သီးနှံဈေးကွက်သုံးသပ်ချက်
နိုင်ငံခြာငွေလဲနှုန်းတည်ငြိမ်ပြီး ပြည်ပ၀ယ်လိုအား သိသာစွာမပြောင်းလဲသော်လည်း လယ်ယာထွက်ကုန်များ၏ ပြည်တွင်းဈေးက အနည်းငယ်အပြောင်းအလဲများ ရှိနေသည်။
ပဲစင်းငုံ (နီ)
အိန္ဒိယ၀ယ်လိုအားပေါ် အဓိထားသော ပဲစင်းငုံ(နီ)က ယခုရက်သတ္တပတ် ပြည်တွင်းဈေး ကျဆင်းသွားသည်။ အိန္ဒိယတွင် မိုးများပြီး ပဲစင်းငုံစိုက်ခင်းများ ပျက်ဆီးသည့် သတင်းများကြောင့် မြန်မာ့ဈေးကွက်တွင် အောက်တိုဘာ လလယ်ပိုင်းမှ နို၀င်ဘာလ ပထမရက်သတ္တပတ်အထိ ပြည်တွင်းဈေးသာမက ပြည်ပရောင်းချသည့် FOBဈေးပါ မြင့်တက်ခဲ့သည်။
သို့သော် ယခုရက်သတ္တပတ်တွင် ပဲစင်းငုံ(နီ)FOBဈေးက တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၆၇၀/၆၈၀ ဖြင့် ဈေးငြိမ်နေသော်လည်း ပြည်တွင်းဈေးကျဆင်းလာသည်။ အိန္ဒိယ ပြည်တွင်း ပဲစင်းငုံဈေးကလည်း ယခုလတွင်ကျဆင်းနေသည်ဟု အိန္ဒိယမီဒီယာ အချို့၏ သတင်းများတွင်ဖော်ပြကြသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ ပဲစင်းငုံ(နီ) ပြည်တွင်းဈေးက ရန်ကုန်ဈေးကွက်တွင် တစ်တန်လျှင် ကျပ်၂,၆၁၅,၀၀၀မှ ကျပ်၂,၅၉၇,၀၀၀သို့ကျဆင်းလာသည်။ ထို့အတူ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးဈေးကွက်တွင် ပဲစင်းငုံ(နီ)က တစ်တန်လျှင် ကျပ်၂,၅၅၀,၀၀၀ကျော်မှ ၂,၅၀၀,၀၀၀ကျော်သို့ ဈေးကျဆင်းသည်။
ပဲစင်းငုံ ပြည်တွင်းဈေးကျလာချိန် မတ်ပဲပြည်တွင်းဈေးက အနည်းငယ်အပြောင်းအလဲရှိသည်။ သို့သော် အိန္ဒိယမှ ၀ယ်လိုအားလျော့ခြင်းကြောင့် မတ်ပဲ FOB ဈေးက ပြီးခဲ့သည့် ရက်သတ္တပတ်ထက် တစ်တန်လျှင် ၅ ဒေါ်လာဈေးကျသွားသည်။
မတ်ပဲ
မတ်ပဲကို အိန္ဒိယအစိုးရက ၂၀၂၅-၂၆ဘဏ္ဍာနှစ် တစ်နှစ်တာ ပြည်ပမှ လွတ်လပ်စွာတင်သွင်း ခွင့်ပြုထားသော်လည်း အိန္ဒိယပြည်တွင်းပဲကျန်နှင့် ဈေးထိန်းရန်အတွက် ပြည်ပမှ မတ်ပဲတင်သွင်းမှု လျော့နည်းခဲ့သည်။ ထိုအခြေအနေက အိန္ဒိယနိုင်ငံကို အဓိကထား မတ်ပဲရောင်းချနေသော မြန်မာနိုင်ငံအနေဖြင့် ဈေးနှုန်းကျဆင်းမှု၊ ဈေးနှုန်းပြောင်းလဲမှုများကြုံခဲ့ရသည်။ ယခုရက်သတ္တပတ် မတ်ပဲ FAQဈေးက ပြည်ပရောင်း ချသည့် FOB ဈေး တစ်တန်လျှင် ဒေါ်လာ ၆၉၅/၇၀၅မှ ၆၉၀/၇၀၀သို့ ဈေးကျသွားသည်။ ထို့အတူ မတ်ပဲ SQ ကလည်း တစ်တန်လျှင် ဒေါ်လာ၇၇၀/၇၈၀မှ ၇၆၅/၇၇၅ သို့ ကျဆင်းသည်။ ပြည်ပဈေးကျဆင်းသော်လည်း ပြည်တွင်းဈေးက ရက်သတ္တပတ်အတွင်း မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၂,၆၁၀,၀၀၀ မှ ၂,၆၂၄,၀၀၀အထိမြင့်ပြီး ကျပ် ၂,၆၁၅,၀၀၀ သို့ ပြန်ကျလာသည်။
ပဲတီစိမ်း
တရုတ်နိုင်ငံသို့တင်ပို့သော ပဲတီစိမ်းများ ပိုးသတ်ဆေးဓာတ်ကြွင်းကြောင့် ပြန်ပေးပို့ခံရသည့်ဖြစ်စဉ် အပြီး ပြည်တွင်း ဈေးကွက်တွင် ပဲတီစိမ်းဈေး ဆက်တိုက်ကျဆင်းခဲ့သည်။ သို့သော် ပြီးခဲ့သည့် အောက် တိုဘာတွင် ဈေးကျဆင်းမှု တန့်ခဲ့ပြီး နို၀င်ဘာ ဒုတိယရက်သတ္တပတ်တွင် အမျိုးအစားအလိုက် ဈေးထပ် မံကျဆင်းလာသည်။
မိုးရာသီစိုက်ပျိုးသည့် ပဲတီစိမ်းများဈေးကွက် ၀င်လာချိန်တွင် ရန်ကုန်ဈေးကွက်၌ ပဲတီစိမ်း ခရမ်းရွှေဝါနှင့် ပဲခူးရွှေဝါက တစ်ပိဿာ လျှင် ကျပ် ၅,၉၁၅မှ ကျပ်၅,၇၅၀ သို့ကျဆင်းပြီး ပဲတီစိမ်း(ဝါးခယ်မ) FAQက တစ်ပိဿာ ကျပ် ၆,၂၅၀/၆,၂၇၀မှ ကျပ် ၆,၀၀၀/၆,၁၀၀သို့ဈေးကျလာသည်။ ပဲတီစိမ်း (အညာ)တစ်ပိဿာ ကျပ်၅,၁၆၅/ ၅,၁၈၅ဖြင့်ဈေးငြိမ်နေပါသည်။ မန္တလေးဈေးကွက်တွင် ပဲတီစိမ်း(အညာ)သစ်က တစ် တန်လျှင် ကျပ် ၃,၇၁၀,၀၀၀ကျော်မှ ၃,၇၅၀,၀၀၀ ကျော်သို့ဈေးပြောင်းလဲသည်။

ပြောင်း
ပြောင်းတိုးမြှင့်၀ယ်ယူပေးရန် မြန်မာနိုင်ငံ၏ ကမ်းလှမ်းချက်ကို အိန္ဒိယမှ ပယ်ချသာသည့် သတင်းများ ထွက်လာသည့်ယခုရက်သတ္တပတ်တွင် မြန်မာနိုင်ငံ၏ ပြည်ပပြောင်း FOB ဈေးက တစ်တန်လျှင် ၅ ဒေါ်လာ ဈေးကျသည်။ ပြောင်းFOBဈေးက တစ်တန်လျှင် ဒေါ်လာ ၂၃၅/၂၄၅မှ ၂၃၀/၂၄၀သို့ ပြောင်းလဲသွားသည်။
ပြည်ပပြောင်းဈေးကျဆင်းသွားသော်လည်း ယခုရက်ပိုင်း ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းတင်ပို့ရန် သင်္ဘောများအ၀င်ရှိနေခြင်းကြောင့် ရန်ကုန်ဈေးကွက်တွင်ပြည်တွင်း ပြောင်းဈေးများ တည်ငြိမ်နေသည်။
သို့သော် မန္တလေးဈေးကွက်တွင် ပြောင်းဈေးက ရှမ်းပြောင်းတစ်တန်လျှင် အမြင့်ဆုံး ကျပ် ၈၈၄,၀၀၀ ကျော် မှ ၈၁၆,၀၀၀ သို့ကျဆင်းပြီး၊ CPပြောင်းသစ်ကလည်းတစ်တန် ကျပ်၈၈၄,၀၀၀ ကျော်မှ ၈၁၆,၀၀၀ ကျော် သို့ကျဆင်းလာသည်။
နှမ်း
တရုတ်အပါအ၀င် ပြည်ပနိုင်ငံအချို့မှ ၀ယ်လိုအားလျော့နေခြင်းကြောင့် ပြည်တွင်းနှမ်းဈေး ကျဆင်းလာသည်။ သို့သော် ပြည်ပရောင်းချသည့် နှမ်းFOB ဈေးက တက်ဈေးတွင် တည်ငြိမ်နေသည်။
ယခုရက်သတ္တပတ် နှမ်းFOBဈေးက နှမ်းနက်(စမုံ) တစ်တန်လျှင် ဒေါ်လာ ၂,၆၄၅/၂,၆၆၅၊ နှမ်းဖြူ တစ်တန်လျှင် ဒေါ်လာ၁,၀၉၅/၁,၁၀၅ဈေးဖွင့်သည်။ ပြည်တွင်းနှမ်းဈေးက မန္တလေးဈေးကွက်တွင် နှမ်း နက်(စမုံ) တစ်တန်လျှင် ကျပ်၁၀၆သိန်းကျော်မှ ၁၀၄သိန်းကျော်၊ နှမ်းဖြူ(ဂျပန်)တစ်တန်လျှင် ကျပ် သိန်း၄၀ကျော်မှ ကျပ်၃,၉၄၀,၀၀၀ကျော်သို့ ကျဆင်းသည်။
မြေပဲ
ပြည်တွင်း၀ယ်လိုအားဦးဆောင်နေသည့် မြေပဲက ယခုရက်သတ္တပတ်တွင် အမျိုးအစားအလိုက် ဈေးနှုန်း အနည်းငယ်ပြောင်းသည်။ပြည်ပ၀ယ်လိုအားနည်းခြင်းကြောင့် ရန်ကုန်ဈေးကွက်တွင် မြေပဲလုံးဆန်ဈေး တစ်တန်လျှင် ဒေါ်လာ ၁,၃၅၅/၁,၃၆၅ဖြင့် ဈေးငြိမ်နေသည်။
သို့သော် ပြည်တွင်းဆီစက်လုပ်ငန်းများနှင့် လုပ်ငန်းသုံးကုန်ကြမ်းအတွက် ၀ယ်လိုအားပေါ်မူတည်ပြီး ပြည်တွင်းမြေပဲဈေးက အချို့သောအမျိုးအစားဈေးတက်၍ အချို့ကဈေးပြန်ကျသည်။ မန္တလေးဈေးကွက် တွင် မြေပဲ S1လုံးဆန် တစ်တန်လျှင် ကျပ် ၅,၁၇၀,၀၀၀ ကျော်မှ ၅,၁၄၀,၀၀၀ ကျော်သို့ ဈေးပြောင်းပြီး S1ဆီဆန်က တစ်တန် ကျပ် ၄,၇၄၀,၀၀၀ ကျော်မှ ၄,၇၇၀,၀၀၀ကျော်သို့ ဈေးတက်သည်။ မြေပဲအနီ လုံးဆန်က ကျပ်၅,၁၄၀,၀၀၀ကျော်မှကျပ်သိန်း၅၀ကျော်သို့ ဈေးကျဆင်းသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ပြည်တွင်းသီးနှံဈေးကွက်
Topic 2
သီးနှံဈေးကွက်
KO ZAW MIN AUNG
လွန်ခဲ့သော ၈ လ ကမတ်ပဲဈေးလေသိချင်ပါတယ်
New Day
လွန်ခဲ့သော ၈ လ ကစပါးစျေတက်မလာ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....