ကျိုက်မေရာမြို့ရှိ လယ်ဧက ၁၀၀ ကျော်ကို ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်နိုင်ရန် တရုတ်နှင့်ဆွေးနွေးနေ
မွန်ပြည်နယ်၊ ကျိုက်မေရာမြို့နယ်ရှိ လယ်ဧက ၁၀၀ ကျော်တွင် ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်နိုင်ရန် တရုတ်နှင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။
လွန်ခဲ့သော ၆ လခန့်က မွန်ပြည်နယ် ဝန်ကြီးချုပ်၏ ဖိတ်ခေါ်မှုအရ ကျိုက်မရောမြို့နယ်ရှိ မြေလွတ်(ပလပ်မြေ) နေရာများတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်ခြင်းကို မြန်မာနိုင်ငံ ဆန်စပါးစိုက်ထုတ်သူများအသင်းမှ ဗဟိုအလုပ်အမှုဆောင်များမှ လယ်ဧက ၁၀၀ ကျော်တွင် စမ်းသပ်စိုက်ပျိုးရာ၌ အခက်အခဲများစွာရှိကြောင်း သိရသည်။
"ပြီးခဲ့တဲ့ ၆ လလောက်က ဝန်ကြီးချုပ်ကိုယ်တိုင် ကျွန်တော်တို့အဖွဲ့နဲ့တွေ့ပြီးတော့ သူရဲ့ မြေဧကတွေကိုအသုံးချပေးဖို့ ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့အသင်းဖွဲ့က ဗဟိုအလုပ်မှုဆောင်က မြေဧက ၁၀၀ ကျော်ကို ရယူပြီးတော့ စမ်းသပ်စိုက်ပျိုးကြည့်ပါတယ်။ တရုတ်ပညာရှင်တွေရဲ့ အကူအညီနဲ့ စိုက်ပျိုးတဲ့အခါမှာ အခက်အခဲတွေ့ပါတယ်။ တကယ်လည်း မြေအနေအထားအရ စီးပွားဖြစ် မဖြစ်သေးဘူး။ အဲ့ဒီမှာ ဆည်မြောင်းကနေ ရေပေးဖို့လုပ်နေတဲ့အနေအထားတွေ ကွင်းဆင်းတွေ့ရှိရပါတယ်။ အဲ့ဒီမြေတွေကို အသုံးချနိုင်ဖို့အတွက်လည်း ကျွန်တော်တို့ အသင်းတစ်ခုထဲနဲ့တော့ အားမရှိဘူးပေါ့။" ဟု မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်က ပြောသည်။
လက်ရှိတွင် ကျိုက်မရောမြို့နယ်၌ တရုတ်ပညာရှင်များ၏ အကူအညီဖြင့် ဆန်စပါး စမ်းသပ်စိုက်ပျိုးရာတွင် ရေငန်ဒေသဖြစ်ခြင်း၊ ရေလုံလောက်စွာရရှိမှုမရှိခြင်း၊ ရာသီသီးနှံ တစ်ရာသီတည်း စိုက်ပျိုးနိုင်ခြင်း အစရှိသည့် အခက်အခဲများ ကြုံတွေ့ရကြောင်း သိရသည်။
ယင်းမြေလွတ်သည် ဒေသခံပြည်သူများမှ နည်းပညာနှင့် မျိုးစပါး ကောင်းမွန်စွာမရရှိခြင်း၊ လယ်ယာလုပ်သားရှားပါးခြင်း၊ ချေးငွေလုံလောက်စွာမရရှိခြင်းတို့ကြောင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်နိုင်မှုမရှိခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့က ဖိတ်ခေါ်ဆွေးနွေးပါတယ်။ တရုတ်ကိုလည်း သွားဆွေးနွေးသလို တရုတ်အဖွဲ့ကလည်း လာပါတယ်။ အခုဆွေးနွေးနေတော့ သူတို့တွေက ကွင်းဆင်းကြည့်တာရှိပါတယ်။ ကျွန်တော်တို့ အသင်းကိုယ်စားလည်း စမ်းသပ်ပြီးတော့ တစ်ရာသီစိုက်ပါတယ်။ နည်းနည်လေးတော့ အားမရဘူးပေါ့။ အဲ့ဒီမြေကို ဆက်လက်စိုက်ပျိုးနိုင်ဖို့ ကြိုးစားသွားမှာပါ။ တရုတ်နဲ့ ဖြစ်စေ၊ ကျွန်တော်တို့အသင်းက စုပေါင်းပြီးတော့ဖြစ်စေပေါ့။ အခုစိုက်တာကတော့ ကန်ထရိုက်လယ်စနစ် မဟုတ်သေးပါဘူး။ ဒီမှာရှိတဲ့ တရုတ်ပညာရှင်တွေက ဝိုင်းဝန်းပြီးတော့ နည်းပညာအနေနဲ့ ကူညီပံ့ပိုးပေးတာပါ။" ဟု ဦးစိန်ဝင်းလှိုင်က ပြောသည်။
မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ဗဟိုအလုပ်အမှုဆောင်များ စမ်းသပ်စိုက်ပျိုးလျက်ရှိသည့် သီးနှံမှာ မိုးစပါးသီးနှံဖြစ်ကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင် မျိုးစပါးပေါင်း ၁၃၄ မျိုး စိုက်ပျိုးလျက်ရှိပြီး မိုးစပါးစိုက်ဧက ၁၅ သန်း၊ နွေစပါးစိုက်ဧက ၂ သန်းကျော်၊ စုစုပေါင်း စပါးစိုက်ဧက ၁၇ သန်းကျော် စိုက် ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
အေးအေးမြင့်(ABM)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026