အစိမ်းရောင်လမ်း
တစ်ပတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက်သုံးသပ်ချက်

တစ်ပတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက်သုံးသပ်ချက်

Nyi Thway
Nyi Thway Greenovator 01/12/2018

အခုဖြစ်နေတဲ့ဈေးထက် ၅ ဆခန့်ရှိခဲ့တဲ့ ရော်ဘာဈေးအကောင်းဆုံးနှစ် ၂၀၁၁ ခုဝန်းကျင်မှာ စိုက်လိုက်ကြတဲ့ ရော်ဘာတွေဟာ အခုနှစ်ပိုင်းမှာ အစေးခြစ်လို့ရတဲ့ အရွယ်ရောက်လာတော့ ရော်ဘာတွေအလျှံအပယ်ဖြစ်လာတော့တယ်။ ၂၀၁၁ မှာ စတင်စိုက်တယ်ပဲထား။ ရော်ဘာစေးခြစ်လို့ရတဲ့ အပင်သက်တမ်း ၇ နှစ်ဟာ၊ ၂၀၁၈ ခု ဒီနှစ်ပဲမဟုတ်လား။ အသစ်စိုက်ပျိုးမှုဟာ ၂၀၁၁ မှာတင်ရပ်မသွားပဲ အလုံးအရင်းစိုက်ကြတာ ၅-၆ နှစ်ခန့် ဆက်စိုက်ကြပါသေးတယ်။ ဒီတော့ ဒီနှစ်ပိုင်းမှာ အထွက်များလာတာ အံ့ဩစရာမဟုတ်တော့ပါ။ ရော်ဘာစိုက်တဲ့တိုင်းပြည်တိုင်းမှာ အထွက်တိုးနေတယ်လို့ပြောလို့ရတယ်။ အထွက်များတော့ ရောင်းလိုအားများလာမယ်။ ဝယ်လိုအားက မနှစ်ကထက် ပုံမှန်ရှိနေလျှင်တောင် အထွက်ကများလာတော့ ရော်ဘာပိုလျှံနေမယ်။ ခုတော့ မမျှော်လင့်ထားတဲ့ တရုတ်-အမေရိကန်ကုန်သွယ်ရေး ပဋိပက္ခကဖြစ်လာတယ်။ တရုတ်က အမေရိကန်ကိုပို့တဲ့ ပို့ကုန်ထက်ဝက်နီးပါး အမေရိကန်ရဲ့ အခွန်တိုးမြှင့်စီးကြပ်ခြင်းခံရတော့တယ်။ ဆိုတော့ တရုတ်ကုမ္ပဏီတွေက ပစ္စည်းထုတ်လုပ်မှုလျှော့ချရဖို့ဖြစ်လာတော့ ရော်ဘာအဝယ်မလိုက်တော့ဘူး။ ဒီအပြင် အရင်ကဝယ်ထားတဲ့ အရံရော်ဘာတွေလည်း စုပုံလာတယ်။ တစ်ခါ ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်ငွေကြေးဖြစ်တဲ့ ရင်မင်ဘီ(ဝမ်) ကလည်း ယူအက်စ်ဒေါ်လာနဲ့ယှဉ်ရင် ဈေးကျတာ နယ်နိမိတ်လွန်သွားတယ်။ ဒီအကြောင်းကြောင့် ပြည်တွင်းရော်ဘာဈေးကွက်မှာ ရော်ဘာဈေးက မြင့်သွားပြန်တယ်။ ကုမ္ပဏီတွေဝယ်ဖို့ အခက်အခဲတစ်ခုပေါ့။ ဝယ်လိုအားကျရခြင်းအကြောင်း နောက်တခုပေါ့။ အားလုံးကတော့ ဈေးကျစေတဲ့အကြောင်းချည့်ပါပဲ။

မြေပြင်အနေအထားကိုကြည့်ရင်လည်း ကမ္ဘောဒီးယားမှာ ၂၀၁၈ ရဲ့ ပထမ ၁၀ လအတွင်းမှာ ရော်ဘာတိုးထွက်လာတော့ တင်ပို့မှုကတက်သွားတာ ၂၄% တဲ့။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းအရပါ။ ဒါပေမယ့် အချိန်တူအတွင်း ဈေးနှုန်းကျသွားတာက ၁၈% တဲ့။ ဒီတော့ ရော်ဘာအထွက်တိုးပေမယ့် ကမ္ဘောဒီးယားရဲ့ ရော်ဘာအိတ်စပို့မှရတဲ့ ဝင်ငွေက တိုးမလာဘူးပေါ့။ ဒီကာလအတွင်းမှာ ကမ္ဘောဒီးယားက ရော်ဘာတန်ချိန် ၁၆၁၅၇၁ တန်ကို ဂျပန်၊ ကိုးရီးယား၊ မလေးရှား၊ ဗီယက်နမ်၊ စင်္ကာပူ၊ နဲ့ အဓိကဖြစ်တဲ့ တရုတ်တို့ကို တင်ပို့ခဲ့တယ်။ ရော်ဘာဈေးက ပထမ ၁၀ လမှာ ၁၈% ကျသွားတော့ ပျမ်းမျှအနေနဲ့ ဈေးနှုန်းက တစ်တန်ကို ၁၃၅၃ ဒေါ်လာဈေးပဲရတော့တယ်။ ဒီပျမ်းမျှဈေးနှုန်းနဲ့ဆိုရင် ကမ္ဘောဒီးယားအနေနဲ့ ရော်ဘာတင်ပို့မှုကနေ ခန့်မှန်း ဒေါ်လာ ၂၁၈ သန်း ရပါမယ်။ ကမ္ဘောဒီးယားရဲ့ ရော်ဘာစိုက်ပျိုးဧရိယာက ဟက်တာ ၂၂၆၀၀၀ (ဧက ၅၆၀၀၀၀ ခန့်) ရှိပြီး ထုတ်လုပ်ဧရိယာက ဟက်တာ ၂၀၁၀၀၀( ဧက ၅၀၀၀၀၀ ခန့်) ရှိပါတယ်။ 

ဗီယက်နမ်မှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒီနှစ်ရော်ဘာဈေးက ၂၀၁၇ ရော်ဘာဈေးနဲ့ နှိုင်းယှဉ်ရင် ၂၀% လျော့နည်းနေတယ်။ စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာတခုအရ ဒီနှစ် ပထမ ၉ လမှာ ဗီယက်နမ်က တန်ဘိုး အမေရိကန်ဒေါ်လာ ၁.၄၅ ဘီလီယံရှိတဲ့ ရော်ဘာတန်ချိန် ၁.၀၆ သန်းကို တင်ပို့ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်ဒီအချိန်နဲ့ နှိုင်းယှဉ်ရင် အရေအတွက်အနေနဲ့ ၁၀.၉% တိုးတက်ခဲ့ပေမယ့် ငွေကြေးတန်ဘိုးအရတော့ ၁၀% လျော့ကျခဲ့ပါတယ်တဲ့။ 

ဗီယက်နမ်ရော်ဘာအုပ်စု Vietnam Rubber Group - VRG ရဲ့ ဥက္ကဋ္ဌ ဗိုစီလက်ရဲ့အဆိုအရ ရောင်းအားက ဝယ်အားထက်ပိုနေတော့ ဈေးကျရပါတယ်တဲ့။

VRG ဟာ CMSC လို့အတိုကောက်ခေါ်တဲ့ နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှုကွပ်ကဲရေးကော်မီတီ Committee for State Capital Management ကိုလွှဲပြောင်းမယ့် ဝန်ကြီးဌာနနဲ့ အစိုးရအေဂျင်စီတွေရဲ့ နိုင်ငံပိုင် လုပ်ငန်းစု ၁၉ ခုထဲက တစ်ခုဖြစ်တယ်။ ဒီထဲမှာ Vietnam National Oil and Gas(PetrolVietnam or PVN),  Vietnam Electricity (EVN), Vietnam National Coal and Mineral Industries Group( Vinacomin or TKV), Vietnam Post and Telecommunication Group(VNPT), Vietnam Airlines and Airports Corporation of Vietnam ( ACV) တို့ပါတယ်။ 

နိုင်ငံပိုင်လုပ်ငန်းစု ၁၉ ခုမှာ အရပ်ရပ်ပိုင်ဆိုင်မှု ဗီယက်နမ်ဒေါင် ၂.၃ ကွာဒရီလီယံ (၁၀၂.၂ ဘီလီယံဒေါ်လာ) ရှိတယ်။ ဒီထဲမှာ နိုင်ငံတော်ရင်းနှီးငွေ VND ၁ ကွာဒရီလီယံ ပါဝင်တယ်။ 

အခု VRG  က သူတို့ရဲ့ ရော်ဘာအထွက်ကို လျှော့ချဘို့လုပ်နေတယ်။ ရောင်းလိုအားထက် ဝယ်လိုအားတက်လာအောင်လုပ်ပြီး ဈေးကိုဆွဲတင်ဖို့အစီအစဉ်ပါပဲ။ 

ဗီယက်နမ်က တစ်ခုခံသာသွားတာရှိတယ်။ ဘာလဲဆိုတော့ တရုတ်မှာ Outsourcing လာလုပ်တဲ့ နိုင်ငံတကာကုမ္ပဏီတွေက သူတို့ပစ္စည်းတွေကို တရုတ်မှာထုတ်ပြီး အမေရိကန်ကိုပို့မယ်ဆိုရင် အခွန်အကောက်အကြီးကြီးထိမှာကို စိုးရိမ်ပြီး သူတို့ရဲ့စက်ရုံတွေကို ဗီယက်နမ်ဆီရွှေ့ပြောင်းလာကြလို့ပါပဲ။ တနည်းပြောရရင် ဗီယက်နမ်ရဲ့ FDI နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတိုးလာတယ်ပေါ့။ 

ထိုင်းနိုင်ငံမှာလည်း ရော်ဘာဈေးဟာ ဇွန်လကစတွက်ရင် ၂၀% ကျသွားတယ်။ အခွန်အကောက်တိုးကောက်ခံနေရတဲ့ တရုတ်စက်ရုံတွေဆီက ဝယ်လိုအားတွေ ကျဆင်းသွားလို့ပဲ။ တရုတ်ဆိုတာက ထိုင်းရဲ့ ရော်ဘာထက်ဝက်ကျော်ကို တင်ပို့နေတဲ့ ဈေးကွက်ကြီးလေ။ 

ထိုင်းရော်ဘာလုပ်သားတွေဟာ သူတို့ရဲ့ ရော်ဘာလုပ်ငန်းကိုစွန့်ပြီး စက်ရုံအလုပ်ဘက်ကို ရွှေ့ပြောင်းနေကြပြီ။ 

" ကျမကလေးတွေကို ဆက်ကျွေးမွေးဘို့မဖြစ်နိုင်တော့ဘူး" ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်း ချင်းရိုင်မှာ တစ်နေ့ဆယ်နာရီ ရော်ဘာစေးခြစ်လုပ်ငန်းလုပ်ပြီး တစ်နေ့ အမေရိကန်ဒေါ်လာ ၇ ဒေါ်လာရနေတဲ့ အန်နီတာ ဆိုသူ အမျိုးသမီးကပြောတယ်။ ၇ ဒေါ်လာဆိုတာ အနိမ့်ဆုံးလုပ်ခထက်နည်းပြီး၊ ကာလနှုန်းထားရဲ့ ထက်ဝက်သာရှိပါတယ်။ ဒါနဲ့ သူက တနေ့ ၉ ဒေါ်လာနဲ့ ထုတ်ပိုးစက်ရုံတခုမှာ အလုပ်ဝင်လုပ်နေပါပြီ။ ( ထိုင်းရဲ့ အနိမ့်ဆုံးလုပ်ခက တနေ့ ဘတ် ၃၀၀ ပါ။ ၇ ဒေါ်လာကို အခုဒေါ်လာဈေးနဲ့ တွက်ရင် ဘတ် ၂၃၀ ခန့်သာရှိပါတယ်။) 

တခါက စီးပွားရေးကောင်းလှပါတယ်ဆိုတဲ့ ရော်ဘာလုပ်ငန်းဟာ ပြိုဆင်းသွားတာ ထိုင်းရော်ဘာဈေးဆိုရင် တစ်ကီလိုကို ၁.၂၂ ဒေါ်လာထိ ထိုးကျသွားတော့တယ်။ ၂၀၁၁ တုန်းကဆို ဒီဈေးရဲ့ ၅ ဆပေါ့။ 

ကမ္ဘာ့ရော်ဘာထွက်သမျှရဲ့ ၃ ပုံ ၁ ပုံခန့်က ထိုင်းကလာတာပါ။ ထိုင်းနိုင်ငံက လောလောဆယ်မှာ တစ်နှစ်ကို ရော်ဘာတန်ချိန် ၄.၆ သန်းခန့်ထုတ်လုပ်နေပါတယ်။ တရုတ်ရဲ့ ဝယ်လိုအား ရုတ်တရက်ကျသွားတော့ ကမ္ဘာ့ရော်ဘာပိုလျှံမှုကြီးဟာ ပိုဆိုးသွားကာ ရော်ဘာဈေးကို ချောက်ကမ်းပါးကနေတွန်းချလိုက်ပါတော့တယ်။ 

Thai Hua Rubber ရဲ့ မားကတ်တင်းမန်နေဂျာ မစ္စတာ ကာရာကို ကစ်တီပိုလ်က " တရုတ်ကုမ္ပဏီတွေက သူတို့ရဲ့ စတော့မှာ ရော်ဘာများများ ရှိမနေချင်ကြဘူး" တဲ့ AFP ကိုပြောပြတယ်။ နောက်ထပ်မဝယ်တော့ဘူးဆိုတဲ့သဘော။

ထိုင်းရဲ့ လက်ရှိ စစ်အစိုးရက ကုန်ထုတ်တဲ့ဘက်က ပြဿနာကိုတင်ပြဖို့ကြိုးစားပြီး၊ နောင် ၅နှစ်မှာ ရော်ဘာစိုက်ဧရိယာကို တစ်နှစ် ဟက်တာ ၆၀၀၀၀ ကျော်လျှော့ချဖို့ ရည်ရွယ်နေတယ်။ ဒါလည်း ဈေးနှုန်းမြှင့်တင်ဖို့ ကြိုးပမ်းမှုတစ်ခုပါ။ 

နောက်ဆုံးအနေနဲ့ အခုပြုလုပ်နေတဲ့ G20 အစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဆွေးနွေးပွဲမှာ ရလဒ်ကောင်း ရလိမ့်မယ်လို့ သူမျော်လင့်တဲ့အကြောင်း တရုတ်သမ္မတက ပြောထားတော့ မျှော်လင့်စရာတစ်ခုအဖြစ်ရှိနေတယ်။ 

ညီသွေး

စိုင်ူလိတ်၁၆

စိုင်ူလိတ်၁၆

လွန်ခဲ့သော ၂ နှစ် က

အခုခေတ်သစ်၂၀၂၃မှာ

စိုင်ူလိတ်၁၆

စိုင်ူလိတ်၁၆

လွန်ခဲ့သော ၂ နှစ် က

အခုခေတ်တွေနဲ့ဆိုရင် ဘယ်လိုဖြစ်သွားြပီးလဲ ခင်ဗျာ

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....