အစိမ်းရောင်လမ်း
၅၅ နှစ်မြောက် ကမ္ဘာမြေနေ့

၅၅ နှစ်မြောက် ကမ္ဘာမြေနေ့

ဒီနေ့ဟာ ကုလအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ကိုယ်တိုင် လက်မှတ်ထိုးခွင့်ပြုပေးခဲ့တဲ့ ကမ္ဘာမြေနေ့ပါ။

ဒီတော့ "မင်္ဂလာနှစ်ပတ်လည်နေ့ပါ ကမ္ဘာမြေကြီးရေ” လို့ Green Way က နှုတ်ခွန်းဆက်လိုက်ပါတယ်..။

🌿 သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရေး၊ ဂေဟစနစ်ကြီးပျက်စီးနေတာကို ကုစားရေးနဲ့ ပိုပြီးတော့ ကြာရှည်ရှင်သန်နိုင်ရေး စတဲ့ရည်ရွယ်ချက်တွေနဲ့အတူ ကမ္ဘာမြေနေ့ကို ဦးသန့်လက်ထက် ၁၉၇၀ ခုနှစ် ဧပြီ ၂၂ မှာ စတင်ကျင်းပခဲ့တာမို့ ခုဆို ၅၅ နှစ်မြောက် ရှိနေပါပြီ..။

လူတွေအတွက်ဆိုရင် သစ်ပင်တွေကို ထမ်းပိုးပေးထားရတဲ့ကမ္ဘာမြေကြီး၊ ပင်လယ်သမုဒ္ဒရာတွေကို ရင်ခွင်ပိုက်ပေးထားတဲ့ကမ္ဘာမြေကြီး၊ ပန်းပွင့်တွေ လန်းစွင့်စေဖို့ နှလုံးသားနို့ရည်တွေ တိုက်ကျွေးပေးနေတဲ့ ကမ္ဘာမြေကြီး..။ 

အဲ့ဒီ ကမ္ဘာမြေကြီးဟာ အခုဆိုရင် လူတွေရဲ့ ဂရုမစိုက် ပစ်ပယ်မှုတွေကြောင့်ပဲ နာမကျန်းဖြစ်နေတဲ့ လက္ခဏာတွေကို ကျန်းမာရေးဖောက်ပြန်မှုတွေနဲ့အတူ ညှင်းသွဲ့သွဲ့ ပြနေတာ ကြာပြီပေါ့..။ 

🌿  ဒီတော့ ဒီနှစ်ကမ္ဘာမြေနေ့ကစလို့ ကျွန်မတို့ရဲ့ ကမ္ဘာမြေကြီးကို ပြန်လည်ပြုစုလိုက်ကြရအောင်လားရှင်..။

ဒီအတွက် ကျွန်မတို့တွေ ပါဝါရိန်းဂျားတွေလို အစွမ်းထက်ဖို့ မလိုပါဘူး။ ပလတ်စတစ်သုံးစွဲမှုတွေ လျှော့ကြမယ်။ ဓာတုဆေးဝါးတွေ အလွန်အကျွံသုံးတာကို လျှော့ကြမယ်။ ရေချိုတွေကို အလဟဿမဖြစ်အောင် ဂရုစိုက်သုံးကြမယ်။ အထူးသဖြင့်..သူချစ်တဲ့အပင်လေးတွေနဲ့ ကမ္ဘာကြီးကို ပြန်ပြီး အလှဆင်ပေးကြမယ်..။ စသဖြင့်..စသဖြင့်.. တနိုင်တပိုင်လေးတွေနဲ့ ပြုစု ကုသပေးရုံပါပဲ..။

🌿 အစိမ်းရောင်လမ်းရဲ့ ဦးကြီးတွေကတော့ သစ်ပင်လေးတွေကို ချစ်ပြီးသားမို့ အထွေအထူးပြောစရာလိုမယ်မထင်ပါဘူးနော်..။

သစ်ပင်လေးတွေစိုက်ပျိုးတာက အရိပ်ရတဲ့အပြင် ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုစုပ်ပြီး အောက်စီဂျင်ကိုထုတ်ပေးတာမို့ ကိုယ့်ပတ်ဝန်းကျင်မှာ များများစိုက်ပျိုးလိုက်တာနဲ့ ကမ္ဘာမြေကြီးကို သာမက လူသားတွေကိုပါ သက်ရှည်ကျန်းမာလက်ဆောင်တွေ ပေးလိုက်တာနဲ့ တူတူပါပဲရှင်..။ 

ဒီတော့.. အို..ကမ္ဘာမြေကြီး..။ 

၅၅ နှစ်မြောက် ကမ္ဘာမြေနေ့ကစလို့ သင့်ကို ကျွန်မတို့ချစ်ခင်ခြင်းတွေနဲ့ စောင့်ရှောက်ပေးပါ့မယ်..။ 

စိမ်းမြလန်းဆန်းမှုတွေနဲ့ သက်ရှည်ကျန်းမာပါစေရှင်..။

1
Win Ko Thu

Win Ko Thu

လွန်ခဲ့သော ၁ နှစ် က

ကျေးဇူပါ

You

ဆက်စပ်မေးခွန်းများ

လိုရာ909ခရမ်းချဉ်က ဘေးတက်ဖဲ့ရသေးတာလား

Nga Chan • ဖြေကြားချက် 1 ခု

Dr.Cho Han Kyu(CGNF)ရဲ့ Water-Solube Phosphoric Acid (WS-PA) အကြောင်းမှာ နှမ်းရိုးမီးသွေးနဲ့ ပြုလုပ်ရကြောင်းသိရပါတယ် စပါးခွံမီးသွေးနဲ့ နှမ်းရိုးမီးသွေးကဘယ်လိုကွားခြားမှု ရှိသလဲ ပြီးတော့ အရိုးမှုန့်မြေဩဇာနဲ့ နှမ်းရိုးမီးသွေးက ဘယ်လိုကွားခြားမှုရှိပါသလဲ ဆရာတို့ ကျေးဇူးပြု၍ ဖြေကြားပေးကြပါဦးခင်ဗျ

Khing Hein • ဖြေကြားချက် 2 ခု

ဆရာရေကျွန်တော်ငါးမွေးဖို့ဝါသနာပါတ့ဲသူတယောက်ပါဒါပေမ့ဲငွေကြေးရင်းနှီးဖို့အများကြီးမရင်းနှီးနိုင်ဘူးနေရာကလဲခြံထဲမှာအနံ၄ပေအလျား၁၅လောက်တော့ရှိတယ်ဘာမွေးရမလဲငါးရ့ံမွေးရင်ကောအဆင်လောက်လားအကောင်ဘယ်လောက်လောက်မွေးလို့ရမလဲဘယ်လိုပုံစံတွေလုပ်ဆောင်ကမလဲဆိုတာလမ်းညွှန်ပေးပါအုံးနော်

Nay Win • ဖြေကြားချက် 1 ခု

ဆရာကြီးခင်ဗျ သင်ဘောစိုက်ခင်း ၇လ သား​ရှိနေပါပြီ အခု မြစ်ရေဝင်သွားလို့ ပျက်စီးသွားပါပြီး အဲ့ဒီနေရာမှာပဲ သင်္ဘောပြန်စိုက်လို့ ရမလား ရမယ်ဆိုရင်လည်း ကျနော်တို့ အလယ်ပိုင်း ဒေသမှာ သင်ဘောသည် ဘယ်လဟာစိုက်ပျိုးရန်သင့်တော်သလည်းဆိုတာလည်း ပြောပေးပါဥိးခင်ဗျာ

ကိုလတ် • ဖြေကြားချက် 1 ခု

ဘာဖြစ်တာလဲဗျ

ညီညီ • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....