တရုတ်နိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းများတင်ပို့မှု ပိုမိုတိုးတက်ရန် ယူနန်နှင့် ရှန်ဟိုင်းအစိုးရအဖွဲ့များဖြင့် ဆွေးနွေးနေ
တရုတ်နိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရာတွင် ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယူနန်ပြည်နယ်နှင့် ရှန်ဟိုင်းပြည်နယ်တို့မှ အစိုးရအဖွဲ့များနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့အကြား ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
နိုင်ငံ၏ ဒေသတွင်း ပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) အမြန်ဆုံး တိုးတက်စေရန်အတွက် ငါးမွေးမြူရေးကဏ္ဍ၊ ငါးလုပ်ငန်းကဏ္ဍ၊ ပင်လယ်ထွက်ကုန်စည်များမှ ပို့ကုန်များ တိုးမြှင့်နိုင်ရန် အင်မတန်အရေးကြီးသလို ယင်းကဲ့သို့ ဆောင် ရွက်နိုင်မှုသည် အချိန်တိုအတွင်း၌ တိုင်းပြည်၏ GDP ကို အမြန်ဆုံးတိုးမြင့်ပေးမည့် အခြေအနေတစ်ခုဖြစ်ကြောင်း သိရသည်။
"ဒီအပြင် ကျွန်တော်တို့ တရုတ်ပြည်ကို ကုန်စည်ပို့ဆောင်တဲ့နေရာမှာ ငါးလုပ်ငန်းကဏ္ဍ၊ ပင်လယ်ထွက်ပစ္စည်းတွေရဲ့ကဏ္ဍကို ပိုမိုဖွံ့ဖြိုးတိုးတက်စေနိုင်ဖို့အတွက်လည်း ကျွန်တော်တို့ ယူနန်နဲ့ ဆွေးနွေးနေတာရှိပါတယ်။ ဒီအပြင် ကျွန်တော်တို့ ရှန်ဟိုင်းဘက်နဲ့လည်း ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရဘက်က ဆွေးနွေးနေတာရှိပါတယ်။ ဒါက ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ ငါးဈေးကွက်ကို ရန်ကုန်ကိုအခြေပြုပြီး ဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။" ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့်သော်လည်းကောင်း၊ ငါးလုပ်ငန်းနယ်ပယ်အသီးသီးတွင် လုပ်ငန်းဆောင်ရွက်နေသည့် ကမ်းနီး၊ ကမ်းဝေးရှိ ငါးဖမ်းနေသူများနှင့်သော်လည်းကောင်း ညှိနှိုင်းဆောင်ရွက်နေကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တွင် ဇွန်လ ၂၉ ရက်က ကျင်းပပြုလုပ်သည့် နိုင်ငံတော် ဒုတိယသမ္မတ ၁ နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ၂၈ ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲ၌ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ် သည်။
တရုတ်နိုင်ငံသို့ ရေထွက်ပစ္စည်းများဖြစ်သည့် မွေးမြူရေး ငါး၊ ပုစွန်များ တင်ပို့ရာတွင် အခက်အခဲများ တွေ့ကြုံနေရပါသဖြင့် အခက်အခဲများကို ဖြေရှင်းပေးရန်၊ ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် တရုတ်နိုင်ငံနှင့် အစိုးရချင်း ဆက်သွယ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် ကုန်သွယ်မှုများ လွယ်ကူလျင်မြန်ချောမွေ့စေရေးအတွက် လိုအပ်သည်များကို ကြိုတင်ညှိနှိုင်း ဆောင်ရွက်ပေးရန်ကိုလည်း နိုင်ငံတော်သို့ တင်ပြတောင်းဆိုထားကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။
ယင်းအပြင် ကြက်နှင့် ငါး နှစ်မျိုးတွဲ၍ မွေးမြူသော လုပ်ငန်းများမှထွက်သော ငါးများကို အစား အသောက်ဘေးကင်း လုံခြုံမှုမရှိဘဲ ပြည်ပသို့တင်ပို့ရန် အခက်အခဲများရှိသဖြင့် ယင်းကဲ့သို့ နှစ်မျိုးပေါင်း၍ မွေးမြူခြင်းကို ဥပဒေတစ်ရပ်ထုတ်၍ တားမြစ်ပေးပါရန်နှင့် ငါးမွေးမြူရေးလုပ်ငန်းတစ်ခုကို တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ပရောဂျက်ကြီးအသစ်တစ်ခုဖြင့်စ၍ လုပ်ကိုင်နိုင်ရန်အတွက် ဘဏ်ချေးငွေများရရှိအောင် Project Bank ဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးပါရန်တို့ကိုလည်း တင်ပြထားကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။
အေးအေးမြင့်(ABM)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026