အစိမ်းရောင်လမ်း
တစ်ပတ်အတွင်း လယ်ယာထွက်ကုန် သီးနှံစျေးကွက်နှိုင်းယှဉ်သုံးသပ်ချက်

တစ်ပတ်အတွင်း လယ်ယာထွက်ကုန် သီးနှံစျေးကွက်နှိုင်းယှဉ်သုံးသပ်ချက်

AMIA
AMIA Greenovator 28/06/2019

ဆန်၊စပါး

 ဒီတစ်ပတ်မှာတော့ဆန်ဈေးက တက်လာခဲ့ပါတယ်။ တရုတ်နိုင်ငံကို တရားဝင်ကိုတာစနစ် ကုန်ပစ္စည်းဖလှယ်သည့်စနစ်(ဘာတာ) စနစ်နဲ့ ပါတင်ပို့ရောင်းချနိုင်ဖို့အတွက် နှစ်နိုင်ငံညှိနိုင်းဆွေးနွေးနေတယ်ဆိုတဲ့ သတင်းတွေကြောင့်  ကျဆင်းနေတဲ့ဆန်နဲ့စပါးဈေးနှုန်းတွေက အနည်းငယ် ဈေးပြန်မာလာခဲ့တာပဲဖြစ်ပါတယ်။ ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်မှာမြောင်းမြပေါ်ဆန်းကတစ်အိတ် ကို၄၁၀၀၀ ကနေ ၄၄၀၀၀ ပေါက်ဈေးရှိပြီး တစ်ထောင်ကျပ်ဈေးတက်လာပါတယ်။ဆန်ကြမ်းဖြစ်တဲ့ နွေသီးထပ်ကတော့ ၂၀၃၀၀ကန ၂၁၅၀၀ ပေါက်ဈေးရှိပြီး၁၀၀၀ ကျပ်ဝန်းကျင်၊ ရက် ၉၀ ဆန်ကတစ်အိတ် ကို ၂၁၃၀၀ကနေ ၂၄၀၀၀ကျပ် ရှိပြီး ၅၀၀ ကျပ်၊အသီးသီးဈေးတက်လာခဲ့ပါတယ် ။

မြောင်းမြနဲ့ ဖျာပုံးဈေးကွက်မှာလည်း စပါးဈေးရော ဆန်ဈေးရောတက်လာခဲ့ပါတယ်။ မြောင်းမြဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၅၉၀၀၀၀ ပေါက်ဈေးရှိပါပြီ ၂၀၀၀၀ ကျပ်၊ ဖျာပုံဧည့်မထစပါးကတော့ တင်း ၁၀၀  ကို ၅၆၁၀၀၀ပေါက်ဈေးရှိပြီ ၉၀၀၀ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။

မတ်ပဲ (FAQ/RC)

မတ်ပဲကလည်းဒီတစ်ပတ်မှာ ဈေးကျဆင်းလာခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၈၅၅၀၀၀ကနေ ၈၇၁၀၀၀ ကြားဈေးရှိပြီး၊ ၁၃၀၀၀ကျပ် ဈေးကျဆင်းခဲ့ပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာ တစ်အိတ်ကို ၈၄၀၀၀ ရှိပြီး ၁၀၀၀ကျပ်ဈေးကျဆင်းခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ ၂၈၈၀၀ ရှိပြီ ဈေးငြိမ်နေပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ တစ်တင်းကို၂၅၀၀၀ ကျပ်ရှိပြီး ၇၅၀ ကျပ်ဈေးတက်လာပါတယ်။

ပဲစင်းငုံနီ 

ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ကျဆင်းသွားပါတယ်။  အိန္ဒိယနိုင်ငံဘက်က နည်းနည်းချင်းစတင်ဝယ်ယူနေပြီဖြစ်ပေမဲ့ ရန်ကုန်ဈေးကွက်မှာတော့ ဒီတစ်ပတ်မှာ တစ်တန်ကို ၉၄၆၀၀၀ကျပ် ရှိပြီး ၁၁၀၀၀ ကျပ် ပြန်ကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာလည်းတစ်တင်းကို ၃၃၅၀၀ ကျပ်နဲ့ ၅၀၀ ကျပ်၊ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၃၁၅၀၀၀ ကျပ် နဲ့ ၂၀၀ ကျပ်၊ ဈေးကျလာပြီး ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၄၁၆၆ ကျပ် နဲ့ ၁၁၆၆ ကျပ် ဈေးတက်လာပါတယ်။ ဒီနှစ်မှာတော့ အိန္ဒိယအစိုးရက  ပြည်ပကနေ ပဲစင်းငုံတန်ချိ န် လေးသိန်းအထိတိုးမြင့်ဝယ်ယူ သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာတော့ ပဲစင်းငုံလက်ကျန်က တန်ချိန် ငါးသောင်းဝန်းကျင်သာရှိတော့တယ်လို့ ကုန်သည်တွေကပြောဆိုထားကြပါတယ်။

ပဲစင်းငုံနီ 

ပြည်တွင်းဈေးကွက်မှာ တရုတ်ကဝင်နေတဲ့ ကြက်သွန်ဖြူကြူကုတ် (အဟောင်း) တွေကအဝင်နည်းလာတဲ့အတွက်ဈေးက အမြင့်ဈေးမှာပဲ ဆက်ရှိနေပါတယ်။ ဒါကြောင့် ဗမာကြက်သွန်ဖြူတွေလည်း ဈေးလိုက်ပါမြင့်တက်နေတာပါ။ လက်ရှိမှာလည်း မှုဆယ်-တရုတ်နယ်စပ်နဲ့ မြဝတီတို့ကို အထိုက်အလျောက် တင်ပို့ရောင်းချနေရတာကြောင့် ရန်ကုန်ဈေးကွက်မှာ ကြက်သွန်ဖြူကြူကုတ်က တစ်ပိသာကို ၂၉၀၀ ကနေ ၃၃၅၀ ပေါက်ဈေးရှိပြီ၅၀၀ကျပ်ထပ်မံမြင့်တက်လာပါတယ်။ ကြက်သွန်ဖြူ (အောင်ပန်း)ကလည်း တစ်ပိသာကို ၂၀၀၀ကနေ ၃၀၀၀ ကြားပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။ မြင်းခြံဈေးကွက်မှာလည်း  ကြက်သွန်ဖြူ (ကြူကုတ်)က  တစ်ပိသာကို ကျပ် ၃၂၀၀ဈေးရှိပြီး ၂၀၀ကျပ်ဈေးတက်လာပါတယ်။

ကြက်သွန်နီ 

ကြက်သွန်နီကတော့ ဈေး မြင့်တက်လာပါတယ်။ ပြည်ပတင်ပို့မှု သိပ်မရှိပေမဲ့ တရုတ်နယ်စပ်ကို အထိုက်အလျောက် တင်ပို့ရောင်းချနေရတာဖြစ်လို့ ဒီရက်ပိုင်းမှာ နယ်ဈေး ကတစ်ပိသာ ကို ၃၀၀လောက် ဈေးမြင့်တက်လာပါတယ်။ ဈေးတက်တဲ့အတွက် အရောင်းအဝယ်ကလဲ အေးနေပါတယ်။ ပခုက္ကူဈေးကွက်မှာ ကြက်သွန်နီက တစ်ပိသာကို ၆၅၀ကနေ ၈၁၃ ကျပ်အထိ ဈေးရှိပြီး ၇၅ကျပ် ဝန်း ကျင် ဈေးတက်လာပါတယ်။ မြင်းခြံဈေးကွက်မှာလည်း ကြက်သွန်နီးက တစ်ပိသာကို ကျပ် ၆၇၅ကနေ ၇၈၈ ကျပ်ဈေးရှိပြီး၊ ၅၀ကျပ် ဝန်းကျင် ဈေးတက်လာပါတယ်။ 

စိုးချစ်ချစ်ပိုင်(AMIA)

 

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....