ယခုတစ်ပတ်အတွင်း ဈေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ
(ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ မတ်လ ၁ ရက်နေ့ထိ)
ဆန်၊ စပါး
ဒီတစ်ပတ်ရန်ကုန်ဈေးကွက်မှာ ဆန်ချောရော ဆန်ကြမ်းရော ဈေးအနည်းငယ်ဆီတက်ပါတယ်။ အရောင်းအဝယ်ကတော့ အေးနေပြီး ဆန်ကောင်းမှ ရောင်းရတဲ့ အခြေအနေလည်းဖြစ်ပါတယ်။
ဒီတစ်ပတ်မှာ ဈေးတက်လာတာကတော့ မြောင်းမြပေါ်ဆန်းသစ်ပဲဖြစ်ပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်တက်လာကာ ၃၅၀၀၀ ကနေ ၃၈၀၀၀ ကျပ်ရှိပါတယ်။ ကြားပျံရှယ်ကလည်း တစ်အိတ်ကိ ၂၀၀၀ ကျပ်တက်လာပြီး တစ်အိတ်ကို ၄၀၀၀၀ ကနေ ၄၂၀၀၀ ပေါက်ဈေးရှိပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ ရက် ၉၀ ဆန်သစ် ကတော့ တစ်အိတ် ကို ၂၅၀၀၀ ကနေ ၂၅၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်၊ ဧည့်မထ သစ်၂၅ %မှတ်တန်ကတော့ တစ်အိတ်ကို ၁၉၂၀၀ ကနေ ၁၉၅၀၀ ရှိပြီး ၃၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။
ရန်ကုန်ဈေးကွက်မှာ ဆန်ကြမ်းဈေးတွေ တက်နေပေမယ့် ပုသိမ်ကုန်စည်ဒိုင်ဈေးကွက်မှာတော့ ဒုတိယတန်းစားစပါးတွေက ဈေးကျဆင်းနေတာတွေ့ရပါတယ်။ မနေသုခစပါးက တင်း ၁၀၀ ကို ၅၈၄၂၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၃၀၀၀၀ နီးပါးဈေးကျဆင်းသွားခဲ့ပါတယ်။ မီးကောက်စပါးကတော့ တင်း ၁၀၀ ကို ၅၉၃၄၀၀ ရှိပြီး ၅၀၀၀ ကျပ်ဈေးကျဆင်းသွာခဲ့ပါတယ်။ စပါးဈေးကျဆင်းပေမယ့် ဆန်(ထိပ်စ)ကတော့ ဈေးငြိမ်နေခဲ့ပါတယ်။
အခြားအမျိုးအစားဖြစ်တဲ့ ရွှေသွယ်လေးနဲ့ဧရာမင်းတို့ကတော့ တင်း ၁၀၀ ကို ၆၉၀၀၀၀ ရှိပြီးသီးထပ်ရင် ကတော့ တင်း ၁၀၀ ကို ၅၇၉၆၀၀ ကျပ်ရှိပါတယ်။
ပထမတန်းစားဖြစ်တဲ့ ဧရာဝတီပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၁၀၃၃၉၀၄ ပေါက်ဈေးရှိပါတယ်။ ပေါ်ဆန်းရင်ကလည်း တင်း ၁၀၀ ကို ၉၄၆၂၀၀ ပေါက်ဈေးရှိပါတယ်။ ဖျာပုံပေါ်ဆန်းမွှေးစပါးကတော့ တင်း ၁၀၀ ကို ၉၂၀၀၀၀ ပေါက်ဈေးရှိပါတယ်။
မတ်ပဲ (FAQ/RC)
မတ်ပဲက ဒီတစ်ပတ်မှာလည်း ဈေးတက်လာပါတယ်။ တက်တယ်ဆိုပေမယ့်လည်း အတက်အကျ အပြောင်းအလဲကတော့ အနည်းငယ်ရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရန်ကုန်ဈေးကွက်ကနေ တင်ပို့ကလည်း အနည်းငယ်သာရှိနေပြီးဈေးကလည်း ထိန်းနေတဲ့သဘော ရှိနေခဲ့ပါတယ်။ ပဲဈေးကွက်မှာ တစ်ပတ်အတွင်း အတော်အေးနေပါတယ်။ ကုန်သည်တွေကလည်းစောင့်ကြည့်နေတဲ့အနေအထားရှိနေခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်ကတော့ အိန္ဒိယမှာပြုလုပ်ခဲ့တဲ့ စီးပွားရေးဆိုင်ရာတွေ့ဆုံပွဲမှာ မြန်မာအစိုးရအဖွဲ့နဲ့ပဲနှမ်းကုန်သည်တွေက မြန်မာမတ်ပဲ တန်ချိန် ၄ သိန်းခန့်ကို ၂၀၁၉ ခုနှစ်မှာ ဝယ်ယူပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ ထို့ပြင် ပဲမျိုးစုံကို လွတ်လပ်စာရောင်းချခွင့်ပေးဖို့နဲ့ ပဲဝယ်ယူမှုကို အချိန်မကန့်သတ်စေကြောင်း တောင်းဆိုခဲ့တယ်လို့သိရပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေကတော့ အိန္ဒိယကို တောင်းဆိုမှုတွေနဲ့ပဲ ပဲရောင်းချခွင့်ရအောင် လုပ်ဆောင်နေရတဲ့ အခြေအနေဖြစ်နေပါတယ်။
မတ်ပဲက ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၆၅၀၀၀၀ နဲ့ အမြင့်ဆုံးဈေးရရှိခဲ့ပြီး ပြီးခဲ့တဲ့အပတ်နဲ့ နှိုင်းယှဉ်ရင်အနည်းငယ်သာ ဈေးတက်ခဲ့ပါတယ်။ ဖေဖော်ဝါရီတစ်လလုံး မတ်ပဲက အတက်ဈေးနဲ့ရှိနေခဲ့ပါတယ်။
မုံရွာဈေးကွက်မှာတော့ တစ်ပတ်အတွင်း တစ်တင်းကို ၂၀၅၀၀ ပေါက်ဈေးရှိပြီး ၂၅၀ ကျပ်၊နေပြည်တော်ကုန်စည်ဒိုင်မှာတော့ ၂၀၀၀၀ ကျပ်ပေါ်ကဈေးရှိပြီး ၅၀၀ ကျပ်၊ ဈေးကျဆင်းသွားခဲ့ပြီးပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကိ ၂၁၅၀၀ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးက ကျဆင်းသွားခဲ့ပါတယ်။ တစ်ပတ်အတွင်း အဝယ်မရှိတဲ့အတွက် တင်ပို့မှုကလည်း မရှိသလို ဈေးကလည်း ရက်ခြားသာ ဖွင့်ခဲ့ပါတယ်။ တစ်လအတွင်း ဈေးကတော့ အတက်အကျအပြောင်းအလဲ သိပ်မရှိခဲ့ပေမယ့် လအစနဲ့ယှဉ်ရင်တော့ ဈေးကတက်ပါတယ်။နယ်ဈေးကွက်တွေမှာတော့ အနည်းငယ်ဈေးတက်နေတာတွေ့ရပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၇၀၀၀၀၀ ကျော်နဲ့အရောင်းအဝယ်ဖြစ်နေပြီး ပြီးခဲ့တဲ့အပတ်နဲ့နှိုင်းယှဉ်လိုက်ရင် တစ်တန်ကို ၃ သောင်းလောက်ဈေးကျဆင်းသွားခဲ့ပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၅၆၀၀ နဲ့ တစ်တင်းကို ၂၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၅၇၀၀ နဲ့ ၄၀၀ ကျပ်ဈေးတက်လာခဲ့ပြီး ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၂၆၁၀၀ နဲ့ ၁၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ ၂၅၅၀၀ ကျပ်နဲ့ဈေးငြိမ်နေပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာလည်း ဈေးတက်လာခဲ့ပါတယ်။ ဖေဖော်ဝါရီမှာတော့ ပဲတီစိမ်းက အတက်ဈေး နဲ့ ဖြစ်နေပြီး အဝင်ရှိသလောက် အရောင်းအဝယ်လည်းဖြစ်နေတာတွေ့ရပါတယ်။ ပဲတီစိမ်းကတော့ တစ်ခြားပဲတွေ နဲ့နှိုင်းယှဉ်လိုက်ရင် စိတ်ပူစရာမလိုတဲ့ ပဲလို့လည်းပြောလို့ရပါတယ်။
တရုတ်က ပုံမှန်အဝယ်ရှိနေခဲ့ပြီး အခြားပြည်ပနိုင်ငံတွေကလည်း ဝယ်ယူမှုတွေရှိနေခဲ့တဲ့အတွက် တောင်သူတွေအနေနဲ့ အရည်အသွေးပေါ်မှာသာဂရုစိုက်ရမယ့်အခြေအနေပါ။ အရည်အသွေးပေါ်မူတည်ပြီးတော့ နယ်ကုန်စည်ဒိုင်အချို့မှာတော့ အကျဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။
မုံရွာဈေးကွက်မှာ ပဲတီစိမ်း(အကြီး၊သေး)က တစ်အိတ်ကို ၂၇၂၅၀ ကနေ ၃၀၀၀၀ ပေါက်ဈေးရှိပြီး ၂၅၀ ကျပ်၊ မြင်းခြံကုန်စည်ဒိုင်မှာ ၂၃၂၇၅ ကျပ်ရှိပြီး တစ်အိတ်ကို ၉၅၀ ကျပ်၊ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ် အိတ်ကို ၃၆၆၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ် အသီးသီးဈေးကျဆင်း သွားခဲ့ပါတယ်။
ပြည်ကုန်စည်ဒိုင်မှာတော့ တစ်အိတ်ကို ၃၂၅၀၀ နဲ့ ၁၅၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာလည်း ၂၄၃၅၀ ကနေ ၄၂၂၀၀ ပေါက်ဈေးရှိပြီးတစ်တင်းကို ၁၀၀၀ လောက်တစ်ပတ်အတွင်း ဈေးတက်လာခဲ့ပါတယ်။
ကုလားပဲ
ပြီးခဲ့တဲ့ အပတ်က ဈေးကျဆင်းခဲ့တဲ့ ကုလားပဲက ဒီတစ်ပတ်မှာတော့ ဈေးတက်လာခဲ့ပါတယ်။ အသစ်တွေ အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ဒေသပဲခွဲစက်တွေက ဆက်တိုက်ဝယ်ယူမှုတွေရှိနေတဲ့ အတွက်ဈေးက တက်လာခဲ့ပါတယ်။
မုံရွာကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါ(ကြီး၊သေး)က တစ်တင်းကို ၂၃၃၀၀ ကနေ ၂၅၃၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀ ကျပ်ဈေးတက်လာပါတယ်။ ကုလားပဲလုံးဖြူ(ကြီး၊သေး)ကတော့ တစ်တင်းကို ၂၄၅၀၀ ကနေ ၂၄၈၀၀ ရှိပြီး ၃၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ ကုလားပဲလုံးဝါကြီး ကတော့ ၂၄၈၀၀ ရှိပြီး ၈၀၀ ကျပ် ကုလားပဲလုံးဖြူကြီး ကလည်းတစ်တင်းကို ၂၄၈၀၀ ကျပ်ရှိပြီး တစ်တင်းကို ၁၀၅၀ ကျပ်ဈေးတက်လာပါတယ်။
ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါက တစ်တင်းကို ၂၇၆၀၀ ကျပ်ရှိပြီး ၂၆၁၀၀ ကျပ်ရှိပြီး တစ်တင်းကို ၁၅၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ ကုလားပဲလုံးဖြူကတော့ တစ်တင်းကို ၂၅၀၀၀ ကျပ်ရှိပြီး ၅၅၀ကျပ်ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၉၂၀၀ ရှိပြီး ၁၂၀၀ ကျပ်အသီးသီး ဈေးတက်လာခဲ့ပါတယ်။
ထောပတ်ပဲ
ထောပတ်ပဲကတော့ ဒီတစ်ပတ်မှာလည်းဈေးတက်လာခဲ့ပါတယ်။ ထောပတ်ပဲကတော့ တစ်ခြားပဲတွေနဲ့ ယှဉ်ရင် ပြည်တွင်းစားသုံးမှုလည်းများတဲ့ ပဲလည်းဖြစ်ပါတယ်။ လက်ရှိမှာ အသစ်တွေကလည်း ဆက်တိုက် ဝင်ရောက်နေသလို အရောင်းအဝယ်ကလည်းကောင်းနေပါတယ်။
မုံရွာဈေးကွက်မှာ တစ်တင်းကို ၃၈၀၀၀ ပေါက်ဈေးရှိပြီးတစ်တင်းကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၂၄၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၄၅၀ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၆၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၆၀၀၀ ကျပ်ဈေးရှိနေပါတယ်။
စားအုန်းဆီ
စားအုန်းဆီကတော့ ဒီတစ်ပတ်မှာလည်း ဈေးကျဆင်းသွားခဲ့ပြီး နှစ်ပတ်ဆက်တိုက် ဈေးကကျဆင်းနေပါတယ်။ ငွေဈေးတွေလည်းကျဆင်းသွားတဲ့အတွက် ဆီဈေးတွေကကျဆင်း သွားခဲ့တာဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်ပိဿာကို ၁၆၂၀ နဲ့ တစ်ပတ်အတွင်းတစ်ပိဿာကို ၈၀ လောက်ဈေးကျဆင်းသွားခဲ့ပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၁၇၄၅ ကျပ်နဲ့ တစ်ပိဿာကို ၁၅ ကျပ်လောက်ဈေးကျဆင်းသွားခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း တစ်ပိဿာကို ၁၆၆၅ ကျပ်နဲ့တစ်ပိဿာကို ၃၅ ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။
ရန်ကုန်ဆီအသင်းမှာလည်း စားအုန်းဆီက တစ်ပိဿာအရင်းဈေး ကို ၆၅ ကျပ်လောက်ဈေးကျဆင်းသွားခဲ့ပြီး ၁၅၇၇ ကျပ်ကနေ ၁၆၀၃ ကျပ် ရှိနေပါတယ်။
ဝတ်ရည်မွန်(AMIA)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....