ကမ္ဘာပေါ်မှာ ပထမဆုံး တစ်ခါသုံး ရေသန့်ဗူး အသုံးပြုမှု တားမြစ်သည့် နေရာ
ဆန်ဖရန်စစ္စကို သွားတော့မယ်ဆိုရင်တော့ ကိုယ်ပိုင်ရေဗူးကို ယူသွားဖို့ ပြင်ဆင်သွားပါ။ ပြီးခဲ့တဲ့အပတ်ကပဲ မြို့တော်ရဲ့ အဆောက်အဦးတွေ၊ ပန်းခြံတွေနဲ့ ခွင့်ပြုထားတဲ့ ပွဲတော်တွေမှာ တစ်ခါသုံး ရေဗူးတွေကို ရောင်းချခွင့် ပိတ်ပင် လိုက်ပါပြီ။ အဆောက်အအုံးတွင် ကျင်းပတဲ့ ပွဲတွေကိုလည်း လာမယ့် အောက်တိုဘာ ၁ ရက်နေကစပြီး ရောင်းချခွင့် ပိတ်ပင်သွားဖို့ ရှိပါတယ်။ အချို့သော အားကစားပွဲတွေအတွက်တော့ ရေထောက်ပံ့မှု မလုံလောက်ပါက ချွင်းချက် အဖြစ် ခွင့်ပြုသွားဖို့ ရှိပါတယ်။
ဒီလို ပလပ်စတစ် တစ်ခါသုံးရေသန့်ဗူးတွေကို ပိတ်ပင်လိုက်တာက ကောင်းပါတယ်လို့ ဆိုပါတယ်။ သူတို့တွေက ပတ်ဝန်းကျင်ကို ကြီးကြီးမားမား ထိခိုက်စေပါတယ်။ အမေရိကန်မှာ ပလပ်စတစ်ရေသန့်ဗူး ထုတ်လုပ်ရာမှာ ရေနံစည်ပေါင်း ၁၇ ဘီလီယံ ကို နှစ်စဉ် သုံးစွဲနေ ရပြီး ဒီပမာဏဟာ ၁.၃ မီလီယံ ကားစီးရေ တစ်နှစ်စာ ဆီဖူလုံစေတယ်လို့ Pacific Institute က အဆိုရ တင်ပြထားပါတယ်။ ပျမ်းမျှ အမေရိကန်တစ်ယောက်က တစ်နှစ်ကို ရေသန့်ဗူး ၁၆၇ ဗူး သုံးစွဲပြီး ၃၈ ဗူးခန့်က ပြန်လည် သုံးစွဲပါတယ်။ ဆန်ဖရန်စစ္စကိုရဲ့ ခေါင်းဆောင်တွေ ကတော့ နှစ်စဉ် ဗူးခွံ ၁၀ မီလီယံလောက် စွန့်ပစ်နေကြတယ်လို့ ခန့်မှန်းထားပါတယ်။
အချို့တွေကတော့ ရေဗူးဝယ်သောက်ရတာ နှစ်သက်ကြသလို အပြင်ထွက် လို့ ရေဆာ လာရင် ရေဗူး ဝယ် လိုက်တာက ပိုအဆင်ပြေပြီး လွယ်ကူတယ်လို့ဆိုပါတယ်။ တကယ်လို့သာ မြို့တော်တွင်းမှာ ရေပံ့ပိုးနိုင်မှု အားနည်းပါက စားသုံး သူတွေက ဆိုဒါရေ၊ ကယ်လိုရီမြင့်တဲ့ အချိုရည်တွေ ဝယ်ပြီး အာသာဖြေနေရရင်တော့ ဒါ ပိတ်ပင်တဲ့ စနစ်ဟာ ကောင်းမွန် တဲ့ ပေါ်လစီဖြစ် လာမှာ မဟုတ်ဘူးလို့ ခန့်မှန်းကြပါတယ်။
အခမဲ့ ရေပေးဝေမှုစနစ်နဲ့ ရေသိုလှောင်ဖို့ အခြေခံ အဆောက်အဦးတွေ ကို ပြုလုပ်ပြီး ရင်တော့ ရှေ့ဆက်သာ တိုးပါလို့ တိုက်တွန်းချင်ပါတယ် ဆန်ဖရန်စစ္စကိုနဲ့ နောက် လုပ်ဆောင်လာမယ့် မြို့တော်တွေရေ။
RF: LA TIMES
Photo: 1 Million Women Campaign
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026