အစိမ်းရောင်လမ်း
“လက်ဖက်ပွဲတော် နှင့် ဒေသထွက်ရိုးရာကုန်စည်ပြပွဲ ၂၀၁၈”

“လက်ဖက်ပွဲတော် နှင့် ဒေသထွက်ရိုးရာကုန်စည်ပြပွဲ ၂၀၁၈”

စီးပွားရေးလုပ်ငန်းရှင်များ နှင့် လာရောက်လေ့လာကြည့်ရှုလိုသူ လူကြီးမင်းများရှင့် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) နှင့် ပင်းတယလက်ဖက်စက်ဝန်း ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ကြီးမှူးကျင်းပမည့် “လက်ဖက်ပွဲတော် နှင့် ဒေသထွက်ရိုးရာ ကုန်စည်ပြပွဲ ၂၀၁၈ " အား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်မှ ၂၄ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါတယ်။

ပွဲတော်ကို  ကျင်းပရခြင်း၏ အဓိက ရည်ရွယ်ချက်များမှာ -  ဒေသ၏ အဓိကအသက် လက်ဖက်

(၁) ဒေသ၏ ရိုးရာအမွေအနှစ်အား လက်ဆင့်ကမ်းသယ်ဆောင်ထိန်းသိမ်းနိုင်စေရန်။

(၂) အဓိကထုတ်ကုန်လက်ဖက်၏ ဈေးကွက်ခိုင်မာ၍ ချိတ်ဆက်မှုအားကောင်းနေစေရန် နှင့် လက်ဖက်၏ နိုင်ငံတကာဈေးကွက်တန်းဝင် တင်ပို့ရောင်းချနိုင်ရေးအတွက် မြှင့်တင်ဆောင်ရွက်ရန်၊

(၃) အသက်မွေးဝမ်းကျောင်းမှု ပညာရှင်များ၊ အသင်းအဖွဲ့များနှင့်ပေါင်းစည်းပြီး ကျယ်ပြန့်စွာလုပ်ဆောင်တက်စေရန်။

(၄) လက်ဖက်ဒေသထွက်ကုန်စည်ဖြင့် တောင်တန်းဒေသနှင့် လူနေမှုဘဝ တိုးတက်ဖွံ့ဖြိုးလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။         

(၂) ရက်ကြာပြုလုပ်မည့် အဆိုပါ ပြပွဲ၊ပြိုင်ပွဲတွင် ပါဝင်ပြသမည့် လုပ်ငန်းရှင်အဖွဲ့အစည်းများမှာ -

၁. မြန်မာနိုင်ငံမှ စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းရှင်ကြီးများ၏ အရောင်းပြခန်းများ၊

၂. သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ၊

၃. သွင်းကုန်လုပ်ငန်းရှင်၊ ပို့ကုန်လုပ်ငန်းရှင်ကြီးများ၊

၄. ဝယ်ယူအားပေးသူများ၊

၅. သွင်းအားစု လုပ်ငန်းရှင်ကြီးများ (မြေသြဇာ၊ ဓါတု/ဇီ၀ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ မျိုးစေ့၊ စိုက်ပျိုးရေးသုံးစက်ကိရိယာ)

၆. စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းကိရိယာ ရောင်းချသူများ စသဖြင့် ပါဝင်ပြသသွားမှာဖြစ်လို့ လာရောက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။

ကျင်းပမည့်နေ့ရက် - ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက် မှ ၂၄ ရက်နေ့အထိ

ကျင်းပမည့်နေရာ - ဓနုဆုံဆည်းရာဖျော်ဖြေရေးကွင်း၊ ရွှေဥမင်ဘုရားလမ်း၊ ပင်းတယမြို့နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)။

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ

ကိုချမ်း • ဖြေကြားချက် 1 ခု

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 1 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....