ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ
ဆန်၊စပါး
ရန်ကုန်ဈေးကွက်မှာ ဆန်ဟောင်းဈေးတွေကတော့ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးလည်း ငြိမ်နေပါတယ်။ ဆန်အသစ်တွေဖြစ်တဲ့ ပေါ်ဆန်းသစ်၊ ကြားပျံသစ်တို့ကတော့ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေပြီး ဆန်ဈေးတွေကလည်း တက်နေပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတည်းက ပွဲတော်ရက် ပိတ်ရက်များပြီး အဝင်နည်းသွားတဲ့အတွက် ဈေးကလည်း တက်လာခဲ့တာလည်း ဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ အသစ်ဝင်လာတဲ့ ပေါ်ဆန်းသစ်ကတော့ တစ်အိတ်ကို ၃၃၀၀၀ ကနေ ၃၅၀၀၀ ပေါက် ဈေးရှိပြီး တစ်ပတ်အတွင်း ငွေကျပ် ၅၀၀ ကျပ်၊ ကြားပျံသစ်ကတော့ တစ်အိတ်ကို ၃၄၀၀၀ ကနေ ၄၀၀၀၀ ရှိပြီး၄၀၀၀ ကျပ်၊ ဈေးတက်လာခဲ့ပါတယ်။ မြောင်းမြပေါ်ဆန်းသစ်ကတော့ ပြီးခဲ့တဲ့အပတ်က ဈေးတက်နေခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ တစ်အိတ်ကို ၂၀၀၀ လောက်ဈေးကျဆင်းသွားခဲ့ပြီး တစ်အိတ်ကို ၃၈၀၀၀ ကနေ ၄၀၀၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။
ပုသိမ်ဈေးကွက်မှာတော့ ဈေးကွက်အတွင်းဝင်နေတဲ့ ဆန်တွေက ဈေးတက်နေပြီး စပါးဈေးတွကတာ့ ပုံမှန်ပေါက်ဈေးရှိနေပါတယ်။ ပထမတန်းစား စပါးဖြစ်တဲ့ပေါ်ဆန်းရင်စပါးက တင်း ၁၀၀ ကို ၈၇၆၀၀၀ ကျပ် နဲ့ ဈေးငြိမ်နေပေမယ့် ဆန်ကတော့ တစ်အိတ်ကို ၅၁၀၀၀ နဲ့ ၁၀၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ ဖျာပုံပေါ်ဆန်း ကတော့ စပါးအဝင်မရှိပဲ ဆန်ကတော့ တစ်အိတ်ကို ၅၁၀၀၀ နဲ့ ၁၀၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။
လက်ရှိမှာ မိုးစပါးအသစ်တွေက ဈေးကွက်ထဲကို ဝင်နေပေမယ့် လာမယ့်ဒီဇင်ဘာလမှာတော့ လှိုင်လှိုင်ဝင်လာနိုင်ပြီး ဈေးကလည်း ပုံမှန်ပြန်ဖြစ်သွားနိုင်ပါတယ်။ လက်ကျန်စပါးကတော့ မရှိတော့ပဲ ဆန်တွေသာ အရောင်းအ ဝယ်ပုံမှန်ဖြစ်ပြီး ဈေးအနည်းငယ်တက်သွားခဲ့တာပါ။
မတ်ပဲ (FAQ/RC)
မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ လက်ရှိမှာတင်ပို့မှုလည်းများလာနေပြီး အိန္ဒိယလိုအပ်ချက်အပေါ် အများအပြားရောင်းချနေတဲ့အတွက်ကြောင့် ဈေးက အနည်းငယ်ကျဆင်းသွားခဲ့တာပါ။
အိန္ဒိယအစိုးရရဲ့ ကမ်းလှမ်းချက်ကြောင့် G To G စနစ်နဲ့ သွားဖို့အတွက် စီးပွားရေး နဲ့ ကူးသန်းရောင်းဝယ်ရေးက ဆောင်ရွက်နေပေမယ့် အိန္ဒိယအစိုးရရဲ့ ကမ်းလှမ်းချက်ဖြစ်တဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်အပေါ် အမြတ် ငွေ ၃၀ ရာခိုင်နှုန်းပေးဝယ်မယ်ဆိုတဲ့စနစ်ကို မြန်မာပဲကုန်သည်တွေက လက်သင့်မခံတာတွေကိုလည်း တွေ့ရ ပါတယ်။ အဆိုပါကမ်းလှမ်းချက်သည် ဒေသတစ်ခုနဲ့တစ်ခု ကုန်ကျစရိတ်မတူတဲ့အပြင် အိန္ဒိယနိုင်ငံရဲ့ မတည်ငြိမ်တဲ့ပေါ်လစီကြောင့် မြန်မာပဲကုန်သည်တွေ တောင်သူတွေ နစ်နာမှုဆက်မရှိစေရန် လက်မခံတာဖြစ်ကြောင်းကိုလည်း ပဲအသင်းက တာဝန်ရှိသူတွေက ပြောပါတယ်။
လက်ရှိမှာ အိန္ဒိယအနေနဲ့ ပဲလိုအပ်ချက် အလိုက်သာ ဝယ်ယူနေခြင်း၊ ခဏခဏပြောင်းလဲနေတဲ့ ပေါ်လစီမူဝါဒတွေ ချမှတ်နေခြင်းတို့ကို ပြုလုပ်နေပြီး စိုးရိမ်နေတဲ့ မြန်မာတောင်သူ ကုန်သည်တွေအပေါ်ခေါင်းပုံဖြတ်မှုတွေ ပြုလုပ်နေတာကိုလည်းတွေ့ရပါတယ်။
မြန်မာကုန်သည်တွေကတော့ လတ်တလောမှာ G to G စနစ်သွားရာတွင် ကြမ်းခင်းဈေး သတ်မှတ်ပေးရေး သယ်ယူစရိတ် နဲ့ ငါးနှစ်ဆက်တိုက် ဝယ်ယူရေးတို့ကို စိတ်အားထက်သန်နေပါတယ်။ ဒီတစ်ပတ်ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ငွေကျပ် ၃ သောင်းကျော်လောက် ဈေးကျဆင်းသွားခဲ့ပါတယ်။
ရန်ကုန်ဈေးကွက်မှာ ဈေးကျဆင်းသွားပေမယ့် နယ်ကုန်စည်ဒိုင်တွေမှာတော့ ပုံမှန်အရောင်းအဝယ်တွေ ပြုလုပ်နေတဲ့အတွက် ဈေးကတော့ တက်နေပါတယ်။ မုံရွာဈေးကွက်မှာမတ်ပဲက တစ်တင်းကို ၂၈၅၀၀ နဲ့ ၁၅၀၀ ကျပ်၊ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၈၀၀၀ ကျပ် နဲ့ ၁၀၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာ တစ်တင်းကို ၃၀၅၀၀ နဲ့ ၂၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။ မတ်ပဲကတော့ နိုဝင်ဘာတစ်လအတွင်း တစ်တန်ကို ငွေကျပ် ၁၄၀၀၀၀ နီးပါးဈေးတက်လာခဲ့ပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးက တက်လာခဲ့ပါတယ်။အိန္ဒိယနိုင်ငံမှာ ဝယ်လိုအားကောင်းနေပြီး ရောင်းလိုအား နည်းနေတဲ့အတွက်ကြောင့် ပြည်ပ ဝယ်ယူမှုတွေ ပိုလာပြီး ဈေးက တက်နေခဲ့တာပါ။
အိန္ဒိယနိုင်ငံမှာ မိုးရွာသွန်းမှုမရှိတာဟာ ပြီးခဲ့တဲ့လကတည်းဖြစ်နေပြီးတော့ မိုးခေါင်မှုက ဆိုးရွာနိုင်တယ်လို့ အိန္ဒိယမိုးဇလကလည်း ထုတ်ပြန်ထားပါတယ်။ ထိုပြင်လာမယ့်နှစ်မှာ အယ်နီညိုဝင်မှာဖြစ်တဲ့အတွက် အိန္ဒိယနိုင်ငံရဲ့ ပဲစင်းငုံနီဈေးကွက်က ရလဒ်ဆိုးရွားနိုင်တယ်လို့ သိရပါတယ်။ လက်ရှိရာသီဥတုအခြေအနေသည် ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ရာသီဥတု နဲ့ဆင်တူဖြစ်နေတဲ့အတွက် လာမယ့် ၂၀၁၉ ဟာ ပဲစင်းငုံနီရဲ့ နှစ်ဖြစ်နိုင်တယ်လို့လည်း ကုန်သည်တွေက ယူဆထားပါတယ်။
အိန္ဒိယနိုင်ငံမှာ ယခုနှစ်ပဲစိုက်ပျိုးမှုက ၁၈ ရာခိုင်နှုန်းခန့်ကျဆင်းသွားခဲ့တာကိုလည်း တွေ့ရပါတယ်။ လက်ကျန်ပဲကလည်း တန်ချိန် အနည်းငယ်သာ ရှိတော့ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ အခြေအနေကတော့ ကုန်သည်အများစုက အထက်ပါအတိုင်း သုံးသပ်ထားကြပြီး အိန္ဒိယရဲ့ ပြောင်းလဲနေတဲ့ မူဝါဒအမျိုးမျိုးအပေါ်ကို တောင်သူတွေအနေနဲ့ရော ကုန်သည်တွေအနေနဲ့ချင့်ချိန် ဆုံးဖြတ်သင့်ကြောင်း ကုန်သည်ကြီးတွေက ဆိုထားပါတယ်။
ပြီးခဲ့တဲ့အပတ်က ဈေးမဖွင့်ခဲ့တဲ့ ပဲစင်းငုံနီက ဒီတစ်ပတ်မှာတော့ အမြင့်ဆုံးဈေး ၈၆၀၀၀၀ အထိ ဈေးရရှိခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၆၀၀၀ ရှိပြီး တစ်တင်းကို ၄၅၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၆၇၀၀ နဲ့ ၄၆၀၀ ကျပ်၊ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၆၀၀၀ ကျပ် နဲ့ ၃၀၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကလည်း ဒီတစ်ပတ်မှာလည်း ဈေးတက်လာပါတယ်။ အခြားပဲသီးနှံဈေးတွေတက်သလို ပဲတီစိမ်းကလည်းတက်နေပြီး အရည်အသွေးအလိုက်ဈေးကတော့ မြင့်နေပါတယ်။ ပဲတီစိမ်းကတော့ နိုဝင်ဘာတစ်လအတွင်း တစ်တန်ကို ငွေကျပ် ၂၅၀၀၀၀ နီးပါးဈေးတက်လာခဲ့ပါတယ်။ အရောင်းအဝယ်ကတော့ ပုံမှန်ရှိနေပါတယ်။
မုံရွာဈေးကွက်မှာ ပဲတီစိမ်း (ကြီး၊သေး)က တစ်တင်းကို ၂၇၅၀၀ ကနေ ၂၇၇၅၀ ရှိပြီး တစ်တင်းကို ၁၂၅၀ ကျပ်၊ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၆၆၀၀ ရှိပြီး ၃၀၀၀ ကျပ်၊ဈေးတက်လာခဲ့ပြီး ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၅၈၀၀ ကျပ် နဲ့ ဈေးငြိမ်နေပါတယ်။
နှမ်းမျိုးစုံ
နှမ်းမျိုးစုံကတော့ ဒီတစ်ပတ်မှာ ဈေးအတော်လှုပ်ခတ်သွားပါတယ်။ အဓိကလှုပ်ခတ်သွားတာကတော့ နှမ်းနက်(စမုံ)အမျိုးအစားဖြစ်ပြီးတော့ ရုတ်တရက် ဈေးကကျဆင်းသွားခဲ့ပါတယ်။ မြန်မာ့နှမ်းက နိုင်ငံတကာဈေးကွက်မှာ ဈေးကွာဟမှုရှိနေတဲ့အတွက်ကြောင့် ဝယ်လိုအားကျဆင်းသွားခဲ့ပြီး ဈေးကလည်း ကျဆင်းသွားခဲ့ပါတယ်။
နှမ်းနက်(စမုံ)
မန္တလေးဈေးကွက်မှာ နှမ်းနက်(စမုံ)က တစ်အိတ်ကို ၂၃၀၀၀၀ ကနေ ၂၆၀၀၀၀ ရှိပြီ တစ်အိတ်ကို ၃၀၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
နှမ်းဖြူ
နှမ်းဖြူကတော့ တစ်အိတ်ကို ၁၇၈၀၀၀ ကနေ ၁၈၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀၀ ကျော်ဈေးကျဆင်းသွားပါတယ်။
နှမ်းညို
နှမ်းညိုကတော့ တစ်အိတ်ကို ငွေကျပ် တစ်သောင်းကျော်လောက်ဈေးတက်လာခဲ့ပြီး တစ်အိတ်ကို ၁၆၈၀၀၀ အထိဈေးတက်လာခဲ့ပါတယ်။
ဝတ်ရည်မွန်(AMIA)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026