အစိမ်းရောင်လမ်း
တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်

တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်

AMIA
AMIA 09/10/2020

(၅.၁၀.၂၀၂၀ မှ ၉.၁၀.၂၀၂၀) ထိ 

တစ်ပတ်အတွင်း အပြောင်းအလဲ ဖြစ်ပေါ်ခဲ့တဲ့ လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းများ

ရန်ကုန် 

မတ်ပဲ

မတ်ပဲကတော့ ဒီတစ်ပတ်မှာလည်း ထပ်ပြီးဈေးတွေ တက်လာပါတယ်။ အိန္ဒိယကနေ ပဲတွေဆက်တိုက် ဝယ်ယူမှုတွေကြောင့် ဈေးက တက်နေခဲ့တာဖြစ်ပါတယ်။ ပဲတွေကတော့ လက်ရှိတောင်သူတွေ လက်ထဲ မှာတော့ မရှိပါဘူး။ ကုန်သည်များအကြားသာ အရောင်းအဝယ်ရှိနေတာဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၂၀၀၀၀၀ ပေါက်ဈေးရှိပြီးတစ်ပတ်အတွင်း တစ်တန်ကို ၇၀၀၀၀ ကျော်ဈေးတက်လာပါတယ်.

မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင်တစ်အိတ်ကို ၁၁၀၀၀၀ ကနေ ၁၁၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ငွေကျပ် ၂၀၀၀ နီးပါးဈေးတက်လာခဲ့ပါတယ်။

မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၃၉၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၄၀၀ ကျပ်ဈေးတက်လာပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာဈေးတက်လာပါတယ်။မတ်ပဲ နည်းတူ အိန္ဒိယကဝယ်ယူမှုတွေ ပြုလုပ်လာတဲ့အတွက် ဈေးတက်လာတာဖြစ်ပါတယ်။ လက်ရှိနယ်ဈေးကွက်တွေမှာ ပဲအသစ်တွေ စဝင်ရောက်လာတာတွေ့ ရပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၉၂၀၀၀ ဝပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ငွေကျပ် ၁ သိန်းနီးပါး ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲစင်းငုံနီက သုံးတင်းဝင် တစ်အိတ်ကို ၈၇၀၀၀ မှ ၈၈၀၀၀  ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။

အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၂၇၅၀၀ မှ ၂၈၅၀၀ ပေါက်ဈေးရှိပြီးတစ်တင်းကို ၂၅၀၀ ကျပ်ဈေးတက်လာပါတယ်။

ကုလားပဲ

ကုလားပဲကတော့ ဒီတစ်ပတ်မှာလည်း ဈေးက တက်နေပါတယ်။ ပြည်ပ ဝယ်ယူမှုရော ပြည်တွင်း ဝယ်ယူမှုရော ရှိနေတဲ့အတွက်ဈေးက တက်နေခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အဟောင်းတွေ မရှိတော့ပဲ ပဲအသစ်တွေကထွက်ရှိပြီး အရောင်းအဝယ် ကောင်းနေပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၁၅၃၀ ကနေ ၁၆၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ နီးပါး ကျပ်ဈေးတက်လာပါတယ်။ ကုလားပဲလုံးဖြူကြီးကလည်း တစ်ပိဿာကို ၁၅၃၀  ကနေ ၁၆၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးတက်လာပါတယ်။ ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၂၀၅၀ ကျပ်ကနေ ၂၂၀၀ ပေါက်ဈေးရှိပြိး ၃၅၀ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးဈေကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ်ကို ၈၅၀၀၀ ကနေ ၈၈၂၀၀၀ ပါက်ဈေးရှိပြီး တစ်အိတ်ကို ၆၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ကုလားပဲ V2 ကတော့ တစ်အိတ်ကို ၉၃၀၀၀ ကနေ ၉၅၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။

ကုလားပဲ 929 ကတော့ တစ်အိတ်ကို ၉၀၀၀၀ ကနေ ၉၂၀၀၀ ကျပ်ရှိပြီးတစ်အိတ်ကို ၆၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ကုလားပဲ V7 ကတော့ တစ်အိတ်ကို ၉၂၀၀၀ ကနေ ၉၃၀၀၀ ကျပ်ရှိပြီး ၃၀၀၀ ကျပ်အသီးသီး ဈေးတက်လာပါတယ်။

ကုလားပဲကတော့ ဈေးကထပ်ပြီး တက်နိုင်ခြေရှိပါတယ်။

စားတော်ပဲလုံး

စားတော်ပဲလုံးက လက်ကျန် လုံး၀ မရှိတော့တဲ့အတွက် ဈေးကတက်နေပါတယ်။ ပြည်တွင်းဝယ်ယူမှုတွေလည်း များနေပါတယ်။

ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၂၂၅၀ မှ ၂၆၇၀ ပေါက်ဈေးရှိပြီး ၂၅၀ ကျပ်ဈေးတက်လာပါတယ်။မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၆၂၅၀၀ ကနေ ၁၅၀၀၀၀ ပေါက်ဈေးရှိပါတယ်။

ဆင်ဖြူကျွန်းမှာတော့ တစ်တင်းကို ၅၀၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။

ပြည်ကုန်စည်ဒိုင်မှာလည်းတစ်တင်းကို ၅၀၀၀၀ ပေါက်ဈေးရှိပြီးဈေးငြိမ်ပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ ဒီတစ်ပတ်မှာဈေးက ပြန်ကျဆင်းသွားပါတယ်။ အဝင်တွေက များလာတဲ့အပြင် ပြည်ပတင်ပို့မှု အနည်းငယ်အေးသွားတဲ့အတွက်ကြောင့် ဈေးကပြန်ကျဆင်းသွားတာဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းလက်ကျန်တွေကလည်း များတဲ့အတွက်ကြောင့် ဈေးကကျဆင်းနိုင်ခြေရှိသေးတယ်လို့ကုန်သည်တွေ ဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီ (ဆိပ်ဖြူ)က တစ်ပိဿာကို ၈၀၀ ကနေ ၁၁၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀ လောက်ဈေးပြန်ကျဆင်းသွားပါတယ်။

ဝတ်ရည်မွန်(AMIA)

 

9
Saw Htoo

Saw Htoo

လွန်ခဲ့သော ၅ နှစ် က

စပါးစိုက်တောင်သူတွေက အမွဲဆုံးပါ။ စပါးနေရာဒေသအလိုက် ပေါက်စျေးလေးတွေ သိချင်ပါတယ်ခင်ဗျား။

TunZawLat

TunZawLat

လွန်ခဲ့သော ၅ နှစ် က

နှမ်းးစျေးကော်မတတ်ဘူးလား

ဖိုးဖြူ

ဖိုးဖြူ

လွန်ခဲ့သော ၅ နှစ် က

ပြောင်းဖူးစျေးနုန်းလဲသိခြင်ပါတယ်ဗျာ့

Nay Tun Aung

Nay Tun Aung

လွန်ခဲ့သော ၅ နှစ် က

၁ ပိုင်း ၅ သောင်း လောက်ရောက်ပြီ ဆိုတော့ စျေးကုန်ပဲ ထပ် မတက်တော့လောက်ဘူးထင်သဗျာ

kokyaw. min.  soe

kokyaw. min. soe

လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးပါ

You

ဆက်စပ်မေးခွန်းများ

ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ

ကိုချမ်း • ဖြေကြားချက် 1 ခု

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 1 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....