အရင်အပတ်နဲ့ယှဉ်ရင် မတ်ပဲတစ်တန်ကို ၂ သောင်းလောက် စျေးထပ်ကျ (တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်)
မတ်ပဲ
မတ်ပဲစျေးကွက်က နေ့စဥ်နဲ့အမျှစျေးတန်းကကျဆင်းလာနေပြီး ဒီတစ်ပတ်မှာလည်းစျေးအနည်းငယ် ထပ်ကျတာတွေ့ရပါတယ်။ မတ်ပဲကိုအဓိကဝယ်ယူတဲ့အိန္ဒိယနိုင်ငံကသူတို့နိုင်ငံရဲ့ မတ်ပဲလိုအပ်ချက်ပြည့်သွားတဲ့အတွက်ကြောင့်အဝယ်အေးသွားတဲ့အတွက် စျေးတန်းကကျဆင်းလာနေတာဖြစ်တယ်လို့သိရပါတယ်။
မိုး မတ်ပဲအသစ်တွေလည်း စပေါ်နေပြီးစျေးကွက်ထဲစတင်ဝင်ရောက်နေတာကြောင့်လည်း မတ်ပဲစျေးတန်အေးနေတာဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ မတ်ပဲ(FAQ)တစ်တန်ကို ဒီတစ်ပတ်အင်္ဂါနေ့မှာ ၃၅၇၆၀၀၀၊ ဗုဒ္ဓဟူးနေ့ မှာ ၃၅၇၀၀၀၀၊ ကြာသပတေးနေ့မှာ ၃၅၆၅၀၀၀ ကျပ်နဲ့ သောကြာနေ့မှာ ၃၅၆၁၀၀၀ ကျပ်သာ ရှိပါတယ်။ အရင်အပတ်နဲ့ယှဉ်ရင် မတ်ပဲ တစ်တန်ကို ၂ သောင်းလောက် စျေးထပ်ကျပါတယ်။
မန္တလေးစျေးကွက်မှာတော့ မတ်ပဲ(အဟောင်း)က ပိဿာ ၆၀ တစ်အိတ်ကို ၃၀၀၀၀၀ မှ ၃၂၅၀၀၀ ကျပ်ရှိပြီး မတ်ပဲအသစ်က တစ်အိတ်ကို ၂၆၀၀၀၀ မှ ၂၈၀၀၀၀ ကျပ်ရှိပါတယ်။
ပဲစဥ်းငုံ
ပဲစဥ်းငုံကတော့ စျေးအတက်အကျတည်ငြိမ်မှု မရှိပါဘူး။ ဒီတစ်ပတ်မှာတော့ စျေးက ပြန်ကျပါတယ်။ ပြည်တွင်းမှာလည်းပဲလက်ကျန် မရှိသလောက်ဖြစ်နေပြီးအရောင်းအဝယ် အေးနေတာကတကြောင်း၊ ပြည်ပဝယ်လိုအားလည်းပုံမှန်လောက်သာရှိတာကြောင့်စျေးပြန်ကျတာဖြစ်ပါတယ်။
နိုင်ငံခြားငွေစျေးအတက်အကျကြောင့်လည်း စျေးကွက်ကအတက်အကျတည်ငြိမ်မှုမရှိဘဲ ဖြစ်နေတယ်လို့သိရပါတယ်။
မကြာခင် ပဲ အသစ်တွေ ဈေးကွက်ထဲဝင်တော့မှာဖြစ်လို့ ပဲဈေးက လက်တလောမှာတော့ အတက်မရှိနိုင်သေးဘူးလို့ ကုန်သည်အချို့ကတော့သုံးသပ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစဥ်းငုံနီ တစ်တန်ကို အင်္ဂါနေ့မှာ ၃၉၅၀၀၀၀၊ ဗုဒ္ဓဟူးနေ့က ၃၉၄၂၀၀၀၊ ကြာသပတေးနေ့မှာ ၃၈၉၅၀၀၀၊ သောကြာနေ့မှာ ၃၈၅၂၀၀၀ ကျပ်ရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၁ သိန်းဝန်းကျင်စျေး ပြန်ကျပါတယ်။
မန္တလေးစျေးကွက်မှာတော့ ဒီတစ်ပတ်လည်း ပဲစဥ်းငုံနီကို စျေးဖွင့်ထားခြင်းမရှိတာတွေ့ရပါတယ်။

ပဲတီစိမ်း
ပဲတီစိမ်းကတော့ အရင်တပတ်ကတည်းကစျေးတွေတက်လာပြီး ဒီတစ်ပတ်မှာလည်း ဝါးခယ်မနဲ့ ပဲတီစိမ်းအညာကထပ်တက်လာပါတယ်။ခရမ်းရွှေဝါနဲ့ ပဲခူးရွှေဝါကတော့ အတက်စျေးမှာ ငြိမ်နေပါတယ်။ တရုတ်ဝယ်လက်ကြောင့် ဈေးကွက်အတွင်း ဈေးမြင့်တက်လာတာလို့ သိရပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက် မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က ၅၂၅၀ ကျပ်၊ (ပဲခူးရွှေဝါ)က ၅၀၈၀ ကျပ်နဲ့ငြိမ်နေတာပါ။ ဝါးခယ်မ FAQ နဲ့ ပဲတီစိမ်းအညာကတစ်ပိဿာကို ၄၅၀၀ မှ ၄၅၂၀ ကြားရှိပြီး အရက်အပတ်ကထက် တစ်ပိဿာကို ၈၅ ကျပ် ထပ်တက်လာပါတယ်။
မန္တလေးဈေးကွက်မှာလည်း ပဲတီစိမ်း(အညာ)သုံးတင်းဝင်တစ်အိတ်ကို ၂၉၀၀၀၀ မှ ၃၀၀၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၁၀၀၀၀လောက်ထပ်တက်လာပါတယ်။
ပြောင်း
ပြောင်းဆံစျေးကလည်း ဒီတစ်ပတ်မှာ စျေးတက်လာပါတယ်။ ပြောင်းဆံအသစ်တွေပေါ်နေပေမယ့် လမ်းပန်းဆက်သွယ်ရေးကြောင့် ပြောင်းဆံတွေစျေးကွက်ထဲဝင်ရောက်မှုနည်းခြင်း၊ ပြောင်းစိုက်ပျိုးမှု နည်းလို့အထွက်နှုန်းနည်းခြင်း၊ ပြည်ပကလည်းဝယ်လိုအားရှိသလိုပြည်တွင်းအစာစပ်စက်ရုံတွေက လည်း ဝယ်ယူမှုရှိနေတာကြောင့် စျေးတက်လာတာဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာပြောင်းဆံ တစ်ပိဿာကို ၁၅၅၀ မှ ၁၅၇၀ ကျပ်ရှိပြီး တစ်ပိဿာ ၃၀ ကျပ်တက်လာပါတယ်။
မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာလည်း ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၇၈၀၀၀ မှ ၇၉၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)နဲ့ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၈၀၀၀၀ မှ ၈၁၀၀၀ ကျပ် စျေးရှိပါတယ်။ ပြောင်း တစ်အိတ်ကို ၂၀၀၀ လောက် တက်လာပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ပြည်တွင်းသီးနှံဈေးကွက်
စိုးလွင်ဉီး
လွန်ခဲ့သော ၁ နှစ် ကမတ်ပဲမျိူးဘယ်မှာဝယ်လို့ရလဲ လမ်းညွန်ပေးပါ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026