ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ
(၂၃.၄.၂၀၁၈ မွ ၂၇.၄.၂၀၁၈)ထိ
ဒီတစ်ပတ်မှာတော့ မတ်ပဲစျေးရော ပဲစင်းငုံစျေးရော စျေးကျဆင်းသွားပါတယ်။ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူစျေးကလည်း ကျဆင်းသွားတာကို တွေ့ရပါတယ်။
စပါး
စပါးစျေးကတော့ သင်္ကြန်ကာလမတိုင်ခင်ကတည်းက စျေးက တက်နေပါတယ်။ သင်္ကြန်ကာလအမှီတင်ပို့နေမှုကြောင့်အပြင် လမ်းပန်းဆက်သွယ်ရေးအခြေအနေတွေကြောင့်လည်း စျေးကတက်လာခဲ့ပါတယ်။ လက်ရှိမှာတော့ ဆန်အဝင်က ပုံမှန်ရှိပြီး အရောင်းအဝယ်ကတော့ အေးနေပါတယ်။ သင်္ကြန်မတိုင်ခင် ဧရာဝတီပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၅ သောင်းကျော်စျေးက မြင့်တက်လာပြီး တင်း ၁၀၀ ကို ၁၀၇၀၀၀၀ အထိ ပေါက်စျေးရှိပါတယ်။ပေါ်ဆန်းရင်အမျိုးအစားကလည်း တင်း ၁၀၀ ကို ၃၀၀၀၀ ကျော်စျေးတက်လာပြီး ၉၄၆၀၀၀ ပေါက်စျေးရှိပါတယ်။ဖျာပုံပေါ်ဆန်းကလည်း တင်း ၁၀၀ ကို ၁၀၄၃၀၀၀ ကျော်ပေါက်စျေးရှိပြီး တင်း ၁၀၀ ကို ၃၀၀၀၀ ကျော်စျေးတက်လာပါတယ်။ ပထမတန်းစား စပါးတွေ စျေးမြင့်တက်ခဲ့ပေမယ့် ဒုတိယတန်းစာ စပါးတွေဖြစ်တဲ့ ရွှေသွယ်လေး၊ဧရာမင်း၊မနော် သုခ၊မီးကောက်၊နဲ့ သီးထပ်ရင်တို့ကတော့ တင်း ၁၀၀ ကို ၅၁၅၀၀၀ ကနေ ၆၉၀၀၀၀ အထိ အသီးသီးပေါက်စျေးရှိပြီး စျေးအပြောင်းအလဲ မရှိပါဘူး။
ဆန်
စပါးစျေးတက်လာတာနဲ့အမျှ ဆန်စျေးကလည်း အနောက်ကနေ လိုက်တက်လာပါတယ်။ နှစ်ကူးချိန် စားသုံးသူတွေအများအပြား ဝယ်ယူနေမှုကလည်း အရောင်းအဝယ်သွက်နေသလို စျေးကလည်း တက်နေတာလည်း ဖြစ်ပါတယ်။ သင်္ကြန်ကာလပြီးတဲ့အချိန်မှာလည်း နိုင်ငံတော်သမ္မတရဲ့ အစိုးရဝန်ထမ်းလစာ တိုးမယ်ဆိုတဲ့ သတင်းတွေကြောင့် ပြည်တွင်းဆန်စျေးနှုန်းတွေကလည်း တက်လာတာလို့လည်း ကုန်သည်အချို့က သုံးသပ်ထားပါသေးတယ်။ ဧရာဝတီတိုင်းမှာတော့ ပထမတန်းစာဆန်ဖြစ်တဲ့ ဧရာဝတီပေါ်ဆန်းအမျိုးအစားက တစ်အိတ်ကို ၄၁၀၀၀ ရှိပြီး ၂၀၀၀၊ ပေါ်ဆန်းရင်က တစ်အိတ်ကို ၃၉၅၀၀ ရှိပြီး ၁၅၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းကတော့ တစ်အိတ်ကို ၃၉၀၀၀ ရှိပြီး ၁၀၀၀ ကျပ် အသီးသီး စျေးတက်လာပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ ရွှေသွယ်လေးကတော့ တစ်အိတ်ကို ၂၈၀၀၀ကျပ်၊ ဧရာမင်းက ၂၈၀၀၀ ကျပ်၊ မနောသုခက တစ်အိတ်ကို ၂၃၀၀၀ ကျပ်၊ မီးကောက်က တစ်အိတ်ကို ၂၄၀၀၀ ကျပ်နဲ့ သီးထပ်ရင်တို့ကတော့ တစ်အိတ်ကို ၂၁၀၀၀ နဲ့စျေးငြိမ်နေပါတယ်။ ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်မှာတော့ ဖျာပုံပေါ်ဆန်းမွှေးက တစ်အိတ်ကို ၃၄၀၀၀ ကနေ ၃၈၀၀၀ ရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ ဒေးဒရဲပေါ်ဆန်းမွှေးက တစ်အိတ်ကို ၃၄၀၀၀ ကနေ ၃၈၀၀၀ ရှိပြီး ၂၀၀၀ကျပ်၊ ပေါ်ဆန်းနယ်စုံက တစ်အိတ်ကို ၃၂၀၀၀ ကနေ ၃၆၀၀၀ ရှိပြီး ၁၀၀၀ကျပ်၊မြောင်းမြပေါ်ဆန်းက ၃၅၀၀၀ ကနေ ၃၈၀၀၀ ရှိပြီး ၃၀၀၀ကျပ်၊ ဆန်ကြမ်းဖြစ်တဲ့ မြီးဒုံဆန်က တစ်အိတ်ကို ၂၈၀၀၀ ကနေ ၃၀၀၀၀ကျပ်ရှိပြီး ၁၀၀၀ကျပ် စသဖြင့် အသီးသီးစျေးတက်သွားပါတယ်။ ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်မှာကတော့ ဆန်ချောတွေထက် ဆန်ကြမ်းစျေးတွေက တက်လာတာကိုလည်း တွေ့ရပါတယ်။
မတ္ပဲ (FAQ/RC)
မတ်ပဲကတော့ သင်္ကြန်ကာလမတိုင်ခင်က စျေးအနည်းငယ်ပြန်တက်ခဲ့ပေမယ့် သင်္ကြန်ကာလအတွင်း အရောင်းအဝယ်ပိတ်ထားတာအပြင် ပြည်တွင်းပြည်ပ အဝယ်နည်းတဲ့အတွက်ကြောင့် သင်္ကြန်ကာလပြီးတဲ့ အချိန်မှာ အကျစျေးနဲ့ စျေးပြန်ဖွင့်ခဲ့ပါတယ်။ လက်ရှိမှာ အိန္ဒိယနိုင်ငံကလည်း ပြည်ပတင်ပို့မှုကို အရှိန်မြင့်နေတဲ့အတွက် မြန်မာပဲတွေက ထင်သလောက် စျေးမရတဲ့အပြင် အဝယ်ပါနည်းနေတဲ့အခြေအနေဖြစ်ပါတယ်။မြန်မာဘက်ကို တင်ပို့မှု ကန့်သတ်ခဲ့တဲ့ မတ်ပဲ၊ ပဲစင်းငုံတို့ကို ရောင်းချဖို့နဲ့ပတ်သတ်ပြီး မြန်မာအစိုးရက တောင်းဆိုထားပေမယ့် လက်ရှိအချိန်ထိ တိကျတဲ့အကြောင်းပြန်မှု မရှိသေးဘူးလို့လည်း သိရပါတယ်။ သင်္ကြန်ကာလအပြီးမှာ ပြည်ကုန်စည်ဒိုင်မှာတော့ မတ်ပဲက တစ်တင်းကို ၁၄၀၀၀ ပေါက်စျေးရှိခဲ့ပြီး ၁၀၀၀ ကျော်လောက်စျေးက ကျဆင်းသွားပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၁၃၅၀၀ ရှိပြီး တစ်တင်းကို ၅၀၀ ကျပ်လောက်ကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၅၀၀၀ နဲ့ စျေးတက်သွားတာကိုလည်း တွေ့ရပါတယ်။ သင်္ကြန်မရောက်ခင် မတ်ပဲက တစ်တန်ကို ၄၇၀၀၀၀ အထိ စျေးမြင့်တက်ခဲ့ပေမယ့် သင်္ကြန်ပြီးတဲ့အချိန်မှာတော့ တစ်ဖြေးဖြေးစျေးကျဆင်းသွားခဲ့ပြီး လက်ရှိပေါက်စျေးက ၄၀၀၀၀ ကျော်ထိ စျေးက ရောက်ရှိသွားပါတယ်။ မတ်ပဲက ၃ လအတွင်း ပြည်ပ တင်ပို့မှုပေါင်း တန်ချိန် ၅၂၅၀၀ ရှိခဲ့ပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်း သင်္ကြန်မရောက်ခင် ဧပြီလဆန်းပိုင်းကတည်းက ပြည်ပဝယ်ယူမှုများပြားတဲ့အတွက်ကြောင့် စျေးက ၄ သိန်းအထက်အထိ စျေးတက်ခဲ့ပေမယ့် သင်္ကြန်ပြီးတဲ့ အချိန်မှာတော့ မထင်မှတ်လောက်အောင် စျေးက ကျဆင်းသွားခဲ့ပါတယ်။ ပဲစင်းငုံနီဟာ သင်္ကြန်ပြိးတဲ့အချိန်မှာ အရောင်းအဝယ်က အနည်းငယ်ရပ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက မတ်ပဲအထွက်တိုးလို့ မတ်ပဲက စျေးကောင်းမရပေမယ့် ပဲစင်းငုံနီကတော့ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်လိုက်ရင် စျေးကသက်သာတဲ့အတွက်ကြောင့်လည်း အဝယ်ကမတ်ပဲနဲ့ယှဉ်ရင် အနည်းငယ်စျေးပိုရနေပါတယ်။ ရန်ကုန်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက စျေးတက်ခဲ့ပေမယ့် နယ်ကုန်စည်ဒိုင်ဖြစ်တဲ့ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၀၃၀၀ ကျပ်၊ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၀၀၀၀ ကျပ်နဲ့ တစ်တင်းကို ၁၀၀၀ ကျပ်နီးပါးစျေးက ကျဆင်းသွားခဲ့ပါတယ်။ သင်္ကြန်ကာလမတိုင်ခင် ပဲစင်းငုံ တစ်တန်ကို ၄၂၀၀၀၀ အထိ စျေးတက်ခဲ့ပေမယ့် လက်ရှိမှာတော့ တစ်တန်ကို ၃၅၀၀၀၀ အထိ စျေးက ပြန်ကျဆင်းသွားခဲ့ပါတယ်။ ပဲစင်းငုံနီက ဘုရင့်နောင်ကုန်စည်ဒိုင်မှာလည်း တစ်ပတ်ကို ၃ ရက်သာ အရောင်းအဝယ်ရှိခဲ့ပါတယ်။ ပဲစင်းငုံနီကတော့ ၃ လအတွင်း ပြည်ပတင်ပို့မှုပေါင်း တန်ချိန် ၃၆၃၀၀ ကျော်အထိ ရှိခဲ့ပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ တစ်ခြားပဲတွေလောက် စျေးအတက်အကျအများကြီးပြောင်းလဲမှုမရှိပဲ ဒီတစ်ပတ်မှာဆိုရင် စျေးကတက်သွားတာကိုလည်း တွေ့ရပါတယ်။ အိန္ဒိယနိုင်ငံကိုတင်ပို့နေပေမယ့် တရုတ်နိုင်ငံနဲ့ယိုးဒယားနိုင်ငံတို့ကလည်း အဓိက ဝယ်ယူနေတဲ့အတွက် မတ်ပဲ နဲ့ ပဲစင်းငုံတို့နဲ့နှိုင်းယှဉ်ရင် စျေးကောင်းရနေတဲ့ ပဲလည်းဖြစ်ပါတယ်။ လက်ရှိ ရန်ကုန်ကုန်စည်ဒိုင်မှာ ပဲတီစိမ်းက တစ်ပိဿာကို ၁၁၀၀ ကနေ ၁၈၀၀ အထိ ပေါက်စျေးရှိပြီး စျေးအပြောင်းအလဲ အနည်းငယ်သာ ရှိပါတယ်။ နယ်ကုန်စည်ဒိုင်တွေဖြစ်တဲ့ မုံရွာကုန်စည်ဒိုင်မှာ ပဲတီစိမ်းက တစ်တင်းကို ၁၉၀၀၀ ကနေ ၃၅၀၀၀ အထိ တစ်တင်းကို ၁၀၀၀၀ နီးပါးစျေးက တက်သွားခဲ့ပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၂၂၅၀၀ အထိ စျေးရရှိပြီး ၃၀၀၀ နီးပါးစျေးတက်သွားခဲ့ပါတယ်။ အဝင်များလို့ စျေးအနည်းငယ်ကျသွားခဲ့ပေမယ့် အရောင်းအဝယ်ကတော့ သွက်နေတဲ့အခြေအနေမှာ လည်း ရှိနေပါတယ်။ပြည်ပတင်ပို့မှုက ၃ လအတွင်း တန်ချိန် ၂၁၅၀၀ အထိ ရှိခဲ့ပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ သင်္ကြန်မရောက်ခင်ကတည်းက စျေးကွက်ထဲကို အများအပြားဝင်ရောက်လာတဲ့ အတွက် စျေးက တစ်ဖြေးဖြေးကျဆင်းသွားခဲ့ပါတယ်။ သင်္ကြန်နှစ်ကူးပြန်လည်ဖွင့်ချိန်မှာလည်း ပိတ်ရက်အတွင်း လှောင်ကြက်သွန်တွေကြောင့်အပြင် ကြက်သွန်အသစ်တွေကလည်း စျေးကွက်အတွင်း အများပြားပြန်လည်ဝင်ရောက်လာတဲ့အတွက် စျေးကထပ်ပြီး ကျဆင်းသွားခဲ့ပါတယ်။ သင်္ကြန်ကာလဖြစ်တဲ့အတွက်ကြောင့် နယ်စပ်ကနေတဆင့် ပြည်ပ တင်ပို့မှုကလည်း ပိတ်ထားတဲ့ အတွက် စျေးကျတာကို ပိုဖြစ်စေပါတယ်။ တစ်ပိဿာကို ၁၀၀ ကျော်ကျဆင်းသွားခဲ့ပြီး လက်ရှိပေါက်စျေးက တစ်ပိဿာကို အနိမ့်ဆုံးစျေး ၄၀၀ ကနေ အမြင့်ဆုံးစျေး ၁၂၀၀ သာရရှိနေပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူကလည်း စျေးကွက်ထဲကို အဝင်များပြီး အဝယ်နည်းလာတဲ့အတွက် တရုတ်ကြက်သွန်ရော ရှမ်းကြက်သွန်ရော စျေးကကျဆင်းသွားခဲ့ပါတယ်။ တောင်သူတွေက စျေးအတက်ကို စောင့်နေပြီး ထုတ်မရောင်းသေးပေမယ့် စျေးကတက်မလာတဲ့အပြင် ကျဆင်းသွားခဲ့တဲ့အတွက်ကြောင့် သင်္ကြန်ပြီးကာလမှာ အပြိုင်အဆိုင်ထုတ်ရောင်းလာခဲ့ပါတယ်။ ထိုပြင် သင်္ကြန်မတိုင်ခင် နေရာအနှံမိုးရွာသွန်းတာတွေကြောင့် အချို့ နွေကြက်သွန်ခင်းတစ်ချို့ ပျက်စီးခဲ့ပြီးအရည်အသွေးမကောင်းတဲ့အတွက် စျေးက အနည်းငယ်သာရရှိခဲ့ပါတယ်။ တရုတ်ကြက်သွန်ဖြစ်တဲ့ ကြူကုတ်အမျိုးအစားကတော့ တစ်ပိဿာကို ၁၁၀၀ နီးပါး ပေါက်စျေးရှိပြီး ရှမ်းကြက်သွန်တွေကတော့ တစ်ပိဿာကို ၈၀၀ ကနေ ၁၄၀၀ အထိ တစ်လအတွင်း တစ်ပိဿာကို ၃၀၀ လောက်စျေးကျဆင်းသွားခဲ့ပါတယ်။
၀တ်ရည်မွန်
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....