ယခုတစ်ပတ်အတွင်း အပြောင်းအလဲဖြစ်ပေါ်ခဲ့သော သီးနှံစျေးနှုန်းများ
ဆန်၊စပါး
ဒီတစ်ပတ်မှာတော့ ဆန်ဈေးရော စပါးဈေးရော အဝင်ပုံမှန်ရှိပေမယ့် အရောင်းအဝယ်ကတော့ အေးနေပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေနဲ့ယှဉ်ရင် ဒီနှစ်သင်္ကြန်က ထင်သလောက်အရောင်းအဝယ်မဖြစ်တဲ့နှစ်လည်းဖြစ်ပါတယ်။
သင်္ကြန်အပြီးမှာ အာဖရိကနိုင်ငံအိုင်ဗရီကို့မှာ မြန်မာ့ဆန်တွေဖျက်ဆီးတယ်ဆိုတဲ့ သတင်းကလည်း ဆန်လောကအကြား လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့ပြီး ဆန်ဈေးတွေ အနည်းငယ်ကျဆင်းသွားခဲ့တယ်လို့ ကုန်သည်တွေထံကနေ သိရပါတယ်။ ဒါပေမယ့် ဆန်စပါးလုပ်ငန်းရှင်အသင်းက တင်ပို့တဲ့ဆန်ကြောင့် မဟုတ်ပဲ သင်္ဘောတင်တဲ့ ကာလအတွင်းအချိန်ကြန့်ကြာမှုကြောင့် ဖြစ်တယ်ဆိုတဲ့ ထုတ်ပြန်ချက်ကြောင့် ဆန်သတင်းတွေကလည်း တည်ငြိမ်သွားခဲ့ပါတယ်။
ဧပြီလဆန်းပိုင်းနဲ့ယှဉ်ရင်တော့ ဈေးက အနည်းငယ်တက်လာခဲ့ပါတယ်။ ရက် ၉၀ ဆန်က လက်ရှိပေါက်ဈေး ၁၉၅၀၀ ကျပ်ကနေ ၂၀၅၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ သီးထပ်ဆန်ကလည်း တစ်အိတ်ကို ၁၈၅၀၀ ကနေ ၁၉၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၃၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ ပေါ်ဆန်းဆန်ကလည်း တစ်အိတ်ကို ၃၅၀၀၀ ကနေ ၃၇၀၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ် အသီးသိးဈေးတက်လာခဲ့ပါတယ်။
ပုသိမ်ဈေးကွက်မှာတော့ ပေါ်ဆန်းဆန်က ၄၁၀၀၀ ရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ် ဈေးတက်လာခဲ့ပါတယ်။ စပါးကတော့ ၈၉၀၀၀၀ ရှိပြီး ဈေးငြိမ်နေပါတယ်။
မတ်ပဲ (FAQ/RC)
မတ်ပဲကတော့ သင်္ကြန်မတိုင်ခင် နဲ့ယှဉ်လိုက်ရင် ဈေးတက်လာခဲ့ပါတယ်။ အိန္ဒိယက ပြီးခဲ့တဲ့ လကဝယ်ယူမယ်ဆိုတဲ့ သတင်းထုတ်ပြန်ခဲ့ပေမယ့် ဝယ်ယူမယ့်ကာလ အတိအကျမပါတဲ့အတွက် ဈေးက ပြန်တည်ငြိမ်သွားခဲ့ပါတယ်။
သင်္ကြန်ကာလမှာတော့ အိန္ဒိယက ပဲဝယ်ယူမှုအတွက် လျှောက်လွှာစတင်ခေါ်ယူခဲ့ပြီး ဈေးကလည်းတစ်တန်ကို ငွေကျပ် ၈ သိန်း ၂ သောင်းကျော်အထိ ဈေးက တက်လာခဲ့ပါတယ်။ပြီးခဲ့တဲ့ မတ်လ နဲ့ယှဉ်ရင်တော့ တစ်တန် ကို ငွေကျပ် ၂ သိန်းကျော်ဈေးတက်လာခဲ့ပါတယ်။ ထို့ပြင် ပြည်တွင်း ငွေလဲလှယ်နှုန်းဈေးမြင့်တက်တာကလည်း ပဲဈေးကို မြင့်တက်လာပါတယ်။
မုံရွာဈေးကွက်မှာတော့ မတ်ပဲက တစ်တင်းကို ၂၅၅၀၀ ကျပ်ရှိပြီး ၂၅၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၂၅၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ်၊ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၆၀၀၀ ကျပ် ရှိပြီး ၁၀၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်း ဈေးတက်လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံအပြင်အခြား ပြည်ပနိုင်ငံတွေကလည်း ဝယ်ယူမှုရှိတဲ့အတွက် ဈေးကတော့ ဆက်တက်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကာလအထိ မတ်ပဲကပဲ အမြင့်ဆုံးဈေးနဲ့ရှိနေပေမယ့် ပြီးခဲ့တဲ့ ၂၁၀၈ နှစ်ဝက်မှာတော့ မတ်ပဲက ပဲစင်းငုံနီထက် ဈေးကျဆင်းသွားပြီး ပဲစင်းငုံနီက အမြင့်ဆုံးဈေးနဲ့ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိမှာလည်း ပဲစင်းငုံနီက မတ်ပဲထက် တစ်သိန်းကျော် ဈေးကွာခြားမှုရှိနေခဲ့ပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၉၇၅၀၀၀ အထိ ဈေးတက်လာခဲ့ပြီး ဧပြီလဆန်း နဲ့ယှဉ်ပါက တစ်တန်ကို ငွေကျပ် ၂ သိန်းကျော်ဈေးတက်လာခဲ့ပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၁၀၀၀ ကျပ်ရှိပြီး ၂၀၀၀ ကျပ်၊ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၀၆၀၀ ကျပ်ရှိပြီး ၂၀၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၁၅၀၀ ကျပ်ရှိပြီး ၂၀၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၀၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။
ကုလားပဲ
ကုလားပဲကတော့ သင်္ကြန်မတိုင်ခင်ကတည်းက ဈေးတက်လာခဲ့ပါတယ်။ လက်ရှိမှာတော့ ပြည်ပဝယ်ယူမှုများနေတဲ့အပြင် ပြည်တွင်းဝယ်ယူမှုတွေလည်း များနေတဲ့အတွက် ဈေးကတက်လာခဲ့တာလည်း ဖြစ်ပါတယ်။
မုံရွာဈေးကွက်မှာ ကုလားပဲလုံးဝါ(ကြီး၊သေး)က တစ်တင်းကို ၂၅၀၀၀ ကနေ ၂၇၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀၀ ကျော်ဈေးတက်လာပါတယ်။ ကုလားပဲလုံးဖြူ(ကြီး၊သေး)ကတော့ တစ်တင်းကို ၂၆၇၀၀ ကနေ ၂၇၇၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၅၀၀ ကျပ် ဈေးတက်လာပါတယ်။
မြင်းခြံကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၇၅၅၀ ကျော်ရှိပြီး တစ်တင်းကို ၁၉၀၀ ကျပ်၊ ကုလားပဲလုံးဖြူကြီးကတော့ တစ်တင်ကို ၂၆၁၂၅ ကျပ်ရှိပြီး ၁၆၀၀ ကျပ် ဈေးတက်လာပါတယ်။
ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၈၀၀၀ ပေါက်ဈေးရှိပြီ းတစ်တင်းကို ၁၃၀၀ ကျပ်၊ ကုလားပဲလုံးဖြူကြီးကတော့ တစ်တင်းကို ၂၆၇၀၀ ပေါက်ဈေးရှိပြီး ၁၆၀၀ ကျပ်အသီးသီး ဈေးတက်လာခဲ့ပါတယ်။
ပြည်ကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၃၀၀၀၀ ကျပ်ရှိပြီး ၂၀၀၀ ကျပ်၊ကုလားပဲဖြူလုံး ကြီးတော့ တစ်တင်းကို ၂၆၅၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။
ဝတ်ရည်မွန် (AMIA)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026