ပိဿာ၂၀ တစ်တင်းကို ကျပ် ၉၀၀၀၀ အောက် ကျဆင်းမယ့် အခြေအနေမရှိတဲ့မတ်ပဲအပါအဝင် ဈေးကွက်ပျက်နေတဲ့ ခရမ်းချဉ်နဲ့ ပန်းဂေါ်ဖီ
မတ်ပဲ၊ ပဲစဥ်းငုံနီစျေးကွက် ထပ်မံကျဆင်းသလို ပြောင်းဆံ၊ ပဲတီစိမ်း စျေးကွက်လည်း ထပ်ကျလာပါတယ်။
မတ်ပဲ
မတ်က အိန္ဒိယဘက်က အဝယ်အေးသွားတဲ့အတွက် ဒီတစ်ပတ်အတွင်း စျေးတွေဆက်တိုက်ကျ ဆင်းလာပါတယ်။ အိန္ဒိယဘက်က မတ်ပဲအဝယ်အေးသွားတဲ့အပြင် ပြည်တွင်းမှာ ပို့ကုန်ရငွေအပေါ် မူဝါဒပြောင်းလဲမှုအချို့ကိုပါ လုပ်ဆောင်လာတာကြောင့် ကုန်သည်တွေကပါစျေးချဝယ်နေတဲ့အတွက် မတ်ပဲ စျေး ဆက်တိုက်ကျဆင်းလာတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အိန္ဒိယဘက်က မတ်ပဲကို လိုအပ်ချက်ရှိနေသေး တဲ့အတွက် မြန်မာ့မတ်ပဲစျေးကွက်က ပိဿာ၂၀ တစ်တင်းကို ကျပ် ၉၀၀၀၀ အောက် ကျဆင်းမယ့် အခြေအနေမရှိဘူးလို့သိရပါတယ်။
ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ မတ်ပဲ တစ်တန်ကို ၂၉၈၀၀၀၀ ကျပ် ရှိပါတယ်။ ပြီးခဲ့တဲ့အပတ် စျေးကွက်နဲ့ယှဥ်ရင် ၄၀၀၀၀ ကျပ် ဈေးကျဆင်းလာတာ ဖြစ်ပါတယ်။
အလားတူ မန္တလေးစျေးကွက်မှာလည်း မတ်ပဲ အရည်အသွေးအလတ်တာက ပိဿာ ၆၀ ကို ၂၆၅၀၀၀ ကျပ်၊ မတ်ပဲအရည်အသွေး အကောင်း က ပိဿာ ၆၀ ကို ၂၇၀၀၀၀ ကျပ် စျေးပေါက်နေတာကြောင့် ဒီတစ်ပတ် မှာ တစ်အိတ်ကို ၅၀၀၀ လောက်စျေးကျလာပါတယ်။
နယ်ကုန်စည်ဒိုင်တွေမှာလည်း မတ်ပဲ ပိဿာ ၂၀ ကို မြို့နယ်အလိုက် ၉၄၅၀၀ ကျပ်သာရှိပြီး တစ်တင်းကို ၃၀၀၀ လောက်ထပ်ကျလာပါတယ်။
ပဲစဥ်းငုံနီ
ပဲစဥ်းငုံနီကလည်း ဒီတစ်ပတ် ပြည်တွင်း ပဲမျိုးစုံ စျေးကွက်မှာ စျေးတွေထပ်ကျ လာတာတွေ့ရပါ တယ်။
အိန္ဒိယဘက်က ပဲစဥ်းငုံနီ အဝယ်အေးသွားတဲ့အပြင် ပဲစဥ်းငုံနီကို မြန်မာကနေ ဝယ်ယူမှုအပေါ် မူဝါဒပြောင်းလဲပြီး စျေးသတ်မှတ်တာတွေလုပ်ဖို့ စီစဥ်နေတယ်ဆိုတဲ့သတင်းကြောင့် အဝယ်အေးပြီး စျေးတွေ ကျလာတာဖြစ်ပါတယ်။
ဒါ့အပြင် ပြည်တွင်းမှာလည်း ပို့ကုန်ရငွေအပေါ်မူဝါဒ ပြောင်းလဲသတ်မှတ်မှုအချို့ရှိခဲ့တဲ့အတွက် ပဲစဥ်းငုံနီစျေးက ဆက်တိုက် ကျဆင်းလာတာဖြစ်ပါတယ်။
ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၃၇၀၀၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အ ပတ်က ထက် တစ်တန်ကို ၄၇၀၀၀ ကျပ် ဈေးကျဆင်းလာပါတယ်။
အလားတူ မန္တလေး စျေးကွက်မှာလည်း ပဲစဥ်းငုံ နီ တစ်အိတ်ကို ၃၄၉၀၀၀ မှ ၃၅၀၀၀၀ ကျပ် စျေးပေါက်ပြီး ၁၆၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပဲတီစိမ်းစျေးကွက်
ပဲတီစိမ်းကလည်း ဒီတစ်ပတ် ရန်ကုန် စျေးကွက်မှာ စျေးကျလာပြီး မန္တလေးစျေးကွက်မှာ စျေးငြိမ်နေ တာတွေ့ရပါတယ်။
ပဲတီစိမ်း အသစ်တွေ နယ်အစုံကနေ ကုန်စည်ဒိုင်တွေကို အများအပြား ဝင်ရောက်နေမှုရှိနေ ပြီး တရုတ် က ဝယ်လိုအားအေးသွားသလို ပို့ကုန်ရငွေ ဂယက်ကြောင့် ပဲတီစိမ်းက အရောင်းအဝယ် အေးနေပြီး ဈေးကျဆင်းလာတာ ဖြစ်ပါတယ်။
ပဲတီစိမ်း က ထပ်ပြီး ဈေးကျဆင်းနိုင်ဦးမယ်လို့ ကုန်သည်အချို့ ခန့်မှန်းမှုတွေ ရှိနေပြီး လက်ရှိသယ်ယူပို့ဆောင်ရေးအခြေအနေ ပြောင်းလဲနေတဲ့ မူဝါဒတွေကြောင့် ဈေးက ထပ်ပြီး ကျဆင်းနိုင်ခြေ တွေ ရှိတယ်လို့ သုံးသပ်ရပါတယ်။
ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင် မှာ ပဲတီစိမ်း ခရမ်းရွေဝါ တစ်ပိဿာကို ၄၂၅၀ ကျပ် ၊ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၄၀၀၀ ကျပ် နဲ့ပဲတီစိမ်း ဝါးခယ်မက တစ်ပိဿာကို ၃၁၆၅ မှ ၃၄၂၀ ကျပ် ရှိပြီး ပြီးခဲ့တဲ့အပတ်က ထက် တစ်ပိဿာကို ၂၅၀ မှ ၄၆၅ ကျပ်လောက် စျေးကျသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ) ပိဿာ ၅၆.၂၅ တစ်အိတ်ကို ၁၅၅၀၀၀ မှ ၁၈၅၀၀၀ ကျပ်နဲ့ စျေးငြိမ်ပါတယ်။
ပြောင်းဆံ
ပြောင်းဆံကလည်း ဒီတစ်ပတ်မှာ စျေးတွေ ထပ်ကျဆင်းနေပြီး အရောင်းအဝယ် မရှိသလောက်ဖြစ်နေပါတယ်။ ပြောင်းဆံစျေး ကျနေတာကြောင့် ကုန်သည်တွေက ဝယ်လိုအားနည်းနေပြီး ရှမ်းပြည်နယ်ဘက်မှာဆိုရင် အဝယ်မရှိသလောက်ဖြစ်နေတယ်လို့ တောင်သူကုန်သည်တွေထံကနေ သိရပါတယ်။
အလားတူ ပြောင်းဆံကလည်း ပြည်ပပို့ကုန်ရငွေ အပေါ်ပြောင်းလဲမှုအချို့ လုပ်လိုက်တဲ့အတွက်ကြောင့် ခုလို စျေးကွက်ကျဆင်းလာနေတာဖြစ်ပါတယ်။ဒါပေမယ့် ထိုင်းနိုင်ငံကို အခွန်ကင်းလွတ်ခွင့်ပေးပြီး တင်ပို့ခွင့် ရှိနေတာဖြစ်ပြီး လမ်းခရီးအခြေအနေပေါ်မူတည်ပြီး ဈေးအပြောင်းအလဲ ဖြစ်နိုင်တဲ့အတွက် ပြောင်းဆံကလာမယ့် ကာလတိုအတွင်း တက်နိုင်ခြေရှိတယ်လို့ ပြောင်းကုန်သည်အချို့က ခန့်မှန်းထားပါတယ်။
ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ ပြောင်းဆံတစ်ပိဿာကို ၁၀၄၀ မှ ၁၀၆၀ ကျပ်သာရှိပြီး ပြီးခဲ့တဲ့အပတ်ကထက် တစ်ပိဿာကို ၄၀ ကျပ် စျေးထပ်ကျသွားတာဖြစ်ပါတယ်။
မန္တလေးစျေးကွက်မှာလည်း ပြောင်း ( CP)တစ်အိတ်ကို ၅၁၀၀၀ ကျပ်၊ ပြောင်း (ဗမာ)တစ်အိတ်ကို ၄၉၀၀၀ မှ ၅၀၀၀၀ ကျပ်၊ပြောင်း (ရှမ်း)တစ်အိတ်ကို ၅၁၀၀၀ ကျပ် စျေးပေါက်ပြီး တစ်အိတ်ကို ၁၀၀၀ မှ ၁၅၀၀ ကျပ် စျေးထပ်ကျပါတယ်။

ပန်းဂေါ်ဖီ
ပန်းဂေါ်ဖီကတော့ စျေးကွက်ပျက်နေပြီး ခြံပိုင်ရှင်တွေမှာ တစ်ပွင့် ၁၀၀ ၊ ၂၀၀ ကျပ်နဲ့သာ ရောင်းချနေကြရတယ်လို့ သိရပါတယ်။
ဝယ်လိုအားနည်းပြီး ရောင်းလိုအားများနေခြင်း၊ သယ်ယူပို့ဆောင်ရေးစရိတ် အလုပ်သမားငှားခစရိတ်တွေကုန် ကျမှုများတဲ့ အပြင် နယ်စုံကနေ ပန်းပွင့်တွေ ဈေးကွက်ထဲ ဝင်ရောက်မှုရှိတာကြောင့် ပန်းပွင့်စျေးက ကျဆင်းနေတာဖြစ်ပါတယ်။
ရှမ်းပြည်နယ် အောင်ပန်းကုန်စည်ဒိုင်ရောင်းစျေးမှာ ပန်းပွင့် (ချိန်းထုပ်) တစ်ပွင့် ၃၀၀ ကျပ်၊ ပန်းပွင့် အလတ်စ တစ်ပွင့် ၂၅၀ ကျပ်သာ စျေးရှိပါတယ်။
ဂေါ်ဖီထုပ်
အလားတူ ဂေါ်ဖီထုပ်ကလည်း စျေးကျဆင်းနေတဲ့အပြင် ဝယ်လိုအားလည်း လျော့ကျလာနေပါတယ်။ ဂေါ်ဖီထုပ်ကလည်း ရှမ်းပြည်နယ်ကနေ အခြားဒေသတွေကို တင်ပို့ရောင်းချရမှုလျော့ ကျလာတာကြောင့် ပြည်နယ်တွင်း ဂေါ်ဖီထုပ်စျေးကွက်ကကျဆင်းလာနေတာဖြစ်ပါတယ်။
အောင်ပန်းကုန်စိမ်းပွဲရုံတွေမှာ ဂေါ်ဖီထုပ် (ချိန်းထုပ်) ၂ ပိဿာနီးပါးခန့် တစ်ထုပ်ကို ၅၀၀ ကျပ်သာရှိပြီး ဂေါ်ဖီထုပ် အလတ်ဆိုဒ် ၁ ပိဿာအောက်ခံကိုမှ ၃၀၀ ကျပ် သာစျေးရှိနေပါတယ်။
ခရမ်းချဥ်သီး
ခရမ်းချဥ်သီးကတော့ ရှမ်းကုန်စိမ်းသီးနှံတွေထဲမှာ စျေးအကျဆုံးသီးနှံတစ်ခုဖြစ်နေပါတယ်။ လတ်တလောမှာ ရှမ်းထွက်ခရမ်းချဥ်သီးတွေကို ဝယ်ယူမှု လျော့လာတာကြောင့် ကုန်စိမ်းပွဲရုံ အချို့ခရမ်းချဥ်သီး အဝယ်ကိုရပ်နားထားကြပါတယ်။
ခရမ်းချဥ်သီး ခြံပြတ်စျေးက တစ်ပိဿာကို ၁၀၀ လောက်သာရပြီး ခြံကနေ ပွဲရုံအရောက်စျေးက တစ်ပိဿာကို ၃၀၀ ၊ ၄၀၀ ကျပ်သာအများဆုံးစျေးရကြပါတယ်။
အောင်ပန်းပွဲရုံအချို့မှာတော့ ခရမ်းချဉ် ဂွတ်ရှယ်သီး တစ်ပိဿာကို ၇၀၀ ကျပ်၊ ခရမ်းချဉ် ရှယ်သီး တစ်ပိဿာ ၅၀၀ ကျပ်၊ ခရမ်းချဉ် အသေးဆုံးသီး တစ်ပိဿာ ၃၀၀ ကျပ်၊ ထိုင်ဝမ်ခရမ်းချဉ်သီး တစ်ပိဿာ ၈၀၀ ကျပ်၊ ခရမ်းချဉ် အစိမ်းသီးအကြီးဆုံးဆိုဒ် ၅၀၀ ကျပ်၊ခရမ်းချဉ် အစိမ်းသီးအလတ်ဆိုဒ်၄၀၀ ကျပ်၊ ခရမ်းချဉ်သီးအစိမ်းအသေးဆိုဒ် ၃၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။
ရန်ကုန်လက်ကားဈေးကွက်မှာတော့ တစ်ပိဿာကို ၁၀၀၀ ကျပ်ပေါက်ဈေးရှိနေပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026