နွေစပါးသစ်ပေါ်ချိန် စပါးဈေးနှုန်း ကျဆင်းနေပါက အစိုးရမှ ကျပ်ငွေ ၂၅ ဘီလျံ အသုံးပြု ဝယ်ယူသွားရန် စီစဉ်ဆောင်ရွက်နေ
နွေစပါးသစ် ပေါ်ချိန်တွင် တောင်သူများ စပါးပေါက်ဈေးမှာ ထုတ်လုပ်မှုစရိတ် ထက်လျော့နည်း၍ ဈေးကောင်း မရရှိပါက အစိုးရမှ ဝယ်ယူပေးရန် အသင့် အနေအထား ပြင်ဆင်ထားကြောင်း သိရသည်။ ထိုသို့ အစိုးရမှဝယ်ယူရန်အတွက် ကျပ်ငွေ ၂၅ ဘီလျံ အသုံးပြုရန် လျာထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ ထိုသို့ ဝယ်ယူပေးရန် လယ်ယာထွက်ကုန် စီမံခန့်ခွဲရေး ကော်မတီမှ ဦးဆောင်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကော်မတီများ ဖွဲ့စည်းပေးထားကာ အသင့်အနေအထား ပြင်ဆင်ထားကြောင်း၊ နိုင်ငံတော်မှ ရန်ပုံငွေတောင်းခံထားကြောင်း၊ တောင်သူများ၏ တစ်ဧက စပါးထုတ်လုပ်မှု စရိတ်ထက် လျော့နည်းကာ အရှုံးပေါ်သည့် အခြေအနေတွင် ဝယ်ယူပေးမည် ဖြစ်ကြောင်း သိရသည်။ “ အစိုးရဆီကနေ ရန်ပုံငွေတောင်းခံ ထားပြီးပြီ။ မဖြစ်မနေ ဝယ်ယူပေးဖို့ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေကနေ သူတို့ဒေသမှာတော့ ဝယ်ယူပေးဖို့ ပြောလာရင် ဝယ်ယူသွားမှာ ဖြစ်ပါတယ်။
လက်ရှိ စပါးဈေးကတော့ ထုတ်လုပ်မှု စရိတ်ထက်တော့ ရနေပါသေးတယ်။ ဝယ်ယူမယ့် အခြေအနေမှာလည်း စိုက်ပျိုးရေး ဦးစီးဌာနကတော့ ဘယ်ဒေသမှာ ဘယ်လောက် စပါးထွက်တယ်၊ ဘယ်လောက်ဈေး ရှိတယ်ဆိုတာ တွက် ချက်ပေး ရမှာပေါ့။ လိုအပ်ရင် ချက်ချင်း ဝယ်နိုင်အောင် အဖွဲ့တွေလည်း ဖွဲ့ထားပါပြီ”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က မြန်မာတောင်သူများ ဂျာနယ်ကို ပြောသည်။ ယခင်နှစ်က လယ်ယာထွက်ကုန် စီမံခန့်ခွဲရေးကော်မတီမှ ဦးဆောင်၍ စပါးဈေးကွက် ချိန်ဆမှု တိုးတက်လာစေရန် ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးမှ ထွက်ရှိသော သက်နု စပါး များကို ကျပ်သန်းပေါင်း ၁၅ဝဝဝ အသုံးပြု၍ ဝယ်ယူမည်ဟု ထုတ်ဖော်ပြောကြားထား သော်လည်း နောက်ပိုင်း စပါးဈေး ပြန်လည်ကောင်းမွန်လာ၍ ဝယ်ယူရန် အစီအစဉ်ကို ရပ်တန့်ခဲ့သည်။ “တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ဝယ်ယူ မှု ပြုသွားဖို့ လိုအပ်တယ်။ ဒီလို ကော်မတီကနေ ဝယ်ယူရာမှာလည်း ဧည့်မထစပါးကို အဓိကထားဝယ်ယူမှာ ဖြစ်ပါတယ်။ ပြည်နယ်၊ မြို့နယ်အဆင့်လိုက် ဘယ်မြို့နယ်ကိုတော့ ဝယ်ယူမယ်၊ မဝယ်ယူဘူး တင်ပြ သွားမှာပေါ့။ သက်နု စပါးအများဆုံး ထွက်တာ အောက်တိုဘာလနဲ့ နိုဝင်ဘာလမှာ ထွက်တာပါ။ ဝယ်ယူမယ့်ဈေးနှုန်းကိုလည်း ထပ်ဆွေးနွေးရဦးမှာပါ”ဟု ဆန်စပါးကုန်သည် ဦးမြင့်ဆွေက ပြောသည်။
လယ်ယာထွက်ကုန် စီမံခန့်ခွဲရေး ကော်မတီမှ ဦးဆောင်၍ ဆောင်ရွက်ခြင်းမှာလည်း တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေး ဥပဒေအရ ဆောင်ရွက်ခြင်း ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အခြေခံဈေးနှုန်းများ သတ်မှတ်ကာ ဝယ်ယူမည့် အစီအစဉ်များကိုလည်း နည်းလမ်းတကျ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း၊ ပြည်ပဈေးကွက်တွင် ဆန်စပါးဝယ်လိုအား တိုးမြင့်လာစေရေးနှင့် တောင်သူများ တွက်ခြေကိုက်သည့်ဈေးနှုန်း ရရှိရေးတို့အတွက် ရေတို၊ ရေရှည်အစီအမံများ ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။ “နေပြည်တော်မှာ ဆိုရင် စပါးအဟောင်း တင်း ၁၀ဝ ကို ကျပ်လေးသိန်းခွဲအောက်ဘဲ ဈေးပေါက်နေတယ်။ ဒါတောင် လာဝယ်မယ့်သူ စောင့်နေရတုန်းဘဲ။ စပါးအပေါ် မူတည်ပြီးတော့ ဈေးနှုန်းလည်း ကွာဟနေတယ်။ အရင်နှစ်က လှောင်စပါးတွေလည်း အခုထိဈေးကောင်း မရသေးဘူး။ စပါးဈေးပျက်နေတာ နှစ်နှစ်ရှိသွားပြီ။ တောင်သူတွေ အတွက်လည်း စိုက်မော ဖြစ်နေပါပြီ”ဟု နေပြည်တော်၊ တပ်ကုန်းမြို့နယ်နေ တောင်သူ ဦးလှဝင်းကို မြန်မာတောင်သူကြီးများ ဂျာနယ်ကို ပြောသည်။
မြန်မာနိုင်ငံ၏ ဆန်စပါး အဓိက ထုတ်လုပ်ရာ ဒေသများဖြစ်သော ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နှစ်စဉ် ဖေဖော်ဝါရီလမှ စတင်၍ နွေစပါးများ ရိတ်သိမ်းနိုင်ပြီး ဝယ်လိုအားထက်၊ ရောင်းလိုအားများ နေတတ်ကြောင်း၊ ထို့ကြောင့် စပါးဝယ်ယူရန် လိုအပ်သည့်ဒေသ၊ မြို့နယ်များကို သတ်မှတ်ကာ လယ်ယာ ထုတ်ကုန် စီမံခန့်ခွဲရေး ကော်မတီမှ တစ်ဆင့်ဦးဆောင်၍ သိုလှောင်ရုံ (သို့မဟုတ်) ဝယ်ယူရေး စခန်းအဖြစ် သတ်မှတ် အခြေချကာ ဝယ်ယူရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
Source-နီနီအောင် (မြန်မာတောင်သူကြီးများဂျာနယ်)
အတွဲ (၁၄) အမှတ် (၂၄၄)၊ မတ် ၂၇ - ဧပြီ ၂၊ ၂၀၁၇ ခုနှစ်
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....