မှိုခြောက်မှုန့်များကို ပြည်ပနိုင်ငံများသို့တင်ပို့ရန် ဂျပန်ကုမ္ပဏီနှင့် MoU ရေးထိုးမည်
ပြည်တွင်းစိုက်ပျိုးထွက်ရှိသော မှိုခြောက်မှုန့်များ (ငွေနှင်းမှို၊ ကြွက်နားရွက်မှို၊ ကောက်ရိုးမှို)ကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန် ဂျပန်ကုမ္ပဏီတစ်ခုနှင့် MoU လက်မှတ်ရေးထိုးရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံစားသုံးမှိုအစုအဖွဲ့မှ သိရသည်။
ယင်းကုမ္ပဏီအနေဖြင့် မှိုခြောက်မှုန့် နမူနာများယူ၍ မလေးရှားသို့ တင်ပို့ထားပြီး အိန္ဒိယ၊ စင်္ကာပူနှင့် ဗီယက်နမ် နိုင်ငံတို့ကိုလည်း နမူနာများ ပေးပို့သွားမည်ဖြစ်ကာ မှိုခြောက်မှုန့်အပြင် ဒန့်ဒလွန်နှင့် ကြယ်ပဲကိုလည်း တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။
"သူတို့ကို တိုက်ရိုက်တင်ပေါ့။ ပြီးမှ ပိုက်ဆံပေးချင်တဲ့ သဘောပေါ့။ အန်ကယ်တို့က အဲ့ဒါကို လက်သင့်မခံဘူး။ ပစ္စည်းအရည်အေသွးကို သူတို့ကြိုက်တယ်။ ထုပ်ပိုးမှု(packing) ကို သူတို့က ပြောင်းခိုင်းတယ်။ ထုပ်ပိုးမှု(packing) ကတော့ သူတို့သေချာရင် ပြောင်းလို့ရတယ်။ ဒါပေမယ့် အန်ကယ်တို့က သူတို့နဲ့ သိပ်မသေချာသေးတော့ ယုံကြည်မှုအားနည်းတာပေါ့။ ဒီကထွက်သမျှ မှိုဆိုရင်လည်း မှို ခြောက်၊ မှိုမှုန့် အပြတ်ရောင်းမယ်။ သူ့ဟာသူ packing လုပ်ပြီး ပြန်ရောင်းပေါ့။ တကယ်လို့ ပြန်ရောင်းမယ်ဆိုရင် အန်ကယ်တို့ အသင်းအနေနဲ့ ဒီကနေ ထောက်ခံပေးမယ်။ မြန်မာမှိုဆိုပြီးတော့ပေါ့။" ဟု မြန်မာနိုင်ငံ စားသုံးမှိုအစုအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်က ပြောသည်။
ငွေနှင်းမှို၊ ကြွက်နားရွက်မှို၊ ကောက်ရိုးမှိုများကို အခြောက်လှန်းကာ ပေါင်ဒါမှုန့်ပြုလုပ်၍ ဟင်းခတ်မှုန့်အဖြစ် အသုံးပြုမှု တွင်ကျယ်လာသည့်အတွက် ယခုကဲ့သို့ ဈေးကွက်ချဲ့ထွင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံက ထွက်ရှိသော မှိုခြောက်မှုန့်များကို ပြည်ပနိုင်ငံများရှိ ကုန်တိုက်များတွင် တိုက်ရိုက်တင်ပို့၍ ၂၀ ရာခိုင်နှုန်းကို ၎င်းတို့ ယူမည်ပုံစံဖြင့်လည်းကောင်း၊ အကြွေးစနစ်ဖြင့်လည်းကောင်း ဆောင်ရွက်ခြင်းကို လက်ခံမည်မဟုတ်ကြောင်း သိရသည်။
"အဲ့ဒါကိုလည်း အန်ကယ်တို့က ဒီအတိုင်းမလုပ်ချင်ဘူး။ MoU ထိုးခိုင်းမယ်။ ဒီလဘယ်လောက်ထွက်မယ်။ ဘယ်လောက်ယူမယ်ပေါ့။ သူတို့လာမယ် ဒီနှစ်ပတ်အတွင်း ပြန်လာမယ်ပြောတယ်။ အဲ့ဒါကို အမယ်တစ်မျိုးစီ လုပ်ရမှာပေါ့။ ဒန့်ဒလွန်မှုန့်ဆိုရင် ဒန့်ဒလွန်အရွက်ခြောက်မှုန့်၊ မှိုဆိုရင် မှိုတစ်ခါလုပ်မယ်။ အဲ့ဒါကို ထုတ်လုပ်သူနဲ့ စိုက်ပျိုးတဲ့ တောင်သူတွေခေါ်ပြီးတော့ သူတို့ရှေ့မှာပဲ တိုက်ရိုက်ချိတ် ဆက်မယ်။ သူတို့ဆီကနေ ကိုတာတောင်းမှာပေါ့ ။ တစ်လ ဘယ်လောက်ထုတ်ရမယ်။ ဈေးနှုန်းကိုလည်း ခြောက်လတစ်ကြိမ် လုပ်ဆောင်သွားမယ်။" ဟု ဦးတင်အောင်က ပြောသည်။
လက်ရှိပြည်တွင်း ဈေးကွက်အတွင်း မှိုတစ်ပိဿာလျှင် ကျပ် ၅၀၀၀ ဝန်းကျင်ပေါက်ဈေးရှိပြီး ရန်ကုန်ဈေးကွက်အတွင်းသို့ နေ့စဉ် မှိုပိဿာချိန် ၆၀၀၀ မှ ၇၀၀၀ ဝန်းကျင် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
မှိုစိုက်ပျိုးရာတွင် လယ်ယာထွက်ပစ္စည်းများကို အသုံးပြု၍ စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးစရိတ်နည်းပါးခြင်း၊ တစ်ပတ်အတွင်း ငွေပြန်ရခြင်းတို့ကြောင့် တစ်နိုင်တစ်ပိုင်လုပ်ကိုင်သူများ များပြားလာကြောင်း သိရသည်။
မှိုစိုက်ပျိုးရာတွင် မှိုမျိုးစေ့ထုပ်ကို ဝယ်ယူစိုက်ပျိုးမည်ဆိုပါက တစ်ပတ်အတွင်း မှိုထွက်ရှိ၍ တစ်လခွဲအထိ ထုတ်ယူနိုင်ပြီး မျိုးစေ့ထုတ်ပိုး၍ စိုက်ပျိုးမည်ဆိုပါက စတင်စိုက် ပျိုးချိန်မှ တစ်လအတွင်းမှ သုံးလအထိ မှိုထုတ်ယူနိုင်ကာ တစ်နှစ်လျှင် ၅ ကြိမ်ဝန်းကျင်အထိ မှိုစိုက်ပျိုးထုတ်လုပ်နိုင်ကြောင်း သိရသည်။
အေးအေးမြင့်(ABM)
ဦးဝင်းအောင်
လွန်ခဲ့သော ၄ နှစ် ကမည်သည့်အာဟာရများပါဝင်ပြီးကျန်းမာရေးအတွက်မည်သို့အကျိုးပြုသည်ကိုသိပါရစေခဗျာကျေးဇူးပါ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....