ကြာရှည်အထားခဲ့မယ့် ခရမ်းချဉ်သီးအနှစ်နဲ့ အချဉ်ရည်ပြုလုပ်နည်း
ခရမ်းချဉ်သီးတွေ ဈေးကျနေတယ် လွှင့်ပစ်နေရတာတွေ သတင်းတွေထဲမှာ မြင်ရကြားရတော့ တကယ်လည်း စိတ်မချမ်းသာပါဘူး၊
ခရမ်းချဉ်သီးတွေကို လွှင့်မပစ်ပဲနဲ့တစ်ခြား လုပ်လို့ရတာ မရှိဘူးလားဆိုတော့
တောင်သူတွေအနေနဲ့ ဘာတွေလုပ်လို့ရမလဲဆိုတာကို စဉ်းစားကြည့်ကြရအောင်ခင်ဗျာ
- ယိုထိုးထားပြီး ပြန်ရောင်းလို့ရပါတယ်။
- ဟင်းအနှစ်ချက်ထားလို့ရပါတယ်။
ဒါက ကျွန်တော်တို့ တောင်သူဦးကြီးတွေ သိပြီးသားတွေဖြစ်ပါတယ်။
အရင်းတော့ နည်းနည်းထပ်စိုက်ရမယ်။ ဒါပေမဲ့ အထားခံတယ်၊ ပြန်ရောင်းလို့ရပါတယ်။
ယိုထိုးတာ အလုံးလိုက် ထိုးလို့ရသလို ကြိတ်ချေပြီးမှလည်း ထိုးလို့ရတဲ့နည်းလမ်းလည်းရှိပါတယ်
အစိမ်းရောင်လမ်းကတင်ထားပေးတဲ့ လွယ်ကူရိုးရှင်းတဲ့ ခရမ်းချဉ်သီးယိုထိုးနည်းကို ဝင်ဖတ်လို့ရပါတယ်။
နောက်တစ်ခုက ဟင်းအနှစ်ချက်ထားတာပါ။ အဲ့အတွက်ကိုလည်း မိသားစုအတွက် ခရမ်းချဉ်သီး အနှစ်ပြုလုပ်ထားရအောင် ဆောင်းပါးကို ဝင်ကြည့်ပြီး လိုက်လုပ်လို့ရပါတယ်။
နောက် ဘာတွေ လုပ်လို့ရနိုင်သလဲဆိုတော့ အနှစ်ထုတ်ထားလို့ရတယ်။ ရေခဲသေတ္တာထဲ လေလုံအိတ်နဲ့ထည့်ပြီး ခဲထားမယ်ဆိုရင်တော့ ၃ လ လောက်အထိ ခံပါတယ်။ မဟုတ်ရင်တော့ (၃)ရက်ကနေ (၅) ရက်ပဲ ခံမှာပါ။
စည်သွပ်ထားတယ်ဆိုရင်တော့ တစ်နှစ်လောက်အထိ ခံပါတယ်။ (စီးပွားဖြစ်ထုတ်လုပ်လိုသူတွေအတွက်ပါ)
ခရမ်းချဉ်သီးအနှစ် ဘယ်လိုထုတ်မလဲဆိုရင်
ခရမ်းချဉ်သီး အမှည့်၊ သံလွင်ဆီ (ထည့်ချင်ရင်)၊ ဆားနဲ့ ငရုတ်ကောင်း (အရသာအတွက်) ၂ မျိုးနဲ့ သံလွင်ဆီ ထည့်ရင် (၃)မျိုးပဲ လိုပါတယ်။
ချက်ဖို့ အိုးရယ် ကြိတ်လို့ရတဲ့ ကြိတ်စက်ရယ်နဲ့ ဇကာ ရှိထားဖို့တော့လိုပါမယ်။
ခရမ်းချဉ်သီးတွေကို ရေဆေး၊ ခဏပြုတ်ပြီးတော့ ရေခဲရေထဲ ထည့်စိမ်လိုက်ရင် အခွံခွာလို့ရပါတယ်။ အခွံခွာထားတဲ့ ခရမ်းချဉ်သီးတွေကို အိုးထဲထည့် (သံလွင်ဆီထည့်မဲ့သူက သံလွင်ဆီလေးပါထည့်)၊ ပြီးရင် မီး အလယ်အလတ်လောက်နဲ့ ပွက်ပွက်ဆူအောင်တည်၊ ချေပေးနေရင်းနဲ့ ၁၅-၂၀ မိနစ်လောက်ဆို ပျော့ပြီးတော့ စစ်ထုတ်ရည်လေးတွေ ထွက်လာမှာပါ။
အဲ့ဒါကို ကြိတ်ချေပြီးအနှစ်တိုက်ထား စကာနဲ့စစ်၊ (အကုန်ချေပြီးလို့ မစစ်လည်းရပါတယ်။) ပြီးရင် နောက်ဆုံးမှာ ဆားနဲ့ ငရုတ်ကောင်းထည့်လိုက်ရင် ခရမ်းချဉ်သီးအနှစ် ရပါပြီ။
ပျစ်ချင်ရင် မီးအေးအေးနဲ့တည်၊ အရသာအတွက် အိမ်သုံးဆိုရင် ကြက်သွန်နီ၊ တို့ မုန်လာဥတို့ထည့်လို့ရပါတယ်။
ဘယ်မှာပါဝင် အသုံးပြုလို့ရမလဲဆိုရင်
ဟင်းချက်တဲ့နေရာတွေမှာ၊ ပါစတာ အနှစ်လုပ်တဲ့နေရာတွေ၊ အချဉ်ဓာတ်လေးထည့်ချင်တဲ့နေရာမှာ (စွပ်ပြုတ်တို့ )၊ ပီဇာတို့နဲ့ တွဲစားလို့ရပါတယ်။

Tomato Ketchup (ခရမ်းချဉ်သီး အချဉ်ရည်) ပြုလုပ်နည်း
ကြက်ကြော်တို့ အာလူးကြော်တို့ ကြက်ဥကြော်တို့နဲ့ တို့စားဖို့ အဆင်ပြေအောင် ခရမ်းချဉ်သီးပေါတဲ့ကာလမှာ ခရမ်းချဉ်သီးနဲ့ အချဉ်ရည်လေးလုပ်ထားရင် ဈေးတွေမှာရောင်းတာထက် ကျန်းမာရေးနဲ့လည်း ပိုပြီးတော့ ညီညွတ်တယ် ကိုယ်ဘာသာလုပ်တာဆိုတော့ ကုန်ကျစရိတ်လည်းသက်သာတဲ့အပြင်ကို ပေါပေါများများလည်း စားရမှာဆိုတော့ ခုပဲလုပ်ကြည့်လိုက်ကြရအောင်။
ပါဝင်ပစ္စည်းများ
- ခရမ်းချဉ်သီး အနှစ်
- ကြက်သွန်နီ
- ကြက်သွန်ဖြူ နဲ့
- ဂျင်း
- ဟင်းခတ်မှုန့် (ငရုတ်သီးမှုန့်)
- သကြား (အညိုရလျင်ထည့်ပါ)
- ပန်းသီးရှာလကာရည်၊ (ရိုးရိုးရှာလကာရည်လည်းရပါတယ်။)
ခရမ်းချဉ်သီး အနှစ်ကတော့ ပြုတ်ပြီးတော့ အခွံခွာ၊ အစေ့ကြိုက်ရင်တော့ အကုန်လုံးကြိတ်ချေထည့်၊ မကြိုက်ရင်တော့ ညှစ်ထုတ်ပြီးထားထားပေးပါ။ ကြက်သွန်နီကို ဆီနဲ့ အရောင်က အညိုလေးမဖြစ် တစ်ဖြစ် ပျော့ပျော့အနေအထားကို ဆီပူတိုက်ပြီးရင် ကြက်သွန်ဖြူ၊ ဂျင်းနဲ့ ငရုတ်သီးမှုန့်တို့ကိုထည့်၊ အချဉ်အတွက် ရှာလကာရည်ထည့်၊ သကြားအညိုနည်းနည်းထည့်၊ အရသာအတွက် ဆားလေးလည်း နည်းနည်းထည့်ပြီးရင်စ ချက်ပါမယ်။
ဇွန်းနဲ့ ခရမ်းချဉ်သီးလေးတွေကို ကြိတ်ချေပေးပါ။ မွှေပေးပြီးတော့ အနှစ်တွေပျစ်လာတဲ့အချိန်ကျ စိတ်တိုင်းကျပြီဆိုရင် အအေးခံပြီးတော့ ရေခဲသေတ္တာထဲမှာဆိုရင် တစ်လလောက် သိမ်းထားလို့ရပါတယ်။
ဒီအချဉ်ရည်လေးကို အိမ်မှာ အဆင်ပြေသလို စားလို့ရပါတယ်။ ခေါက်ဆွဲသုပ်တာပဲဖြစ်ဖြစ်၊ အကြော်အလှော်လေးနဲ့ပဲဖြစ်ဖြစ် ကိုယ်တိုင်လုပ်စားလို့ရတဲ့ အပြင်ကိုမှ ပြန်ပြီးတော့လည်း ရောင်းချလို့ရနိုင်ပါသေးတယ်။
Reference:
https://thethingswellmake.com/easy-homemade-tomato-paste-recipe/
https://www.inspiredtaste.net/27375/homemade-ketchup-recipe/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာကျွန်တော့်မိုးနေကြာမှာပုံပါအတိုင်းစာကလေးနဲ့ဇွန်းမြီးချေငှက်များလွန်ုစွာမှဖျက်ဆီးနေပါသည်ခင်ဗျာဘယ်လိုများကာကွယ်ရမလဲအကြံပေးကြပါအုံးခင်ဗျာ
ဦးဝင်းဇော် • ဖြေကြားချက် 1 ခု
သဘော်သီး အစေး မြန်မာပြည်မှာဈေးကွက်ရှိလား။
ဦးလာလ်နောန် • ဖြေကြားချက် 1 ခု
ဆရာ ကျွန်တော်ကွမ်းခြံကကွမ်းအရွက်က စိုက်မပွင့်ဘူးဖြစ်နေလို့ပါ အောက်ဆေးကတော့ နိုင်ထိုပိုဆတာနဲ့ပလဲကိုကျွေးပါတယ် အပေါ်ရွက်ဖျန်းအားဆေးကတော့မျိုးစုံနေပါပီ ဖျန်းတာ ဆရာတို့ကူညီပါအုံး ဘယ်ဆေးသုံး ရမလဲလို့
sansansoe • ဖြေကြားချက် 3 ခု
ဝဥ
Win Naing • ဖြေကြားချက် 0 ခု
မိုးစပါးရွှေအပ်ဘယ်လောက်ဈေးလဲဗျ
SawYanNaing • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
More from ထွန်းဝင်းကျော်
အားလုံး
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026
စိုက်ပျိုးသွင်းအားစု ရောင်းချချင်သူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများစာရင်း
28/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်အကြံပေးနည်းသင်တန်း တက်ရောက်ခွင့်ရရှိသူများ
27/06/2026
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ
26/06/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....