အစိမ်းရောင်လမ်း
မြန်မာ့စိန်တလုံးသရက် ဂျာမနီနိုင်ငံကိုတင်ပို့သွားနိုင်ရန် စစ်ဆေးမှုများလုပ်နေ

မြန်မာ့စိန်တလုံးသရက် ဂျာမနီနိုင်ငံကိုတင်ပို့သွားနိုင်ရန် စစ်ဆေးမှုများလုပ်နေ

မြန်မာ့စိန်တလုံးသရက်ကို ဂျာမနီနိုင်ငံကိုတင်ပို့နိုင်ရန်အတွက် အရည်အသွေးစစ်ဆေးမှုများလုပ် ဆောင်နေကြောင်း စိုက်ပျိုးရေးဦးစီးဌာန ၊ ဥယျာဉ်ခြံ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ မှသိရပါတယ်။

ဂျာမနီကိုတင်ပို့နိုင်ရေးအတွက်  စိန်တလုံးသရက်ကို ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့် (GAP) စံနှုန်းအတိုင်း အရည်အသွေးစစ်ဆေးမှုများ လုပ်ဆောင်နေတယ်လို့ ဥယျာဉ်ခြံ ဟင်းသီး ဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်နိုင်ကပြော ပါတယ်။

“သရက်သီးတွေကို တင်ပို့ဖို့အတွက် အရည်အသွေးတွေ စစ်ဆေးနေတယ်။ GAP စံချိန်စံညွှန်းနဲ့လည်း ညီညွတ်စေဖို့အတွက်  ပြည်ပနိုင်ငံတင်ပို့ဖို့ ပိုးမွှားရောဂါစစ်ဆေးနေတယ်။ အတန်းအစားတွေခွဲတယ်။ ကောင်းတဲ့အသီးတွေကို ရွေးတယ်။ မပြည့်မီတဲ့သရက်တွေကို ပယ်တယ်”

တင်ပို့နိုင်ရေးအတွက် အရည်အသွေးစစ်ဆေးခြင်း၊ ရေနွေးစိမ်ခြင် ၊ အခြောက်ခံခြင် ၊ ပြန်လည်စစ်ဆေးခြင်းနဲ့ ပြင်ဆင်ထုပ်ပိုးမှုများ လုပ်ဆောင်နေကြောင်းလည်း သိရပါတယ်။

မြန်မာ့စိန်တလုံးသရက် တင်ပို့နိုင်ရေးကို ဥယျာဉ်ခြံ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲနဲ့ ပြည်တွင်းပြည်ပကုမ္ပဏီများ ပူးပေါင်းကာ လုပ်ဆောင်သွားမှာဖြစ်ကြောင်း အဆိုပါဌာနမှ သိရပါတယ်။ 

ယခင်နှစ်ကလည်း ဂျာမနီနိုင်ငံကို မြန်မာ့စိန်တလုံးသရက် ၁၄၀ ကီလိုတင်ပို့ခဲ့တာဖြစ်ပြီး အခုနှစ်မှာ စိန်တလုံးသရက်ကို (၆၀)ကီလို နှစ်ခါခွဲကာ တင်ပို့သွားမှာဖြစ်ကြောင်း ဥယျာဉ်ခြံ ဟင်းသီးဟင်းရွက်နဲ့ အပင်ဇီဝနည်းပညာဌာနခွဲမှသိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....