ပြောင်းဆံအပါအဝင် ပဲမျိုးစုံတို့ရဲ့ တစ်ပတ်အတွင်း ဈေးကွက်အပြောင်းအလဲများ
ပဲစဥ်းငုံနီ
ပဲစင်းငုံနီကလည်း ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးတက်ပေမယ့် အနည်းသာ ဈေးမြင့်တက်တာ ဖြစ်ပါတယ်။ ဈေးကွက်အတွင်း ငွေလဲလှယ်နှုန်းမြင့်တာ၊ ပဲလက်ကျန်ရှားနေတာတွေကြောင့် အရောင်းအဝယ်လည်း မရှိ ဈေးလည်း အေးနေတယ်လို့ ကုန်သည်အချို့ထံကနေ သိရပါတယ်။
အိန္ဒိယနိုင်ငံမှာလည်း ပဲသိုလှောင်ခွင့် ကန့်သတ်ထားတဲ့အတွက်ကြောင့် ဈေးကွက်အတွင်း အလျင်အမြန် ထုတ်ရောင်းရတဲ့အတွက် ပဲဈေးတွေ အနည်းငယ်ဈေးပြန်အေးသွားပါတယ်။ ဒါပေမယ့် ပဲစင်းငုံနီရဲ့လိုအပ်ချက် မြင့်တက်နေတာ ဖြစ်တဲ့အတွက် ဈေးကတော့ အများကြီး ကျဆင်းသွားမျိုး မရှိတာကို အိန္ဒိယဈေးကွက်ပေါက်ဈေးတွေကနေတဆင့် သိရပါတယ်။
အိန္ဒိယနိုင်ငံချန်နိုင်းဈေးကွက်မှာတော့ ပဲစင်းငုံနီ တစ်တန်ကို ရူပီး ၁၁၂၅၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ၁၀၀ ရူပီဈေးတက်လာပါတယ်။
ရန်ကုန်စျေးကွက်မှာ ပြီးခဲ့တဲ့ အပတ် သောကြာနေ့က ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၄၄၄၇၀၀၀ ကျပ်၊ တနင်္လာနေ့မှာတော့ တစ်တန်ကို ၄၄၈၂၀၀၀၊ အင်္ဂါနေ့မှာတော့ တစ်တန်ကို ၄၄၆၉၀၀၀၊ ဗုဒ္ဓဟူးနေ့ မှာတော့ တစ်တန်ကို ၄၄၇၇၀၀၀ ကျပ်ရှိပြီး ကြာသပတေးနေ့မှာတော့ တစ်တန်ကို ၄၄၅၇၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်သောကြာနေ့နဲ့ ယှဉ်ရင် တစ်တန်ကို ၁၀၀၀၀ ကျပ် ဈေးတက်လာပါတယ်။
FOB ဈေးနှုန်းကတော့ တစ်တန်ကို ၁၂၉၀ မှ ၁၃၀၀ ဒေါ်လာရှိပြီး တစ်တန်ကို ၃၀ ဒေါ်လာလောက် ဈေးကျဆင်းသွားပါတယ်။
မတ်ပဲရော ပဲစင်းငုံနီပါ FOB ဈေးနှုန်းတွေ ကျဆင်းနေခဲ့ပြီး ပြည်တွင်း ငွေကြေးဖောင်းပွမှုကြောင့်သာ ဈေးတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဈေးကွက်ထဲ အပြောင်းအလဲရှိပေမယ့် အများကြီး ပြောင်းလဲသွားတာမျိုး မရှိပါဘူး။ လမ်းခရီးအခြေအနေတွေကြောင့် အရောင်းအဝယ်လည်း အေးပြီး ဈေးလည်း အေးနေတဲ့ အခြေအနေပါ။ နေ့စဉ် အဝင်ပေါ်မူတည်ပြီး ထောင်ဂဏန်းလောက်သာ အပြောင်းအလဲ ရှိပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၄၂၅၀ ကျပ်၊ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၄၀၀၀ ကျပ်၊ ပဲတီစိမ်းဝါးခယ်မကတော့ တစ်ပိဿာကို ၃၅၀၀ မှ ၄၇၅၀ ပေါက်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က သုံးတင်းဝင်တစ်အိတ်ကို ၁၆၅၀၀၀ မှ ၁၉၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀လောက် ဈေးပြန်ကျပါတယ်။

ကုလားပဲ
ကုလားပဲကတော့ ၂ လနီးပါး အကျဈေးနဲ့ရှိနေတာဖြစ်ပြီး အပတ်တိုင်း ဈေးကျလျက်ရှိပါတယ်။ ပြည်ပတင်ပို့မှု ကုလားပဲကလည်း ဈေးကျဆင်းပါတယ်။ ဒါအပြင် ပြည်တွင်းငွေဈေးအခြေအနေတွေကြောင့်လည်း ဝယ်ယူမှု လျော့နည်းပြီး အဝင်များကာ ဈေးကျဆင်းနေတာလို့ ကုန်သည်အချို့က ဆိုပါတယ်။
ရန်ကုန်ဈေးကွက်မှာ ကုလားပဲလုံးဈေးကွက်က မဖွင့်ပါဘူး။ ကုလားပဲခြမ်းက တစ်ပိဿာကို ၅၄၀၀ မှ ၅၆၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးကျဆင်းပါတယ်။
မန္တလေးဈေးကွက်မှာတော့ကုလားပဲလုံး v2 က တစ်အိတ်ကို ၂၃၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၃၀၀၀ ကျပ်၊ ကုလားပဲ 929 က တစ်အိတ်ကို ၂၃၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈၀၀၀ ကျပ် ဈေးကျဆင်းပြီး ကုလားပဲ ထိုင်ဝမ်က ဈေးမဖွင့်ပါဘူး။
နယ်ဈေးကွက်တွေမှာလည်း ကုလားပဲ တစ်တင်းကို ၃၀၀၀ ကနေ ၅၀၀၀ ကြား ဈေးကျဆင်းပါတယ်။
ပြောင်းဆံ
ပြောင်းဆံက ဈေးတက်ပါတယ်။ မကြာခင်ကာလအတွင်း ထိုင်းကို အခွန်လွတ်ပြောင်း တင်သွင်းခွင့် ပိတ်တော့မှာဖြစ်လို့ အဝယ်ရှိနေသလို ရှမ်းမြောက်ဘက် တိုက်ပွဲတွေကြောင့် ဈေးကွက်ထဲ ပြောင်းအဝင် နည်းနေတာကြောင့် ပြောင်းဈေးတက်နေတာလည်း ဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပြောင်းဆံ တစ်ပိဿာကို ၁၄၃၀ မှ ၁၄၅၀ ကျပ်ရှိပြီး ၃၀ ကျပ်ဈေးတက်ပါတယ်။
မန္တလေးဈေးကွက်မှာတော့ စီပီပြောင်းတစ်အိတ်ကို ၇၀၀၀၀ မှ ၇၂၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ သောကြာနဲ့နှိုင်းယှဉ်လိုက်ရင်တော့ တစ်အိတ်ကို ၂၀၀၀ ကျပ် ရှမ်းပြောင်းကတော့ တစ်အိတ်ကို ၇၁၅၀၀ မှ ၇၂၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၅၀၀ ကျပ်ဈေးပြန်တက်လာပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....