ငွေကြေးအကြပ်အတည်းကြားက ကန်ထရိုက်လယ်ယာလုပ်ငန်းကို ကဉ္ဇနကျွန်းသာကုမ္ပဏီ ဆက်လက်ဆောင်ရွက်
ဓနုဖြူ ၊ အောက်တိုဘာ - ၄
၂၀၂၁ မိုးစပါးရာသီမှာ ဘဏ်မှတစ်ဆင့် လှည့်လည်သုံးစွဲရတဲ့ ငွေကြေးအခက်အခဲတွေကြောင့် ကန်ထရိုက်လယ်ယာလုပ်ငန်းကိုလုပ်ကိုင်ဖို့ ကုမ္ပဏီအများစုက တွန့်ဆုတ်လာကြပေမယ့် ဓနုဖြူမြို့နယ်အခြေစိုက် ကဉ္ဇနကျွန်းသာကုမ္ပဏီကတော့ ဒီလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျှက်ရှိပါတယ်။ တောင်သူပေါင်း နှစ်ထောင်ကျော်ရဲ့ လယ်မြေဧကပေါင်းတစ်သောင်းမှာ ကန်ထရိုက်လယ်ယာစနစ်နဲ့ စိုက်ပျိုးထုတ်လုပ်သွားဖို့ စာချုပ်ချုပ်ဆိုခဲ့တယ်လို့ ကုမ္ပဏီမှ တိုက်နယ်တာဝန်ခံ ဦးဝင်းမြင့်က Green Way ကိုပြောပါတယ်။
ဦးဝင်းမြင့်(တိုက်နယ်တာဝန်ခံ)၊ ကဉ္ဇနကျွန်းသာကုမ္ပဏီ
နှစ်တိုင်းကတော့ ကျွန်တော်တို့က မြေသြဇာ သီးခြားကြွေးပေးတယ်။ ဒီနှစ်မှာတော့ ငွေသား တစ်သိန်းနှုန်းတော့ပေးတယ်။ ငွေသားထဲမှာ မြေသြဇာဖိုးကို ပေါင်းစပ်ပြီးပေးတော့ ငွေသားက ဒါ ၃၈၅၀၀ လောက်ပဲရတယ်။ မြေသြဇာဖိုးနဲ့၊ ဒီလို တစ်သိန်းနှုန်းနဲ့ပေးပြီးတော့ ဒီနှစ်တော့ အခက်အခဲကြားထဲက အာမခံလယ်ယာစနစ်ကို စာချုပ်ချုပ်ဖြစ်ခဲ့ပါတယ်။
ယခုနှစ်မိုးစပါးရာသီအစမှာတော့ နိုင်ငံရေးနဲ့ ငွေကြေးအကြပ်အတည်းတွေကြောင့် စပါးကြမ်းခင်းဈေးသတ်မှတ်နိုင်ဖို့ ၄၆ ပေါင်ကိုက် စပါးတစ်တင်းကို ကျပ်ငါးထောင်အကြမ်းဖျင်း သတ်မှတ်ထားခဲ့ပေမယ့် စပါးပေါ်ချိန်မှာ သတ်မှတ်ဈေးထက်မြင့်နေပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူသွားမှာဖြစ်ပါတယ်။ ၂၀၂၁ မိုးစပါးရာသီမှာ ဆင်းသုခ၊ ရက် ၉၀ နဲ့ မှော်ဘီ ၂ စပါးမျိုးများကို သီးနှံစေ့အပြင် မျိုးစေ့ဧက ၃၀၀ ကျော်အတွက်ပါ ကန်ထရိုက်လယ်ယာစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သွားမှာဖြစ်ပါတယ်။ လက်ရှိမှာ မြေသြဇာဈေးတွေက အရင်ထက် တစ်ဆမကမြင့်တက်နေပေမယ့် ကန်ထရိုက်လယ်ယာစနစ်နဲ့ စိုက်ပျိုးတဲ့ တောင်သူတွေကို ယူရီးယားနဲ့ ကွန်ပေါင်းဓာတ်မြေသြဇာ တစ်အိတ်စီ ကြိုတင်ထုတ်ထားပေးခဲ့ပြီးဖြစ်ပါတယ်။ ကန်ထရိုက်လယ်ယာစနစ်နဲ့ စိုက်ပျိုးတဲ့တောင်သူတွေမှာတော့ ဓာတ်မြေသြဇာလိုအပ်ချက်အတွက် စိုးရိမ်စရာအခြေအနေမဖြစ်ခဲ့ပါဘူး။ ဒီအခြေအနေကို ဓနုဖြူ မြို့နယ် ဝါးရုံချောင်းဖျား ကျေးရွာက ဦးတင်ကဲက Green Way ကိုပြောပါတယ်။
ဦးတင်ကဲ(စပါးစိုက်တောင်သူ)၊ ဝါးရုံချောင်းဖျားကျေးရွာ၊ ဓနုဖြူမြို့နယ်
အဘတို့ကတော့ ကုမ္ပဏီနဲ့ ဆက်စပ်ရတာကြိုက်တာပေါ့။ အခုလည်း သူတို့ မြေဆီတွေ အဘတို့ကိုပေးထားတယ်။ အဘတို့က နယ်ဘက်ဆင်းရတော့ လမ်းမကောင်းဘူး။ အဲ့ဒါကို စောစောစီးစီး ဂွန်ဒေါင်းပေါက်ကတည်းက အဘတို့လာယူထားတယ်
လို့ Green Way ကိုပြောပါတယ်။
စိုက်ပျိုးထုတ်လုပ်သူတောင်သူက ကန်ထရိုက်လယ်ယာကုမ္ပဏီနဲ့ပူးပေါင်းပြီး ဈေးကွက်နဲ့ တိုက်ရိုက်နီးပါးချိတ်ဆက်နိုင်တာတွေ၊ သွင်းအားစုတွေကို အတိုးမဲ့ ကြိုတင်ရယူနိုင်တာတွေအပြင် မစိုက်ခင်ကပင် သီးနှံဈေးနှုန်းကို အရည်အသွေးသတ်မှတ်ချက်အတိုင်း ကြိုတင်သိရှိနိုင်တာက ကန်ထရိုက်လယ်ယာစနစ်ရဲ့ အနှစ်သာရဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာ့လယ်ယာကဏ္ဍ ဦးမော့လာဖို့ ကန်ထရိုက်လယ်ယာစနစ်နဲ့လုပ်ကိုင်ရာမှာ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေကို ၂၀၂ဝ ပြည့်နှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ အစိုးရကထုတ်ပြန်ခဲ့ပါတယ်။
ဧရာဝတီတိုင်းဒေသကြီးမှာ လယ်မြေဧကပေါင်း ၃၇ သိန်းကျော်ရှိတဲ့အထဲက အခုနှစ် မိုးစပါးရာသီမှာ ကန်ထရိုက်လယ်ယာလုပ်ကိုင်နိုင်တဲ့ ပမာဏကတော့ ဧကပေါင်း နှစ်သောင်းလောက်သာရှိတယ်လို့ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ၂၀၀၉ ခုနှစ်မှာစတင်ခဲ့တဲ့ ဆန်စပါးအထူးပြုကုမ္ပဏီပေါင်းက ၃၀၀ ကျော်လောက်ရှိခဲ့ပေမယ့် ယခုအချိန်မှာတော့ ကန်ထရိုက်လယ်ယာလုပ်ငန်း ဆက်လက်လုပ်ကိုင်နေဆဲကုမ္ပဏီကတော့ လက်ချိုးရေလို့ရနေပါတယ်။ အဲ့ဒီထဲမှာ ကဉ္ဇနကျွန်းသာကုမ္ပဏီကတော့ ဒေသစပါးမျိုးများကို တောင်သူတွေနဲ့ပူးပေါင်းပြီး စိုက်ဧကအများဆုံးနဲ့ ကန်ထရိုက်လယ်ယာစနစ် ဖော်ဆောင်လုပ်ကိုင်ရာမှာ ဆက်လက်ဦးဆောင်လျှက်ရှိပါတယ်။
ရူပါအောင်ဝင်း
သန်းထိုက်ဝင်း
လွန်ခဲ့သော ၄ နှစ် ကဆက် လက် တိုးတက် လာပါစေ
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဂျာနူး
အားလုံး
ရိတ်သိမ်းချိန်လွန်ကာလ အခြောက်ခံစက်များရဲ့အရေးပါမှု (ဒေါက်တာမျိုးအောင်ကျော်နှင့်တွေ့ဆုံမေးမြန်းခြင်း - ၂)
30/03/2023
တရုတ်တစ်သျှူးငှက်ပျောများတွင် ပင်ညှိုးရောဂါသံသယများတွေ့၍ စောင့်ကြည့်စစ်ဆေးနေ
24/03/2023
ရိတ်သိမ်းချိန်လွန်ကာလ အခြောက်ခံစက်များရဲ့အရေးပါမှု (ဒေါက်တာမျိုးအောင်ကျော်နှင့်တွေ့ဆုံမေးမြန်းခြင်း - ၁)
23/03/2023
မြန်မာနိုင်ငံမှာ တောင်သူအကျိုးပြုစီးပွားရေး ကုမ္ပဏီတစ်ထောင်အိပ်မက်နဲ့ ဂျပန်လူငယ် (၇)
13/02/2023
မြန်မာနိုင်ငံမှာ တောင်သူအကျိုးပြုစီးပွားရေး ကုမ္ပဏီတစ်ထောင်အိပ်မက်နဲ့ ဂျပန်လူငယ် (၆)
08/02/2023
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....