အစိမ်းရောင်လမ်း
သန္တာကျောက်တန်းဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး

သန္တာကျောက်တန်းဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး

ဂေဟစနစ်ဆိုသည်မှာ...

သက်ရှိသတ္တဝါများအချင်းချင်း သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ အပြန်အလှန် အကျိုးပြုနေထိုင်ခြင်း ဖြစ်တည်နေသော ကွန်ရက်ကြီးတစ်ခု ဖြစ်သည်။ တိကျသေချာသော အကျယ်အဝန်းတစ်ခု သတ်သတ်မှတ်မှတ် ဖြစ်တည်မှု ရှိကြသည်။

အချို့သော သိပ္ပံပညာရှင်များအနေဖြင့် ဂြိုဟ်တစ်ခုလုံးသည် ဂေဟစနစ်တစ်ခုဖြစ်သည်ဟု ဆိုကြပါသည်။

ဂေဟစနစ်ပတ်ဝန်းကျင်၏ ဥပမာများမှာ -

  • ရေကန်ဂေဟစနစ်
  • သန္တာကျောက်တန်းဂေဟစနစ်
  • မြစ်ဝ ဂေဟစနစ်
  • သစ်တော ဂေဟစနစ်
  • မိုးသစ်တော ဂေဟစနစ်
  • မြက်ခင်းပြင် ဂေဟစနစ်
  • ပင်လယ်ရေနက်ပိုင်း ဂေဟစနစ် အစရှိသဖြင့် ရှိကြပါသည်။

အကယ်၍ ဂေဟစနစ်သည် ရေရှည်မတည်တံ့လျှင်-

  • ဂေဟစနစ် ယိုယွင်းပျက်စီးသွားနိုင်ခြင်း၊
  • စွမ်းအင် ကောင်းစွာ မလည်ပတ်နိုင်တော့ခြင်း၊
  • သက်ရှိအုပ်စုများ၏ အမျိုးအစားကွဲပြားမှု ယိုယွင်းပျက်စီးခြင်း၊
  • နောက်ထပ် ဂေဟစနစ် မတည်ရှိတော့ခြင်းများ ဖြစ်ပေါ်လာပါမည်။

သန္တာကျောက်တန်း ဂေဟစနစ်ဆိုတာ..

သန္တာကောင်(Coral or  Coral reef)များသည် ဇီဝသက်ရှိ တစ်မျိုးဖြစ်ပြီး မာကျောသော ပြင်ပအကာအရံ( hard skeleton) ကိုတည်ဆောက်ရန် သန္တာကောင်တစ်ကောင်ချင်းစီမှ ထုံးကျောက်ဟုခေါ်သော Calcium carbonate ကို စစ်ထုတ်၍ သန္တာကျောက်တန်းကြီးကို တည်ဆောက်ကြပါသည်။

သန္တာကောင်(Coral) များသည် ပင်လယ်ပြင်နေ ကျောရိုးမဲ့သတ္တဝါ( marine Invertebrate) များ ဖြစ်ကြပြီး ၎င်းတို့စုပေါင်းနေထိုင်ရာ သန္တာကျောက်တန်းများသည် ပုံသဏ္ဍန်အမျိုးမျိုး ရှိကြပါသည်။ သားလောင်းဘဝတွင် ရေစီးနှင့် မျောပါကြသော်လည်း ကြီးကောင်ဘဝတွင် တစ်နေရာတည်း၌ ကပ်တွယ်နေထိုင်ကြပါသည်။

Coral များတွင် အဓိကအားဖြင့် hard coral နှင့် soft coral ဟူ၍ ၂ မျိုး ရှိကြပါသည်။ Hard coral များသည် ကျွတ်ဆတ်၍ ကျိုးလွယ်ပြီး Calcium Carbonate များပါရှိကာ ကျောက်များနှင့် ဆင်တူပါသည်။

Soft coral များမှာမူ ကျောက်တုံးတွင်ကပ်၍နေတတ်ပြီး ကိုင်လိုက်လျှင် ချွဲကျိ၍ ရေစိုဖော့ကဲ့သို့ ပုံသဏ္ဍာန်ရှိပါသည်။၄င်းတို့သည် အကိုင်းအခက်ပုံစံရှိ၍ Calcium Carbonate များ မပါရှိပါ။ အလင်းရောင်နည်းသည့်နေရာတွင်လည်း ရှင်သန်နိုင်ကြပါသည်။

Coral အမျိုးအစားပေါင်း ၂၅၀၀ ကျော်မှ ၃၀၀၀ နီးပါးထိရှိပြီး အရွယ်အစားအမျိုးမျိုး ပုံစံအမျိုးမျိုးနှင့် တွေ့နိုင်ပါသည်။ Coral များသည် နေရောင်ခြည်ကောင်းစွာရ၍ ကြည်လင်သန့်ရှင်းသောရေတွင်သာ တွေ့ရတတ်ပါသည်။ နောက်ကျိသောရေ (turbid water) နှင့် cold water တို့တွင် မတွေ့ရှိရပါ။

အချို့သော coral များတွင် အဆိပ်ပါရှိကြပြီး ၎င်းကိုထိမိပါက ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာဖြစ်ပြီး သေစေနိုင်ပါသည်။

ကမ္ဘာ့သမုဒ္ဒရာများ၏ 0.1 % မှာ coral region များဖြစ်၍ 25 % သောရေသတ္တဝါများ မှီခိုနေထိုင်ရာနေရလည်း ဖြစ်ပါသည်။ သန္တာကောင်များသည် အပင်မျှောလှေး (Phytoplankton) ၊ အကောင်မျှောလှေး (Zooplankton) နှင့် Krill ဟု ခေါ်သော အကောင်ငယ်လေးများကို စားသုံးကြပါသည်။

သန္တာကောင်များ၏ cell အတွင်းတွင်ပါရှိသော Zooxanthelae (microscopic algae)ကြောင့် သန္တာကောင် များကို အရောင်အသွေးစုံလင်စွာဖြင့် တွေ့ရခြင်း ဖြစ်ပါသည်။

Coral များကို အများအားဖြင့် အပြာ၊ အစိမ်း၊ အနီနှင့် ရွှေရောင်များဖြင့် တွေ့ရလေ့ရှိသည်။ ၎င်းတို့သည် ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်၍ အရောင်ပြောင်းနိုင်ကြပါသည်။

သန္တာကျောက်တန်း(coral reef)များကို တနင်္သာရီကမ်းရိုးတန်း၊ ရခိုင်ကမ်းမြောင်ဒေသ စသည်တို့၏ ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်ကျွန်းအများစုအနီးတွင် တွေ့ရှိရနိုင်ပါသည်။ 

သန္တာကျောက်တန်း(coral reef) များသည် ကျွန်းများကို မုန်တိုင်းဒဏ်၊ ရေစီးကြောင်းဒဏ်၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုဒဏ်များမှ ကာကွယ်ပေး၍ အချို့သော ပင်လယ်ရေသတ္တဝါများအတွက် သားပေါက်ရာနေရာ၊ သားပေါက်များ ခိုအောင်းရာနေရာအဖြစ်လည်း အထောက်အကူပြုပါသည်။

မြန်မာ့ပင်လယ်ပြင်တွင် ရေလုပ်ငန်းအတွက် အဓိက အားကိုးအားထားပြုလို့ရသောအရာမှာ သန္တာကျောက်တန်း ဂေဟစနစ်ပဲ ဖြစ်ပါသည်။ထို့ကြောင့် မြန်မာနိုင်ငံ၏ ပင်လယ် ငါးဖမ်းလုပ်ငန်းတွင် သန္တာကျောက်တန်းဂေဟစနစ်ဖြစ်သည့် သန္တာကျောက်တန်း၊ ဒီရေတောနှင့် ပင်လယ်မြက်တို့ တည်ရှိနေမှုအပေါ်မှာ အများကြီး မှီခိုနေပါသည်။

သန္တာကျောက်တန်းဂေဟစနစ်သည် ရေလုပ်ငန်းအတွက်သာမက ပင်လယ်ပြင်ခရီးသွားလုပ်ငန်းဖြစ်သည့် Snorkeling နှင့် Scuba Diving ပြုလုပ်ခြင်းတို့အတွက်ပါ အသုံးဝင်သည့် ဂေဟစနစ်တစ်ခုလည်း ဖြစ်ပါသည်။

ထို့အပြင် ဤဂေဟစနစ်တွင်ပါဝင်သည့် ဒီရေတောသည်လည်း Creative ပြုလုပ်နိုင်လျှင် ခရီးသွားလုပ်ငန်းအတွက်သာမက စိုက်ပျိုးရေးလုပ်ငန်းအတွက်ပါ အသုံးချလို့ရနိုင်ပါသေးသည်။

လွန်ခဲ့သောနှစ်ပေါင်း ၃၀ ခန့်အတွင်း coral 50% လောက် ဆုံးရှုံးခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် အပူချိန်မြင့်တက်လာခြင်း၊ အက်စစ်ဓာတ်ပြုခြင်း၊ nitrogen နှင့် phosphorus များပြားခြင်း၊ ငါးအလွန်အကျွံဖမ်းခြင်း (ဥပမာ-ပေါက်ကွဲမှုဖြင့် ငါးဖမ်းခြင်း၊ cyanide ဖြင့် ငါးဖမ်းခြင်း)တို့ကို ရှောင်ရှားပေးရန် လိုအပ်လှပါသည်။ 

ထို့ပြင် သန္တာကျောက်တန်းဂေဟစနစ်တွင် ပါဝင်သည့် အရာအားလုံးကို ထိုပတ်ဝန်းကျင်မှာ နေထိုင်ကြသူများအနေဖြင့် မပျက်စီးစေဖို့ ဝိုင်းဝန်းထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် အထူးလိုအပ်လှပါကြောင်း သန္တာကျောက်တန်း ဂေဟစနစ်၏အကျိုးပြုပုံများအကြောင်းကို လေ့လာရေးသားလိုက်ရပါသည်။

ရေးသားသူ-ပင်လယ်ပြာ(ငါးဦးစီး)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

You

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....