စပါးဈေးတွေကျလာပြီး ပြောင်း၊ မတ်ပဲ၊ ပဲစဉ်းငုံတို့ စျေးတက် (၂၀ -၂၄. ၁.၂၀၂၅အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်)
ဒီတစ်ပတ်မှာတော့ ပြောင်း၊ မတ်ပဲ၊ ပဲစဥ်းငုံ စျေးတက်လာပြီး စပါးစျေးကွက်နဲ့ ပဲပုပ်စျေးကျပါတယ်။
စပါး
စပါးစျေးကွက်ကတော့ စျေးတန်းကျဆင်းနေတဲ့အပြင် ကုန်သည်တွေက စပါး အဝယ်တွေ ရပ်ထားကြပါတယ်။ ပြည်ပတင်ပို့နေတဲ့ ဆန်တွေစျေးကျလာတာကြောင့် ကုန်သည်တွေက ဆန်အဝယ်ရပ်လိုက်တဲ့အတွက် ကုန်သည်ကြီးတွေ၊ ဆန်စက်ပိုင်တွေကလည်း စပါးဝယ်ယူမှုကို ရပ်နားမှုရှိနေတာဖြစ်ပါတယ်။
အရင်က စပါးတင်းတစ်ရာကို ၂၃ သိန်းကျပ်နှုန်း ရရှိတဲ့စပါးတွေက လက်ရှိမှာ သိန်း၂၀အောက်ထိစျေး ကျနေတာဖြစ်ပါတယ်။
စလင်းနဲ့ကုန်းဇောင်းကထွက်တဲ့ ဧရာပဒေသာ စပါးအဟောင်းတွေဆိုရင်လည်း ၃၂ သိန်းကနေ ၃၅ သိန်း ကျပ်သာရှိပါတယ်။ ဧရာဝတီပေါ်ဆန်းအသစ်တွေလည်း ၂၇ သိန်းကျပ်ဝန်းကျင်သာရှိနေပါတယ်။
မတ်ပဲ
မတ်ပဲကတော့ ဒီတစ်ပတ်မှာ အကျရပ်သွားပြီး စျေးတန်းအတက်ပြလာတာတွေ့ရပါတယ်။ အိန္ဒိယက အဝယ်အေးပေမယ့်လည်း ရန်ကုန်လှောင်သမားတွေအဝယ်ရှိသလို နယ်လှောင်လက်သမားတွေဝယ်ယူခြင်း၊ ပဲခွက်စက်တွေဝယ်ယူမှုရှိတာကြောင့်စျေးတန်းပြန်မာလာတဲ့အခြေအနေရှိပါတယ်။
မတ်ပဲအသစ်တွေကတော့မန္တလေးကုန်စည်ဒိုင်၊ ပြည်၊ အောင်လံ၊ ဟင်္သာတကုန်စည်ဒိုင်တွေကို ဝင်ရောက်မှုရှိနေပါတယ်။
ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ တနင်္လာနေ့က မတ်ပဲ (FAQ )တစ်တန်ကို ၂၉၇၇၀၀၀ ကျပ်သာရှိပြီး သောကြာနေ့မှာ ၃၀၈၂၀၀၀ ကျပ်ရှိပါတယ်။ တစ်ပတ်အတွင်း ၁ သိန်းကျော်လောက် တက်လာပါတယ်။
မန္တလေးစျေးကွက်မှာလည်း စျေးတက်လာပါတယ်။ မတ်ပဲ ပိဿာ ၆၀ အသစ်က ၂၇၅၀၀၀ မှ ၂၈၅၀၀၀ ကျပ်ရှိပြီး ၁၀၀၀၀ မှ ၂၀၀၀၀ ကျပ်လောက်တက်ပါတယ်။
ပဲစဥ်းငုံ
စျေးဆက်တိုက်ကျခဲ့တဲ့ ပဲစဥ်းငုံကလည်း ဒီတစ်ပတ်မှာတော့ အကျရပ်သွားပြီးစျေးပြန် တက်လာပါတယ်။ မြန်မာပဲစဥ်းငုံများ အိန္ဒိယနိုင်ငံကိုအခွန်ကင်းလွတ်ခွင့်နဲ့ လွတ်လပ်စွာတင်သွင်းခွင့်ကို ၂၀၂၆ ခုနှစ်မတ်လ ၃၁ ရက်အထိ အိန္ဒိယက သက်တမ်းထပ်တိုးခွင့်ပြုလိုက်ပြီးနောက်မှာ ပဲစဥ်းငုံစျေးခု လိုပြန်တက်လာတာဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ပဲစဥ်းငုံနီ တစ်တန် ကို ၂၈၈၀၀၀၀ ကျပ်သာရှိပြီး သောကြာနေ့ မှာ ၃၀၃၀၀၀၀ ကျပ်ရှိတာကြောင့် တစ်ပတ်အတွင်းမှာ ၁၅၀၀၀၀ လောက်အတက်ပြခဲ့ပါတယ်။
မန္တလေးစျေးကွက်မှာလည်း ပဲစဥ်းငုံနီ ပိဿာ ၆၀ တစ်အိတ်ကို ၂၈၅၀၀၀ မှ ၂၈၈၀၀၀ကျပ်ရှိပြီး အရင်အပတ်ကထက် ၁၀၀၀၀ မှ ၁၄၀၀၀ ကျပ်တက်လာပါတယ်။
ပြောင်း
အရင်အပတ်က ကျရိပ်ပြခဲ့တဲ့ ပြောင်းကလည်း ဒီတစ်ပတ်မှာ စျေးတက်လာပါတယ်။ ပြောင်းဆံကို ပြည်ပဝယ်လိုအားရှိလို့ စျေးတက်လာတာဖြစ်ပါတယ်။ ပြည်ပတင်ပို့မှုအတွက် အရည်အသွေးကောင်းတဲ့ ပြောင်းဆံတွေက စျေးကောင်းရနေတာဖြစ်ပါတယ်။
ဒီတစ်ပတ်ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာပြောင်းဆံ တစ်ပိဿာကို ၁၆၇၀ မှ ၁၆၉၀ ကျပ်အထိရှိလာပါတယ်။ အရင်အပတ်ကထက် တစ်ပိဿာ ကို ၃၀ ကျပ်တက်လာပါတယ်။
မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာလည်း စျေးတက်ပါတယ်။ ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၈၂၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)နဲ့ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၈၃၀၀၀ မှ ၈၄၀၀၀ ကျပ် စျေးရှိပြီး အရင်အပတ်ကထက် ၂၀၀၀ မှ ၃၀၀၀ ကျပ်တက်လာပါတယ်။

ပဲပုပ်
ပဲပုပ်( မြန်မာ)ကစျေးကျသွားပြီး ပဲပုပ်(ရှမ်း)ကစျေးငြိမ်နေပါတယ်။ ပဲပုပါ(မြန်မာ)က ကုန်စည်ဒိုင်တွေကို ဆောင်းပဲအသစ်တွေ ဝင်ရောက်မှုရှိခြင်းကြောင့် စျေးကျနေတာဖြစ်ပါတယ်။ ပဲပုပ်(ရှမ်း) ကတော့ စျေးကွက်အတွင်းကို ပဲအသစ်မဝင်သေးခြင်း၊ ဆီစက်သမားအဝယ်နည်းခြင်း၊ လက်ကျန်နည်းခြင်းကြောင့် စျေးငြိမ်နေတာပါ။
မန္တလေးကုန်စည်ဒိုင်မှာ ပဲပုပ်(မြန်မာ) သုံးတင်းတစ်အိတ်ကို ၃၁၅၀၀၀ ကျပ်သာရှိလို့ အရင်အပတ်ကထက် ၈၅၀၀၀ ကျသွားပါတယ်။ပဲပုပ်(ရှမ်း)ကတော့ ၃၂၀၀၀၀ မှ ၃၃၀၀၀၀ နဲ့စျေးငြိမ်နေပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ပြည်တွင်းသီးနှံဈေးကွက်
မျိုးမင်းအောင်
လွန်ခဲ့သော ၁ နှစ် ကု
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026