာနေ့မှာ ၃၇၅၈၀၀၀ ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၆၆၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ ဒီတစ်ပတ်အတွင်းမှာတော့ ငွေကြေးဈေး အခြေအနေပေါ်မူတည်ပြီး အတက်အကျတွေက တည်ငြိမ်မှု မရှိပါဘူး။
(SQ/RC) ကတော့ တစ်တန်ကို ၄၁၄၈၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ သောကြာနေ့နဲ့ ယှဉ်ရင် တစ်တန်ကို ၇၆၀၀၀ ကျပ်ဈေးမြင့်ပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၆၂၅၀ မှ ၆၂၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၃၅ကျပ်ဈေးမြင့်တက်လာပါတယ်။
လက်ရှိ ပြည်တွင်း ငွေလဲလှယ်နှုန်းဈေးက ပြင်ပပေါက်ဈေးက ငွေကျပ် ၇၀၀၀ အောက်ရောက်ရှိနေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဗဟိုဘဏ်က ဒေါ်လာ ၉၉ သန်းကျော် ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကလည်း ဈေးမြင့်တက်လာပါတယ်။ ဈေးကွက်အတွင်း အသစ်တွေ အဝင်ရှိနေပြီး အရောင်း အဝယ်ကတော့ ပုံမှန်ရှိတယ်လို့ သိရပါတယ်။ ငွေကြေးဈေး တည်ငြိမ်မှု မရှိတာကြောင့် ဈေးကတော့ အတက်အကျ ရှိပေမယ့် နယ်ဈေးကွက်တွေ မှာတော့ ပဲတီစိမ်း ဈေးက ငြိမ်တဲ့ အခြေအနေလို့ သိရပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ပဲတီစိမ်း(ခရမ်းရွှေဝါ)၊ (ပဲခူးရွှေဝါ)၊ ဝါးခယ်မ၊ ပခုက္ကူတို့က တစ်ပိဿာ ကို ၃၂၅၀ ကနေ ၅၅၈၅ ကြားပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၅၈၅ ကျပ် ဈေးမြင့် တက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ) အသစ်က သုံးတင်းဝင်တစ်အိတ်ကို ၂၃၀၀၀၀ မှ ၂၆၅၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်အိတ်ကို ၁၅၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။

စားတော်ပဲ
ပဲမျိုးစုံ ဆက်တိုက်ဈေးမြင့်တက်နေပေမယ့် စားတော်ပဲက ဈေးအနည်းငယ် ပြန်ကျဆင်းသွားပါတယ်။ ဈေးကွက်အတွင်း စံချိန်တင် ဈေးမြင့်တက်နေတာကြောင့် ဝယ်ယူမှုလျော့သွားပြီး အရောင်းအဝယ်လည်း အေးသွားတယ်လို့ သိရပါတယ်။ စားတော်ပဲအစား ကုလားပဲ အစားထိုး အသုံး ပြုတာတွေရှိတယ်လို့သိရပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၅၈၃၀ မှ ၇၃၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၅၀ ကျပ်ဈေးတက်ပါတယ်။
မန္တလေးဈေးကွက်မှာတော့ စားတော်ပဲတစ်အိတ်ကို ၃၆၀၀၀၀ မှ ၄၈၀၀၀၀ ကြား ရှိပြီးတစ်အိတ်ကို ၂၀၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။
အာလူး
ဆက်တိုက်ဈေးမြင့်တက်နေတဲ့ အာလူးဈေးလည်း အနည်းငယ်ပြန်ကျဆင်းသွားပါတယ်။ ဈေးကွက်ထဲ အဝင် ပုံမှန်ရှိပေမယ့် အဝယ်လျော့သွားတဲ့အတွက် ဈေးပြန်ကျဆင်းသွားတာလို့သိရပါတယ်။ ဈေးကွက်ထဲကို တရုတ်အာလူးတွေအပြင် ရှမ်းအာလူးတွေပါ အဝင်ရှိနေပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ တရုတ်အာလူးက တစ်ပိဿာကို ၄၇၀၀ မှ ၅၀၀၀ ကြားရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးကျဆင်းပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ပြည်တွင်းသီးနှံဈေးကွက်
အေးထွန်းလင်း
လွန်ခဲ့သော ၁ နှစ် ကပြေားဖူး ဈေးနူန်းလည်းတင်ပြပေးပါအုံးနော်တောင်ကြီးဘက်ကပါ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026