ယခုတစ်ပါတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ
(၄.၃.၂၀၁၉ မှ ၈.၃.၂၀၁၉)ထိ
မတ်ပဲ (FAQ/RC)
မတ်ပဲက ဒီတစ်ပတ်မှာလည်း ဈေးတက်လာခဲ့ပါတယ်။ လက်ရှိမှာ အတက်ဈေးကြောင့် တောင်သူတွေက အလျင်အမြန်ထုတ်ရောင်းဖို့ စိုင်းပြင်းနေပေမယ့် ကုန်သည်တွေကတော့ လက်ရှိမှာ ဆက်လက်စောင့်ဆိုင်းဖို့ တိုက်တွန်းနေတာလည်းတွေ့ရပါတယ်။ အချို့နယ်ဒေသတွေမှာတော့ ဈေးကွက်အတွင်း ပဲကမရှိသလောက် အခြေအနေဖြစ်နေပြီး ရောင်းစရာ မကျန် ဝယ်စရာမကျန်အခြေအနေတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ ပြည်ပတင်ပို့မှုကတော့ ပုံမှန်တင်ပို့နေပါတယ်။
မတ်ပဲက ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၆၈၀၀၀၀ နဲ့ အမြင့်ဆုံးဈေးရရှိခဲ့ပြီး ပြီးခဲ့တဲ့အပတ်နဲ့ နှိုင်းယှဉ်ရင် တစ်တန်ကို ၃၀၀၀၀ လောက်ဈေးတက်လာခဲ့ပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၂၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၃၃၀၀ ကျပ်နဲ့ ၁၈၀၀ ကျပ် ဈေးတက်လာခဲ့ပြီး နေပြည်တော် ကုန်စည်ဒိုင်မှာတော့ ၂၀၀၀၀ ကျပ်နဲ့ဈေးငြိမ်နေပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ် ကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ရက်ခြားသာ အရောင်းအဝယ်ဖြစ်တဲ့အတွက် ဈေးကတော့ အတက်အကျအနည်းငယ်သာရှိတာတွေ့ရပါတယ်။ ပဲစင်းငုံနီကတော့ လက်တလောမှာ အရမ်းကို ငြိမ်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၇ သိန်းကျော်နဲ့အရောင်းအဝယ်ရှိနေခဲ့ပါတယ်။ နယ်ကုန်စည်ဒိုင်တွေဖြစ်တဲ့ မုံရွာကုန်စည်ဒိုင်မှာတော တစ်တင်းကို ၂၅၂၀၀ နဲ့ ၄၀၀ ကျပ်၊ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၅၀၀၀ ကျပ်နဲ့ ၇၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၅၅၀၀ ကျပ် နဲ့ ၆၀၀ ကျပ်အသီးသီးဈေးကျဆင်းသွားခဲ့ပြီး ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၅၅၀၀နဲ့ ဈေးငြိမ်နေပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ လက်ရှိမှာ ဈေးကဆက်တိုက်ကို တက်နေပါတယ်။ အဝယ်ကလည်း ပြည်တွင်းပြည်ပမှာ ရှိပြီး အရောင်းသွက်နေတဲ့အခြေအနေလည်းဖြစ်ပါတယ်။
မုံရွာဈေးကွက်မှာ ပဲတီစိမ်း(အကြီး၊သေး)က တစ်တင်းကို ၂၇၅၀၀ ကနေ ၃၀၅၀၀ ပေါက်ဈေးရှိပြီးတစ်တင်းကို ၅၀၀ ကျပ်၊ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၄၀၀၀၀ ရှိပြီး တစ်တင်းကို ၃၄၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာ တစ်တင်းကို ၃၃၀၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။
မြင်းခြံကုန်စည်ဒိုင်မှာတော့ ၂၃၂၇၅ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၇၅၀၀ ကျပ် နဲ့ဈေးတည်ငြိမ်နေပါတယ်။
အစေ့ထုတ်ပြောင်း
ဒီတစ်ပတ်မှာတော့ အစေ့ထုတ်ပြောင်းက ဈေးကျဆင်းသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ကတည်း ဈေးကျဆင်းနေခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ တရုတ်ကလည်း ပြောင်းကိုဝယ်ယူမှုမရှိတာကိုတွေ့ရပါတယ်။ ပြောင်းတွေက တရုတ်နယ်စပ်မှာပုံနေပြီး ပျက်စီးအလေအလွင့်တွေလည်းအများအပြားဖြစ်နေတယ်လို့ ကုန်သည်တွေထံကနေသိရပါတယ်။
အဆိုပါ အစေ့ထုတ်ပြောင်းကို တရုတ်ဘက်က တရားဝင်ဝယ်ယူဖို့အတွက် ပြောင်းကုန်သည်အသင်းက မြန်မာအစိုးရကို တောင်းဆိုမှုတွေပြုလုပ်မယ်လို့ ကုန်သည်တွေထံကနေ သိရပါတယ်။ လက်ရှိမြန်မာအစိုးရကလည်း ဆောင်ရွက်ပေးမှုတစ်စုံတစ်ရာ မရှိဘူးလို့သိရပါတယ်။
လားရှိုးကုန်စည်ဒိုင်ဈေးကွက်မှာ အစေ့ထုတ်ပြောင်းက ၄၀၀ ကနေ ၅၀၀ ကြားရှိပြီးတစ်ပိဿာကို ၂၀၀ လောက် ဈေးကျဆင်းသွားပါတယ်။ တောင်ကြီးကုန်စည်ဒိုင်မှာ တစ်ပိဿာကို ၃၈၀ ရှိပြီး ၄၀ ကျပ်၊ အောင်ပန်းကုန်စည်ဒိုင်မှာ ၄၀၀ ကျပ်ရှိပြီး ၅၀ ကျပ်၊ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၄၀၅ ကျပ်ရှိပြီး ၁၅ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၄၁၈ ကျပ်ရှိပြီး ၁၀ ကျပ် အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။
ချင်း
ဒီတစ်ပတ်မှာတော့ ချင်းဈေးတွေ တက်လာခဲ့ပါတယ်။ အဓိကဘင်္ဂလားဒေ့ကို တင်ပို့တာဖြစ်ပြီးတော့ တင်ပို့မှုများလာတဲ့အတွက်ဈေးက တက်လာတာဖြစ်တယ်လို့သိရပါတယ်။ပြည်တွင်းဝယ်ယူမှုကလည်း များနေတဲ့အတွက် ဈေးကလည်းတက်နေပါတယ်။
အောင်ပန်းကုန်စည်ဒိုင်မှာချင်း(အစို)က တစ်ပိဿကို ၁၂၀၀ ကျပ်ရှိပြီး ၃၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၁၅၆၀ နဲ့ ၆၀ ကျပ်၊ နေပြည်တော်ကုန်စည်ဒိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၁၆၀၀ ကျပ်ရှိပြီး ၁၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။
ဝတ်ရည်မွန်(AMIA)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026