အစိမ်းရောင်လမ်း
ယခုတစ်ပတ်အတွင်း အပြောင်းအလဲဖြစ်ပေါ်ခဲ့သော သီးနှံစျေးနှုန်းများ

ယခုတစ်ပတ်အတွင်း အပြောင်းအလဲဖြစ်ပေါ်ခဲ့သော သီးနှံစျေးနှုန်းများ

AMIA
AMIA Greenovator 03/06/2019

ဆန်၊စပါး

ဒီတစ်ပတ်မှာတော့ ရန်ကုန်ဈေးကွက်မှာတော့ ဆန်ဈေးကွက်က အရောင်းအဝယ်အေးဈေးအေးအနေအထားမှာရှိနေပါတယ်။ မိုးတွင်းရောက်တော့မှာဖြစ်တဲ့အတွက် ဆန်တွေကလည်း ဆက်တိုက်အဝင်ရှိနေပြီး ဈေးက ငြိမ်နေတာလည်းဖြစ်ပါတယ်။ ဧရာဝတီတိုင်း ပုသိမ်ဈေးကွက်မှာတော့ ဆန်ချော၊ စပါးဈေးက ငြိမ်နေခဲ့ပေမယ့် ဆန်ကြမ်းဈေးတွေကတော့ အပြောင်းအလဲ အနည်းငယ်ရှိပါတယ်။ ပုသိမ်ဈေးကွက်မှာ ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန်က တစ်အိတ်ကို ၂၃၀၀၀ ကျပ်ရှိပြီး တစ်ပတ်အတွင်း ၁၀၀၀ ကျပ်ဈးတက်လာပါတယ်။

ဒေးဒရဲဈေးကွက်မှာတော့ ဧည့်မထ(စပါး)က တင်း ၁၀၀ ကို ၅၃၃၀၀၀ ကျပ်နဲ့ ၁၈၀၀၀ ကျပ်လောက် ဈေးတက်လာခဲ့ပြီး ဆန်ကတော့ တစ်အိတ်ကို ၂၂၀၀၀ ကျပ် နဲ့ ၁၀၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ ဖျာပုံဧည့်မထစပါးကလည်း တင်း ၁၀၀ ကို ၅၃၃၀၀၀ ကျပ်နဲ့ ၁၈၀၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကလည်းတစ်အိတ်ကို ၂၂၀၀၀ ကျပ် ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ လက်ရှိမှာတော့ စပါးဈေးကျဆင်းမှုကြောင့် တောင်သူအချို့ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါသည်။

မတ်ပဲ (FAQ/RC)

ပြီးခဲ့တဲ့ အပတ်ကထိ ဈေးတက်ခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာတော့ အနည်းငယ်ဈေးက ကျဆင်းသွားခဲ့ပါတယ်။ အတက်ဈေးကို အမှီရောင်းချနေတဲ့အတွက် ဈေးက ပြန်လည်ကျဆင်းသွားတာဖြစ်ပါတယ်။ ထို့ပြင်ဈေးတက်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေကြောင့် တောင်သူတွေကဈေးကို စောင့်နေကြတဲ့အတွက် အိန္ဒိယကုန်သည်တွေကလည်း ပဲတွေကို ထိန်းပြီး ဝယ်ယူနေတဲ့အနေအထားဖြစ်နေပါတယ်။ ဒီတစ်ပတ်မှာတော့ မတ်ပဲက ၈၅၀၀၀၀ အထိ ပေါက်ဈေးရှိနေပြီးတစ်ပတ်အတွင်းငွေကျပ် ၃သောင်းကျော် ဈေးက ပြန်ကျဆင်းသွားခဲ့ပါတယ်။ မုံရွာမှာတော့ မတ်ပဲက တစ်တင်းကို ၂၄၅၀၀ နဲ့ ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ နေပြည်တော်မှာတော့ တစ်တင်းကို ၂၇၀၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ လက်ရှိအချိန် ပြည်ပတင်ပို့မှုက ပဲအဟောင်းကိုသာ တင်ပို့နေခဲ့ပြီး ရန်ကုန်ဈေးကွက်မှာလည်း ရက်ခြားသာ အရောင်းအဝယ်ရှိနေခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ဈေးက အနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ ပဲစင်းငုံနီကတော့ အခြားနိုင်ငံတွေလည်း အဝယ်ရှိနေတဲ့အတွက် ဈေးကတော့ အနည်းငယ်အပြောင်းအလဲသာရှိပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ငွေကျပ် ၉၆၀၀၀၀ နဲ့ ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် ၁၀၀၀၀ ကျော်သာ ဈေးကျဆင်းသွားခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၄၅၀၀  နဲ့ ၂၀၀  ကျပ်ဈေးကျဆင်းသွားပါတယ် ။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၃၂ ၀၀ ကျပ် ရှိပြီး တစ်တင်းကို ၁၇၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။မြင်းခြံကုန်စည်ဒိုင်မှာလည်းတစ်တင်းကို ၃၂၀၀၀ ကျပ်ရှိပြီး ၂၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ပဲလွန်းပြာ

ပဲလွန်းပြာကလည်းဒီတစ်ပတ်မှာ ဈေးကကျဆင်းသွားခဲ့ပါတယ်။ အဝင်များတဲ့အတွက်ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးက ကျဆင်းနေတာဖြစ်ပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ပဲလွန်းပြာက တစ်အိတ်ကို ၅၀၀၀၀ ကျပ်ရှိပြီး ၂၀၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။  မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၈၀၀၀ ကျပ် နဲ့တစ်တင်းကို ၅၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။

ပဲပုတ်

ပဲပုတ်ကတော့ဒီတစ်ပတ်မှာ ဈေးက ကျဆင်းသွားခဲ့ပါတယ်။ လက်ရှိမှာတော့ မိုးကာလရောက်တော့မှာဖြစ်တဲ့အတွက် ရောင်းချမှုတွေ များနေခဲ့ပြီး အဝယ်ကတော့ ပုံမှန်အတိုင်းသာရှိနေတဲ့အတွက် ဈေးက ကျဆင်းနေခဲ့တာလည်းဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာ ပဲပုတ်(ရှမ်း)က တစ်အိတ်ကို ၅၀၀၀၀ ကျပ်နဲ့ ၁၀၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပေမယ့် ပဲပုတ်(ဗမာ)ကတော့ တစ်အိတ်ကို ၅၇၀၀၀ ကနေ ၆၀၀၀၀ ရှိပြီး ဈေးငြိမ်နေပါတယ်။ မုံရွာဈေးကွက်မှာတော့ ပဲပုတ်က တစ်တင်းကို ၁၉၅၀၀ နဲ့ တစ်တင်းကို ၁၂၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၁၄၀၀ ကျပ်ရှိပြီး ၆၀၀ ကျပ်၊အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။

 

မဝတ်ရည်မွန်(AMIA)

 

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....