ဈေးကွက် ဦးမော့လာသည့် သကြား၊ ပြောင်း၊ နှမ်း
အယ်နီညိုရာသီဥတုကို ရင်ဆိုင်ရန် ပြင်ဆင်နေသည့် အာဆီယံ နိုင်ငံအချို့၏ ဝယ်လိုအား ကမ်းလှမ်းချက်များကြောင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ထုတ်ကုန်များဖြစ်သော သကြား ၊ ပြောင်း ၊နှမ်း ဈေးကွက် ပြန်လည်ဦးမော့လာပါတယ်။
- ဗီယက်နမ်နိုင်ငံ၏ သွင်းကုန်အခွန်သက်သာခွင့်ကြောင့် တင်ပို့ရောင်းချရေး တိုးမြှင့်မည့် သကြား၊
- ထိုင်း၊ တရုတ်၊ ဗီယကိနမ်နိုင်ငံတို့နှင့် နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ခဲ့သော ပြောင်း
- တရုတ်နိုင်ငံမှဝယ်လိုအားရှိနေသောနှမ်းတို့က လက်တလော ပြည်တွင်းဈေးကွက်မှာ ဈေးအတက်ဘက်ကို ဦးတည်နေပါတယ်။
သကြားဈေးကွက်
- နိုင်ငံတကာဈေးကွက်တွင် သကြားဈေးမြင့်တက်ချိန် နိုင်ငံအတွင်း သကြားလက်ကျန်နည်းနေခြင်းကြောင့် ပြည်တွင်း သကြားဈေးနှုန်းပါအနည်းငယ် လိုက်ပါမြင့်တက်လာပါတယ်။
- ထိုကြောင့် ရန်ကုန်ဈေးကွက်မှာ သကြားတစ်ပိဿာကို ၃၈၇၀ ကျပ်မှ ၃၉၀၀ ကျပ်ဈေးပေါက်လာနေပြီး လက်လီဈေးကွက်မှာ ၅၀၀၀ ကျပ်အထိ ရှိနေပါတယ်။
- မြန်မာ့သကြားကို ဝယ်ယူဖို့ ဗီယက်နမ်နိုင်ငံက ကုမ္ပဏီတွေက ထပ်မံကမ်းလှမ်းတာတွေရှိလာလို့ ဒီနှစ်မှာ ပြည်ပကို သကြားတင်ပို့မှုအပိုင်း အရင်နှစ်ကထက်ပိုတိုးပြီး ပို့ဆောင်ဖို့ မျှော်မှန်းထားပါတယ်။
- ပြည်ပကို သကြားတင်ပို့မှု မြင့်တက်လာမှုနဲ့အတူ မြန်မာ့သကြားဈေးကလည်း အများကြီးကျဆင်းနိုင်ဖွယ်မရှိသလို ထပ်မံမြင့်တက်လာနိုင်ဖွယ်လည်းမရှိကြောင်း ၊ ပြည်ပတင်ပို့ရာမှာလည်း ပြည်တွင်းစားသုံးမှုဖူလုံပြီး ပိုလျှံသည့် ပမာဏကိုသာတင်ပို့တာဖြစ်လို့ ပြည်တွင်း လိုအက်ချက်လည်းပြည်မီမှာ ဖြစ်တယ်လို့သိရပါတယ်။
- မြန်မာ့သကြားဈေးကွက်ဟာ ကမ္ဘာ့သကြားဈေးအတက်အကျနဲ့ ပြည်တွင်း သကြားလက်ကျန်အနည်းအများအပေါ်မူတည်ပြီးသာ ဈေးနူန်း အပြောင်းအလဲရှိနေတာဖြစ်ပါတယ်။

ပြောင်းဆံဈေးကွက်
- မြန်မာ့ပြောင်းဆံဈေးနူန်းက ပို့ကုန်ရငွေ ၃၅ ရာခိုင်နူန်းကိုသာ ဗဟိုဘဏ်သတ်မှတ်ငွေလဲနူန်း ၂၁၀၀ ရာနဲ့ လဲလှယ်ဖို့ ဖြေလျှော့မှုအပြီးမှာ ဈေးပြန်တက်လာပါတယ်။
- ထိုကြောင့်အရင်က ပြောင်းဆံတစ်ပိဿာကို ၁၀၅၀ မှ ၁၀၇၀ ဈေးတန်းရှိရာကနေ လက်ရှိရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပြောင်းဆံတစ်ပိဿာကို ၁၁၀၀ မှ ၁၁၂၀ ကျပ် ဈေးပေါက်လာပြီး ဈေးတက်လာတာဖြစ်ပါတယ်။
- ဗဟိုဘဏ်ဖြေလျှော့မှုအပြီးမှာ မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်တွေအသင်းနဲ့ ဗီယက်နမ်၊ ထိုင်း၊ တရုတ်က ကုမ္ပဏီ ၇ ခုအကြား ပြောင်းတန်ချိန် ၇ သိန်းတင်ပို့ဖို့လည်း MOU ရေးထိုးခဲ့ပါတယ်။
- နှစ်စဉ်ပြောင်းဈေးကွက်အခြေအနေအရ ဒီဇင်ဘာလကုန်နှစ်ဆန်းပိုင်းအချိန်ဟာ ပြောင်းဈေးကွက် လှုပ်ခတ်လေ့ရှိတာကြောင့် မကြာခင် ပြောင်းဈေးကွက်က ထပ်ပြီးတက်လာနိုင်တယ်လို့ ပြောင်းကုန်သည်တွေကသုံးသပ်ပါတယ်။
- ဗဟိုဘဏ်ကသာ ပို့ကုန်ရငွေအပေါ် ၃၅ % ၆၅ % စနစ်ကိုသာ ပယ်ဖျက်ပြီး လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုလျှင် ပြောင်းဆံဈေးကွက်ကို ပိုပြီးတက်လာနိုင်သလို ထိုင်းကို ပြောင်းတင်ပို့မယ့် အခွန်ကင်းလွတ်ခွင့်ကာလဖြစ်တဲ့ ဖေဖော်ဝါရီမှာ မြဝတီ လမ်းကြောင်းပြန်ပွင့်ပြီး နယ်စပ်လမ်းကြောင်းကနေ တင်ပို့နိုင်မယ်ဆိုရင် ပြောင်းဈေးက အမြင့်ဆုံးကို ပြန်ရောက်လာနိုင်မယ်လို့ သုံးသပ်ကြပါတယ်။
- နယ်စပ်လမ်းကြောင်းကသာ တင်ပို့ခွင့်မရရှိပါက ပင်လယ်ရေကြောင်းတစ်ခုတည်းကပဲ တင်ပို့နိုင်မှာဖြစ်လို့ ပြောင်းဈေးကွက်က စောင့်ကြည်ရမယ့်အခြေအနေဖြစ်တယ်လို့သိရပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းမှာတော့ ပြောင်းဆံတစ်ပိဿာကို ၉၀၀ ကျော်၊ ရှမ်းမြောက် မှာတော့တစ်ပိဿာကို ၇၀၀ ကျော်သာဈေးပေါက်နေတယ်လို့ သိရပါတယ်။
နှမ်းဈေးကွက်
- ပြည်တွင်းနှမ်းမျိုးစုံဈေးကွက်မှာ နှမ်းနက်စမုံနက်၊ နှမ်းဖြူရိုးရိုးနဲ့ နှမ်းညိုက ဈေးတက်လာပြီး နှမ်းဖြူ ဂျပန်ကတော့ ဈေးတန်းငြိမ်နေတယ်လို့ ကုန်စည်ဒိုင်တွေကသိရ တယ်။
- နှမ်းဖြူကိုလည်း တရုတ်က အခွံချွတ်လုပ်ကိုင်သူတွေက ဝယ်ယူမှုရှိတာကြောင့် ဈေးတန်းကထပ်တက်လာတာဖြစ်တယ်လို့ ကုန်သည်အချို့ကပြောပါတယ်။
- နှမ်းနက်စမုံကို တရုတ်ဝယ်လက်တွေက ဝယ်ယူရှိပေမယ့် လတ်တလောမှာ အရည်အသွေး၊ အရောင်၊ အက်ဆစ်လွတ်တဲ့နှမ်းကိုသာ ရွေးချယ်ပြီး ဝယ်ယူနေတဲ့အပြင် ဈေးချဝယ်ယူလာတာကြောင့် ဈေးပြန်ကျလာတာဖြစ်ပါ တယ်။
- မန္တလေးဈေးကွက်မှာ နှမ်းစမုံနက် ၄၅ ပိဿာ တစ်အိတ်ကို ၃၆၅၀၀၀ ကျပ်၊ နှမ်းဖြူရိုးရိုးကတော့ ၄၅ ပိဿာ တစ်အိတ်ကို ၃၄၀၀၀၀ ကျပ် ၊ နှမ်းညိုက ၂၈၀၀၀၀ ကျပ် ဈေးဖြစ်လာလို့ တစ်အိတ်ကို ၅၀၀၀ ကျပ်စီပြန်တက်လာတာဖြစ်ပါတယ်။ နှမ်းဖြူဂျပန်ကတော့ တစ်အိတ်ကို ၃၆၀၀၀၀ မှ ၃၆၅၀၀၀ ကျပ်နဲ့ အရင်ဈေးတန်းမှာပဲ ငြိမ်နေပါတယ်။
- နှမ်းကို တရုတ်ဘက်ကိုတင်ပို့မှုအနေနဲ့ တာချီလိတ်ကနေတဆင့် တရုတ်ဘက်ကို နယ်စပ်လမ်းကြောင်းကနေသာ တင်ပို့နေကြတာဖြစ်တယ်လို့သိရပါတယ်။
- လက်ရှိမှာ မိုးနှမ်းအသစ်တွေက အညာဘက်ကနေသာ ဝင်ရောက်မှုရှိနေတာဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေကြောင့် မန္တလေးဈေးကွက်ကို ဝင်ရောက်မှုနည်းနေတဲ့အတွက် ဈေးတန်းကတက်မယ့် အလားအလာရှိတယ်လို့ ကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ပြည်တွင်းသီးနှံဈေးကွက်
Nay Lin Tun
လွန်ခဲ့သော ၂ ပတ် ကယခုလက်ရှိပေါက်ဈေး
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026