အစိမ်းရောင်လမ်း
တစ်ပတ်အတွင်း လယ်ယာထွက်ကုန် သီးနှံစျေးကွက် နှိုင်းယှဉ်သုံးသပ်ချက်

တစ်ပတ်အတွင်း လယ်ယာထွက်ကုန် သီးနှံစျေးကွက် နှိုင်းယှဉ်သုံးသပ်ချက်

AMIA
AMIA Greenovator 02/11/2019

ဆန်၊စပါး
ဒီတစ်ပတ်မှာတော့ ပထမတန်းစား စပါးဈေး ဆန်ဈေးက ငြိမ်နေပြီးတော့ ဒုတိယတန်းစား စပါးဈေးတွေ ကတော့ ကျဆင်းသွားခဲ့ပါတယ်။ အသစ် အဝင်တွေကြောင့် အဟောင်းဈေးတွေက ကျဆင်းသွားတာဖြစ် တယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိတော့ အသစ်တွေက ဈေးကွက်ထဲကို မဝင်သေးဘူးလို့လည်း သိ ရပါတယ်။
ဧရာဝတီတိုင်း ပုသိမ်ဈေးကွက်မှာ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၈၂၄၀၀၀ ကျပ်၊ ဒေးဒရဲပေါ်ဆန်စပါး က  တင်း ၁၀၀ ကို ၇၁၁၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၇၂၅၀၀၀  ကျပ် နဲ့ ပြီးခဲ့တဲ့ အပတ်ကအတိုင်း ဈေးငြိမ်ပါတယ်။
ပဲခူးတိုင်း ပေါင်းတည်ဈေးကွက်မှာ ရတနာတိုး စပါးက တင်း ၁၀၀ ကို ၄၆၀၀၀၀ ကနေ ၄၇၀၀၀၀ ပေါက် ဈေးရှိ  နေပြီး ၁၀၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။
နတ်တလင်း ဈေးကွက်မှာတော့  တောင်ပျံစပါးက တင်း ၁၀၀ ကို ၉၄၀၀၀၀ ပေါက်ဈေးရှိပြီး ၇၀၀၀၀ ကျော်အထိဈေး ကျဆင်းပါတယ်။ အင်းလယ်စပါးကတော့ ၅၃၀၀၀၀ ကျပ်ရှိပြီး ၄၀၀၀၀ ကျပ်၊ ငွေတိုးကတော့ ၆၃၀၀၀၀ ကျပ်ရှိပြီး ၄၀၀၀၀ ကျပ်၊ ရတနာတိုးကတော့ ၅၂၀၀၀၀ ကျပ်ရှိပြီး ၃၀၀၀၀ ကျပ်၊အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။
မတ်ပဲ (FAQ/RC)
မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးက ပြန်ပြီး တက်လာခဲ့တာ လက်ရှိမှာဆိုရင် တစ်တန်ကို ၁၀ သိန်းကျော်အထိ တက်လာခဲ့ပါတယ်။အိန္ဒိယအစိုးရက ကိုတာ သတ်မှတ်သည့်ကာလကို သက်တမ်းတိုးရန် ရှိတဲ့အတွက်ကြောင့် အခုလို ဈေးတက်လာတာဖြစ်တယ်လို့လည်းသိရပါတယ်။
လက်ရှိမှာ အတက်ဈေးကြောင့် ထုတ်ရောင်းမှုတွေကလည်းများနေပြီး ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာ တစ်နေ့ကို တန်ချိန် ၁၀၀၀၀ ကျော်အထိ အရောင်းအဝယ်ရှိနေတယ်လို့လည်း ကုန်စည်ဒိုင်တွေကနေ သိရပါတယ်။
မတ်ပဲ(FAQ) က ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ အမြင့်ဆုံးဈေး တစ်တန်ကို ၁၀၈၀၀၀၀ အထိ ပေါက်  ဈေးရှိ နေပြီး တစ်ပတ်အတွင်း တစ်တန်ကို တစ်သိန်းကျော်တက်လာခဲ့တာပါ။
နယ်ဈေးကွက်တွေဖြစ်တဲ့ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၉၅၀၀ ပေါက်ဈေးရှိပြီး ၃၂၅၀ ဈေးတက် လာပါတယ်။နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၂၅၀၀ ပေါက်ဈေးရှိပြီး ၈၂၀၀ ကျပ်၊ပြည်ဈေး ကွက်မှာတော့ တစ်တင်းကို ၃၃၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။
ပဲစင်းငုံ(နီ)
ပဲစင်းငုံနီကတော့ ဒီတစ်ပတ် ဘုရင့်နောင်ဈေးကွက်မှာ  ဈေးဖွင့်ခြင်းမရှိပေမယ့် နယ်ဈေးကွက်တွေမှာ တော့ ဈေးက ကျဆင်းသွားခဲ့ပါတယ်။မတ်ပဲကသာ အဝယ်များတဲ့အတွက်ဈေးတက်ပေမယ့် ပဲစင်းငုံနီကတော့ လက်ရှိအချိန်ထိ ပုံမှန်အတိုင်းပဲ အရောင်းအဝယ်ဖြစ်နေပြီးဈေးက အတက်အကျ အနည်းငယ်နဲ့သာ ဈေးဖွင့်နေခြင်းဖြစ်ပါတယ်။
နယ်ဈေးကွက်တွေဖြစ်တဲ့ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၇၃၀၀ ပေါက်ဈေးရှိပြီး ၄၀၀ ကျပ်၊ ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၇၅၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေးကျဆင်းသွား ခဲ့ပြီး ပြည်ကုန်စည်ဒိုင် ဈေးကွက်မှာတော့ တစ်တင်းကို ၂၇၀၀၀ ကျပ် နဲ့ဈေးငြိမ်နေပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဈေးကွက်ထဲမှာ အေးနေတာ အတော်ကြာပါပြီ။ ရန်ကုန်ဈေးကွက်မှာတော့ ငြိမ်ပေမယ့် နယ်ဈေးကွက်မှာတော့ နေ့စဉ်အရောင်းအဝယ် အပေါ်မူတည်ပြီးဈေးကတော့ အတက်အကျရှိနေခဲ့ပါတယ်။ ပြည်ပ တင်ပို့မှုကလည်း ပုံမှန်ဖြစ်နေတဲ့အတွက်ဈေးက ပြောင်းလဲမှုသိပ်မရှိပါဘူး။
ရန်ကုန်ဈေးကွက်မှာတော့ပဲတီစိမ်း( ပဲခူးရွှေဝါ၊ခရမ်းရွှေဝါ၊ဝါးခယ်မ) တို့က တစ်ပိဿာကို ၁၈၆၅ ကနေ ၂၁၀၀ ပေါက်ဈေးရှိပါတယ်။
နယ်ဈေးကွက်ဖြစ်တဲ့ မုံရွာကုန်စည်ဒိုင်မှတော့ ပဲတီစိမ်း(ကြီး၊သေး)က တစ်တင်းကို ၃၃၀၀၀  ပေါက် ဈေးရှိပြီး ၁၀၀၀ ကျပ်လောက် ဈေးတက်ပေမယ့် နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၁၀၀၀ ရှိပြီး ၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၃၇၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၇၇၅၀ ကျပ်၊ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၉၄၅၀ ကျပ် နဲ့ ဈေးငြိမ်နေပါတယ်။
ပဲတီစိမ်းကတော့ အခြားပဲတွေ နဲ့ ယှဉ်လိုက်ရင် ဈေးရရှိနေတဲ့ပဲတစ်မျိုးဖြစ်ကာ အရည်အသွေး ပေါ် လိုက်ပြီး ဈေးက အနည်းငယ်သာ အပြောင်းအလဲ ဖြစ်ပါတယ်။ တရုတ်က ပုံမှန် ဝယ်လက်ရှိနေတဲ့ အတွက် အရည်အသွေးကိုသာ အာရုံစိုက်ရတဲ့ ပဲလည်းဖြစ်ပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ဒီတစ်ပတ်မှာ လုံး၀ မထင်မှတ်လောကအောင် ဈေးက တက်သွားခဲ့တာပါ။ပြီးခဲ့တဲ့အပတ် က အထိ ကျဆင်းသွားပေမယ့် ဘင်္ဂလားဒေ့ချ် က အဝယ်ရှိတဲ့အတွက်ဈေးက တက်လာခဲ့တာလည်းဖြစ်သလို ကြက်သွန်အဝင်ကလည်း နည်းတဲ့အတွက် ဈေးက ပိုပြီးတက်လာခဲ့တာလည်းဖြစ်ပါတယ်။  ပြီးခဲ့တဲ့ အပတ်က အထိ ကြက်သွန်အဝင်က တစ်နေ့ တန်ချိန် ၂ သိန်းကျော်အထိ ဝင်ရောက်ပေမယ့် ဒီတစ်ပတ်မှာတော့ တစ်နေ့ ကို တန်ချိန်တစ်သိန်း ကျော်လောက်သာ အဝင်ရှိနေပြီး ကြက်သွန်ဈေး အတက်ကို ထိန်းထားတဲ့ သဘော ရှိနေတာလည်းတွေ့ရပါတယ်။
အဝင်များရင် ဈေးက ကျဆင်းသွားပြီး အဝင်နည်းရင် ဈေးက တက်လာတဲ့အတွက် တောင်သူတွေအနေနဲ့ ချင့်ချိန် ရောင်းပြီး ဈေးအတက်ကို ထိန်းထားဖို့ကုန်သည်တွေက အကြံပြုထားပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်နီက တစ်ပိဿာကို အမြင့်ဆုံးဈေး ၂၀၀၀ အထိ ရောက်ရှိပြီးတစ်ပတ်အတွင်း တစ်ပိဿာကို ၈၀၀ လောက်တက်လာခဲ့ပါတယ်။ ပခုက္ကူကုန်စည်ဒိုင်ဈေးကွက်မှာလည်း တစ်ပိဿာ ကို ၂၀၀၀ ကျော် အထိ ဈေးတက်လာပြီး  တစ်ပတ်အတွင်း တစ်ပိဿာကို ၁၀၀၀ ကျော်တက်လာပါတယ်။
မြင်းခြံကုန်စည်ဒိုင်မှာလည်း တစ်ပိဿာကို ၂၂၀၀ အထိပေါက်ဈေးရှိပြီး ၁၀၀၀ ကျော်ဈေးတက်လာပါတယ်။
(၂၈.၁၀.၂၀၁၉ မှ ၁.၁၁.၂၀၁၉)ထိ
ဝတ်ရည်မွန်(AMIA)

 

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....