နယ်စပ်ကုန်သွယ်ရေးလမ်း အခက်အခဲကြောင့် မြေပဲ၊ သခွား၊ ဖရဲနဲ့ နှမ်း အရောင်းအဝယ်အေးကာ ဈေးတွေကျ
နယ်စပ်ကုန်သွယ်ရေး လမ်းကြာင်းများ ပိတ်ဆို့မှု၏ အကျိုးဆက်ကို ပြည်တွင်းမှ စိုက်ပျိုးထုတ်လုပ်သူများ၊ ကုန်သည်များ ခံစားနေရသည်မှာ အချိန်ကာလတစ်ခုကို ရောက်ရှိလာပါပြီ။ အိမ်နီးချင်းနိုင်ငံများသို့ ပုံမှန် နယ်စပ် ထွက်ပေါက် ကုန်သွယ်ရေး လမ်းကြောင်းများဖြင့် ပို့ကုန်တင်ပို့နိုင်ခြေမရှိချိန်တွင် လမ်းကြောင်းအသစ်များ ရှာဖွေပြီး ကုန်သွယ်ရာတွင်လည်း အချိန်ကြန့်ကြာမှု၊ လမ်းခရီးဝေးကွာလွန်းမှု၊ လမ်းပိတ်ဆို့မှုများအပြင် အခြားအခြားသော စိန်ခေါ်မှုများကလည်း မြန်မာ့လယ်ယာထွက်ကုန်ပို့ကုန်များအပေါ် သက်ရောက်မှု တွေရှိ လာပါတယ်။
စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံစီးပွားရေးတွင် အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်ကုန်သွယ်ရေးဖြင့် လယ်ယာထုတ်ကုန်များ တင်ပို့ခြင်းလုပ်ငန်းများ၏ အခန်းကဏ္ဍကလည်း အဓိကကျပါတယ်။
ဆိုတော့ လက်ရှိ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်လာချိန်တွင် မြန်မာ့လယ်ယာထွက်ကုန်များ၏ ဈေးကွက်နှင့် ဈေးနှုန်းများက အကျဘက်ကိုသာ ဦးတည်နေပါတယ်။
မြေပဲ
တရုတ်ကို တင်ပို့မှုရပ်သွားလို့ မြေပဲဈေးကွက်ကဆက်တိုက်ကျဆင်းလာပြီး အရောင်းဝယ်လည်းအေးနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
လက်ရှိမြေပဲဆံဈေးကွက်က ကုန်စည်ဒိုင်တွေမှာ ၅၃၀၀ ကနေ ၆၀၀၀ တပတ်လည်အထိဈေးရှိပေမယ့် တောင်သူတွေရောင်းချနေရတဲ့ဈေးကတော့ မြေပဲလုံးဆံနီ၊မြေပဲအဖြူလုံးဆံက ၅၀၀၀ ပတ်လည်သာရှိပြီး ဆီကြိတ်တဲ့ ဆီဆံကတော့ ၄၅၀၀ လောက်ပဲရှိတယ်လို့သိရပါတယ်။
မြေပဲအတောင့်ဈေးကွက်မှာ နှစ်နေလှန်းထားတဲ့ စက်ကျမြေပဲအနီတောင့်က ၂၅ ပေါင်တစ်တင်းကို ၁၅၀၀၀ ဝန်းကျင်ရှိပြီး မြေပဲအဖြူတောင့် ၂၅ ပေါင် တစ်တင်းကို ၁၆၀၀၀ ရှိပါတယ်။ လှောင်တန်းဝင် မြေပဲအခြောက်တောင့်ကတော့ ၂၄၀၀၀ ကျပ်ကနေ ၂၅၀၀၀ အထိသာရှိတယ်လို့သိရပါတယ်။
ယခုနှစ် မြေပဲစိုက်ပျိုးစရိတ်အနေနဲ့ တစ်ဧကကို ၆ သိန်းမှ ၇ သိန်းခွဲဝန်းကျင်အထိ ရင်းနှီးထားရကြောင်း တောင်သူအချို့ကပြောပါတယ်။
ဖရဲ
ဖရဲသီးက အရင်က မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကနေ ဝမ်တိန်ကိုပို့ပါတယ်။ အဲ့လိုပို့ရာမှာ ခရီးစရိတ်သက်သာပြီး လမ်းကြောင်း မြန်ဆန်တဲ့အတွက် အသီးပျက်စီးမှုနည်းပါတယ်။
လက်ရှိမှာ မူဆယ်ကပို့မရတာကြောင့် မိုင်းလား တာလောဂိတ်ကနေတင်ပို့ရတဲ့အခါ လမ်းခရီးကုန်ကျစရိတ်က သိန်း ၁၂၀ ကျော်ကုန်ပြီး လမ်းကြောင်းက ကြာတဲ့အတွက် ဖရဲသီးအရည်အသွေးပျက်ကာ အပယ်သီးများရင် ကားစရိတ်ပင်မရတဲ့အထိ အရှုံးရှိနေတယ်လို့ စိုက်ပျိုးထုတ်လုပ်သူတွေက ပြောဆိုနေကြပါတယ်။
လက်ရှိတရုတ်ဘက်မှာ ဖရဲ တစ်ကီလိုကို အကောင်းဆုံး အသီးက တရုတ်ယွမ်ငွေ ၆ ယွမ်(၁ယွမ် ၄၇၀ကျပ်ဖြင့် ကျပ်၂၈၀၀ ကျော်)မှ ၆.၅ယွမ်(ကျပ်၃၀၀၀ ကျော်)ထိရှိပြီး အလတ်စားအသီးက ၄ ယွမ်(ကျပ် ၁၈၈၀)နဲ့ ၅ယွမ် (ကျပ် ၂၃၅၀) ကားသာရှိတယ်လို့သိရပါတယ်။အရည်အသွေးမကောင်းလို့ ပယ်ခံရတဲ့ ဖရဲသီးကားတစ်စီးလျှင်က ၁၀ တန် လောက်အထိ ရှိနေတယ်လို့သိရပါတယ်။

သခွားမွှေး
တရုတ်ကုန်သွယ်မှုရပ်လို့ တင်ပို့ရပ်ထားတာကြာပြီဖြစ်တဲ့ ပြည်တွင်းထွက် သခွားမွှေးကိုလည်း ပြီးခဲ့တဲ့ရက်ကစပြီး မိုင်းလား တာလော့ဂိတ်ကနေ စတင် တင်ပို့နေပါတယ်။ သခွားမွေးကလည်း သယ်ယူပို့ဆောင်ခ တာလော့အရောက်ကို သိန်း ၁၃၀ ကျော်ကုန်ကျပါတယ်။ အပယ်သီးများရင် ရှုံးတယ်လို့သိရပါတယ်။ စိုက်ပျိုးထုတ်လုပ်သူများအတွက် စိန်ခေါ်မှုများသည့် အခြေအနေမျိုးဖြစ်နေပါတယ်။ သခွားမွှေးကတော့ တစ်ကီလို ၄ ယွမ် (ကျပ် ၁၈၈၀)ကနေ ၇ ယွမ် (ကျပ်၃၃၀၀ခန့်) အထိ ဈေးရနေတယ်လို့ သိရပါတယ်။
နှမ်း
နှမ်းမျိုးစုံဈေးကွက်ကလည်း တရုတ်ကိုတင်ပို့နိုင်ခြင်းမရှိလို့ ဈေးတန်းက ပြည်တွင်းတရုတ်ဝယ်လက်ကုန်သည်တွေအပေါ်ပဲ မူတည်နေပါတယ်။ အရင်တပတ်က နှမ်းဈေးကွက်ပြန်တက်လာပြီး ခုတပတ်မှာ ပြန်ကျသွားပါတယ်။ တရုတ်ဝယ်လက်တွေက အက်ဆစ်လွတ်တဲ့ နှမ်းကိုပဲရွေးချယ်ဝယ်ယူနေကြတာဖြစ်ပါတယ်။
မန္တလေးဈေးကွက်မှာ နှမ်းဖြူ ရိုးရိုးက ၄၅ ပိဿာကို အမြင့်ဆုံး ၃၅၀၀၀၀ ရှိရာကနေ ၃၄၅၀၀၀ ကျပ်ကို ပြန်ကျသွားသလို နှမ်းနက် စမုံကတော့ ၄၅ ပိဿာကို အရင်တပတ်ကဈေးတန်း ၃၅၅၀၀၀ ကျပ်မှာပဲရှိနေပါတယ်။ လက်ရှိမှာ နှမ်းအသစ်တွေ ဈေးကွက်ထဲကို ဝင်ရောက်နေပြီဖြစ်ပါတယ်။
ပြောင်း
ပြည်တွင်းကထွက်ရှိတဲ့ ပြောင်းဆံကလည်း တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကနေ ကုန်သွယ်မှုရပ်သွား ပြီး လက်ရှိ မိုင်းလား တာလော့ကနေ တစ်ရက်ကို တန် ၁၀၀ လောက်သာ တင်ပို့မှုရှိနေပါတယ်။ တရုတ်ဘက်က မှောင်ခိုဝယ်ယူတာဖြစ်လို့ ပြောင်းဆံကို ပမာဏများများရောင်းချလို့မရသလို မြန်မာဘက်က လမ်းကြောင်းအခြေနေကလည်း ခက်ခဲတာကြောင့် အနည်းငယ်ပဲတင်ပို့ရောင်းချနေရတယ်လို့သိရပါတယ်။
ဒါကြောင့် ပြောင်းဆံကို ပြည်တွင်းကမွေးမြူရေး အစာစပ်စက်ရုံတွေကိုပဲ အဓိကရောင်းချနေကြရလို့ ဈေးတန်းက တန့်နေပါတယ်။လက်ရှိမှာ ပြောင်းဆန် အသစ်တွေပေါ်ပြီး ဈေးကွက်ထဲကိုဝင်ရောက်နေပြီး အစာစပ်စက်ရုံတွေကတော့ အဟောင်းနဲ့အသစ်ကို ရောသုံးနေကြတာဖြစ်တယ်လို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပြောင်းဆံက ၁၀၇၀ကျပ် ကနေ ၁၀၉၀ ကျပ်အထိရှိပြီး မန္တလေးကုန်စည်ဈေးကွက်မှာက တစ်ပိဿာကို ၉၄၄ ကျပ်မှ ၉၈၁ ကျပ်သာရှိနေပါတယ်။
Chit Khon Cho (AMIA )
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
ငါးစုံ
မောင်ရဲသူအောင် • ဖြေကြားချက် 0 ခု
ဂျင်း50သား.ကြက်သွန်ဖြူ50.အရက်ဆိ.5လိတာက...နဲ့စိမ်ထားတဲ့အရည်ကဘယ်လိုရောဂါပိုးနိင်လဲဗျ...အထူးသဖြင့်မှိုနဲ့ပတ်သက်တဲ့ရောဂါကာကွယ်နိင်လဲဆရာတို့..အဲဆေးမှိုကာကွယ်တယ်စိုပြီးသုံးနေကြလို့ပါ...
သန်းထိုက်အောင် • ဖြေကြားချက် 2 ခု
အစိမ်းလမ်း App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားမှု၊ ဝန်ထမ်း၏ ဝန်ဆောင်မှုအဆင်မပြေမှုတို့အား တာဝန်ရှိသူများမှ ခိုင်လုံစွာ ရှင်းလင်းပေးရန် တောင်းဆိုခြင်း တာဝန်ရှိသူများ (အစိမ်းရောင်လမ်း - Green Way Myanmar) ကျနော်အစိမ်းရောင်လမ်း App ကို ပုံမှန်ကြည့်ရှုအသုံးပြုနေသူတစ်ဦး ဖြစ်ပါသည်။ ယနေ့ ၁၈ ရက် ၈ လ ၂၀၂၆ ရက်၊ မွန်းလွဲ ၂:၂၅ နာရီဝန်းကျင်တွင် App ပေါ်၌ ဖော်ပြထားသော မာလာမြိုင် မန်ကိုဇက် ၈၀% WP (၁ ကီလိုလျှင် ၂၀,၁၀၀ ကျပ်) ဈေးနှုန်းကို တွေ့ရှိ၍ ဖုန်းနံပါတ် 09-799993322 သို့ ဆက်သွယ်ဝယ်ယူခဲ့ပါသည်။ သို့သော် ဖုန်းဆက်သွယ်မေးမြန်းသည့်အခါတွင် - ၁။ ဈေးနှုန်းလွဲမှားမှု - App တွင် ဖော်ပြထားသည့် ဈေးနှုန်း (၂၀,၁၀၀ ကျပ်) နှင့်မတူဘဲ ဈေးနှုန်း သုံးသောင်းကျော် ဖြစ်နေခြင်း။ ၂။ ဝန်ထမ်း၏ ဝန်ဆောင်မှု ပေါ့ဆမှု - နောက်တစ်ကြိမ် ထပ်မံဆက်သွယ်ရာတွင် "မင်္ဂလာပါ မာလာမြိုင်ကပါ" ဟု ပြောပြီးနောက် "အစိမ်းရောင်လမ်းကပါ" ဟု အကြောင်းပြန်ပြောစဉ် ဖုန်းကို ရုတ်တရက် ဒီဇိုင်းအတင်း ချသွားခဲ့ခြင်း။ စသည့် အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။ သုံးစွဲသူ တောင်သူထု/အသုံးပြုသူများဘက်မှ App ပေါ်တွင် တင်ထားသော အချက်အလက်များကို ယုံကြည်၍ ဆက်သွယ်ရခြင်း ဖြစ်သော်လည်း ကုမ္ပဏီ၏ အပြောနှင့်အလုပ် မညီညွတ်ခြင်း၊ ဝန်ထမ်းများ၏ မလေးမစား ပြုမူဆက်ဆံခြင်း၊ App ပေါ်တွင် ကိုက်ညီမှုမရှိသော သတင်းအချက်အလက်နှင့် ဈေးနှုန်းများ တင်ပြထားခြင်းတို့ကြောင့် များစွာ စိတ်ပျက်ရပါသည်။ သို့ပါ၍ ဤဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့် - App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားနေရသည့် အကြောင်းအရင်း၊ ဝန်ထမ်း၏ မလျော်ကန်သော ပြောဆိုပြုမူမှုတို့နှင့် ပတ်သက်၍ ခိုင်လုံသော အချက်အလက်များဖြင့် စနစ်တကျ ပြန်လည်ရှင်းလင်း အကြောင်းပြန်ပေးပါရန် တောင်းဆိုအပ်ပါသည်။ အကယ်၍ ဤကိစ္စအား ထိရောက်စွာ အကြောင်းပြန် ရှင်းလင်းပေးခြင်း မရှိပါက ပလက်ဖောင်းအသုံးပြုသူများ နစ်နာမှုမရှိစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများ (Facebook / YouTube) တွင် အထောက်အထားများနှင့်တကွ တင်ပြအသိပေးသွားမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။
TunThein • ဖြေကြားချက် 1 ခု
စပါးမှာကျရောက်တတ်တဲ့ရောဂါနှင့်ပိုးအကြောင်းလေးသိချင်လို့ပါရှင့်
Ma Tin Nilar Htun • ဖြေကြားချက် 1 ခု
ခရမ်းချဥ်ပင်များစိုက်လို့ရပြီလား
ဝင်းမင်းအောင် • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026