နယ်စပ်တိုက်ပွဲများနှင့်ပတ်သက်၍ ကုန်သွယ်ရေးလမ်းကြောင်းများ ဖွင့်ပေးနိုင်ရန်ညှိနှိုင်းနေ
ရန်ကုန်၊ သြဂုတ် ၂၄ ရက်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ အစိုးရအဖွဲ့များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းတို့ ညှိနှိုင်းနေမှု အဆင်ပြေခြင်း၊ မပြေခြင်းကို မပြောနိုင်သေးကြောင်း နိုင်ငံတော်ဒုသမ္မတ ၁ ဦးမြင့်ဆွေက ပြောသည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် သြဂုတ်လ ၂၄ ရက်က ကျင်းပပြုလုပ်သည့် ၂၉ ကြိမ်မြောက် နိုင်ငံတော်ဒုတိယသမ္မတ (၁) ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ် သည်။
" စီးပွားကူးသန်းဝန်ကြီးဌာန၊ စီမံ/ဘဏ္ဍာဝန်ကြီးဌာန၊ သက်ဆိုင်ရာပြည်နယ် အစိုးရအဖွဲ့တွေနဲ့ ပေါင်းစပ်ညှိနှိုင်းသလို တစ်ဖက်က မနှောင့်ယှက်အောင် ညှိနှိုင်းပြောဆိုပြီးမှ လမ်းကြောင်းတွေ ဖွင့်အောင် တတ်နိုင်သလောက် ကြိုးစားရမှာဖြစ်ပါတယ်။ နိုင်ငံတော်ပိုင်းက တတ်နိုင်သမျှ ဝိုင်းဝန်းဖြေရှင်းပေးနိုင်တာတွေကို ကြိုးစားပေးသွား မှာဖြစ်ပါတယ်။ တချို့ကိစ္စရပ်တွေကို မပြောနိုင်တာက ညှိနှိုင်းတဲ့ကာလမှာ အဆင်ပြေတာ၊ မပြေတာ မပြောနိုင်သေးပါဘူး။ ကျွန်တော်တို့ဘက် က အတတ်နိုင်ဆုံး အဆင်ပြေအောင် ညှိနှိုင်းနေပါတယ်။" ဟု ဒုသမ္မ္မတ ၁ ဦးမြင့်ဆွေက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် သြဂုတ်လ ၁၅ ရက်နေ့မှစတင်၍ ယနေ့အချိန်အထိ AA၊ TNLA၊ MNDAA မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်သုံးဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
အဆိုပါတိုက်ပွဲများကြောင့် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းတို့တွင် ကုန်သွယ်မှုပြတ်တောက်ခဲ့ခြင်းဖြစ်ပြီး ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများမှာ သြဂုတ်လ ၁၇ ရက်မှစ၍ ယနေ့အချိန်အထိ ရပ်ဆိုင်းလျက်ရှိကြောင်း သိရသည်။
"ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်မှုဟာဆိုရင် နယ်ခြားဒေသဂိတ် တွေထဲမှာ မူဆယ်ဟာ အကြီးဆုံးဖြစ်ပါတယ်။ အဲ့ဒီဒေသရဲ့ ထိခိုက်နစ်နာမှုဟာဆိုရင် ပို့ကုန်၊ သွင်းကုန်တန်ဖိုးတင်မကပါဘူး။ အခြေခံအဆောက်အအုံပိုင်းဖြစ်တဲ့ လမ်းတံတားတွေ ပျက်စီးမှု၊ လူတွေ ထိခိုက်နစ်နာမှုရှိသလို တစ်ဖက်ကလည်း ကုန်သွယ်မှုနဲ့ ဆက်စပ်နေတဲ့ သယ်ယူပို့ဆောင်ရေးအပိုင်း၊ အထူးသဖြင့် ကုန်ကားသမားတွေ ကားပိုင်ရှင်တွေ ဒါနဲ့ပတ် သက်ပြီး ကုန်တင်ကုန်ချ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ ရပ်တန့်သွားတဲ့အတွက် အားလုံးထိခိုက်နစ်နာမှုတွေ ရှိပါတယ်" ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။
ယင်းကဲ့သို့ တိုက်ပွဲမဖြစ်ပွားမီ ကာလအတွင်းက မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုပမာဏမှာ တစ်နေ့လျှင် ပျှမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၆ သန်းရှိခဲ့ရာမှ တိုက်ပွဲစတင်ဖြစ်ပွားသည့် သြဂုတ်လ ၁၅ ရက်နောက်ပိုင်းမှစတင်၍ လက်ရှိအချိန်ထိ ကုန်သွယ်မှုပမာဏမှာ တစ်နေ့လျှင် ပျှမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၇ သိန်းဝန်းကျင်လောက်သာ ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ချင်းရွှေဟော်ကုန်သွယ်ရေးဇုန်တွင်လည်း တိုက်ပွဲမဖြစ်ပွားမီကာလအတွင်း တစ်နေ့လျှင် ပျှမ်းမျှအားဖြင့် ကုန်သွယ်မှုပမာဏ အမေရိဒေါ်လာ ၁ ဒဿမ ၃ သန်းဝန်းကျင်ရှိရာ တိုက်ပွဲစတင်ဖြစ်ပွားသည့်နေ့မှစ၍ ပျှမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၅ သိန်းဝန်းကျင်မှ သြဂုတ် လ ၁၆ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၃ သိန်းဝန်းကျင် ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ကုန်သွယ်မှုပြတ်တောက်ခြင်းကြောင့် CMP အထည်ချုပ်လုပ်ငန်းများအတွက် အထည်လိပ်ကုန်ကြမ်း ပြတ်တောက်ခြင်း၊ လူမှုရေးကိစ္စရပ်များ ပြတ်တောက်ခြင်းတို့ကို ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....