ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးမှုမဖြစ်အောင် ဘယ်လိုထိန်းသိမ်းကာကွယ်ကြမလဲ??
ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးမှု (Biodiversity loss) ဖြစ်စေတဲ့ အကြောင်းရင်းခံတွေ ဖြစ်လာမယ့်အကျိုးဆက်တွေနဲ့ ထိန်းသိမ်းကာကွယ်ရမယ့်နည်းတွေကို အချက်လေးတွေနဲ့ပြောပြပေးသွားပါမယ်။
ဇီဝမျိုးစုံမျိုးကွဲ (Biodiversity) ဟုဆိုရာတွင် သစ်ပင်၊ အပင်တွေ၊ သက်ရှိလူသားများ၊ တိရစ္ဆာန်များ နှင့် ဘက်တီးရီးယားများအားလုံးပါဝင်ပါတယ်။
ဇီဝမျိုးစုံမျိုးကွဲများက အဘယ်ကြောင့် အရေးပါတာလဲ?
၁။ အပင်၊ သစ်ပင်မျိုးစိတ်များစွာကို အထောက်အပံ့ပေးနိုင်ခြင်း။
၂။ ပတ်ဝန်းကျင်ဂေဟစနစ် (ecosystem) ကိုထိန်းညှိပေးခြင်း။
၃။ ရေချိုရေသန့်များရရှိစေခြင်း။
၄။ လူသားတွေအတွက် အရေးကြီးလိုအပ်တဲ့ အာဟာရ (Nutrient) များအလုံအလောက်ရရှိစေခြင်း။
၅။ မြေဆီလွှာကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း။
၆။ ညစ်ညမ်းမှုဖြစ်စေသည့် pollutant များကိုဖြိုကွဲပေးနိုင်ခြင်း။
၇။ သက်ရှိများအတွက် လုံလောက်သော အစာအာဟာရများထောက်ပံ့ပေးနိုင်ခြင်း။
၈။ ရာသီဥတုပြောင်းလဲမှုဖြစ်စဥ်များကို ထိန်းသိမ်းကာကွယ်ပေးခြင်း။
၉။ ရေမြေတောတောင်သဘာဝတရားများကို ရှင်သန်စေခြင်း။
၁၀။ သဘာဝဆေးမြစ်သစ်ဖုများရရှိစေခြင်း စတာတွေကြောင့် Biodiversity က အရေးပါလှပါတယ်။
ဒီလောက်အရေးပါတဲ့ Biodiversity တွေ ဘာကြောင့်ဆုံးရှုံးမှုတွေဖြစ်ပေါ်နေရတာလဲ?
UN Report တစ်ခု၏ ပြောပြချက်အရ ယနေ့ကမ္ဘာမှာ သဘာဝပတ်ဝန်းကျင် နှင့် ဂဟစနစ် (ecosystem) များက အကျဘက်ရောက်ရှိနေပြီး မျိုးစိတ်ပေါင်း တစ်သန်းလောက်က မျိုးသုဥ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရပါတယ်။
ဒါတွေက ဘာကြောင့်ဖြစ်နေရတာလဲ ဆိုတာကိုလေ့လာကြည့်ရအောင်-
၁။ မိုးခေါင်ရေရှားပါးမှုတွေကြောင့်။
၂။ ရေကြီးရေလျှံမှုတွေကြောင့်။
၃။ သစ်တောမီးလောင်ကျွမ်းမှုတွေ။
၄။ ငလျင်လှုပ်ခက်မှုတွေ။
၅။ အစာကွင်းဆက် (Food Chain) ပျက်စီးလာမှု။
၆။ မျိုးစိတ်( Species ) အသစ်များဖြစ်ပေါ်လာမှု။
၇။ တိရစ္ဆာန်နေထိုင်ကျက်စားရာ နေရာများ ရှားပါးလာမှု။
၈။ လူသားများကြောင့် ဖြစ်ပေါ်လာသည့် လေထုညစ်ညမ်းမှု၊ ရေညစ်ညမ်းမှု၊ စွန့်ပစ်ပစ္စည်း ညစ်ညမ်းမှုတို့ကြောင့်။
၉။ သဘာဝရင်းမြစ်များကို အလွန်အကျွံထုတ်ယူသုံးစွဲမှု။
၁၀။ ရာသီဥတုပြောင်းလဲမှုဖြစ်စဥ်။
၁၁။ အလွန်အကျွံ အမဲလိုက်သတ်ဖြတ်မှု။
၁၂။ တားမြစ် မျိုးစိတ် (species) များကို သတ်ဖြတ်မှုတို့။ (ဥပမာ - ဧရာဝတီလင်းပိုင်များ)
၁၃။ ဓာတုပစ္စည်းများ၊ ပိုးသတ်ဆေးများ၊ ဓာတုလက်နက်များအသုံးများလာမှု။
၁၄။ ပြင်ပမျိုးစိတ်သစ်များ ထိုးဖောက်ပြန့်ပွားနှောင့်ယှက်ခြင်းတို့ကြောင့် ရှိရင်းစွဲမျိုးစိတ်များ ဆုံးရှုံးလာမှု။ ကျူးကျော်မျိုးစိတ်များ (invasive species) စတာတွေကြောင့် Biodiversity loss များနှင့်ရင်ဆိုင် နေကြရပါတယ်။
ဇီဝမျိူးစုံမျိုးကွဲဆုံးရှုူံးမှုတွေကြောင့် နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်သလဲ?
၁။ အပင်သတ္တဝါနှင့်ပတ်ဝန်းကျင်ဂေဟဗေဒတို့အပေါ် သက်ရောက်နိုင်ခြင်း။ (Ecological effects)
၂။ Biodiversity တွေဆုံးရှုံးလာသည်နှင့်ကူးစက်ရောဂါများ ဖြစ်နိုင်ချေ များလာပါတယ်။ (Spread of diseases)
၃။ စိုက်ပျိုးရေးနှင့်မွေးမြူရေးများ လုပ်ကိုင်လို့မရတော့ဘဲ သီးနှံများ၊ အသားငါးများရှားပါလာခြင်း။ (Loss of livelihood)
၄။ ထို့ကြောင့် အစားအစာကွင်းဆက် (food chain) အရ ထုတ်လုပ်သူ (Producer) များရှားပါးလာသည်နှင့်အညီ Primary/ Secondary Consumer များနှင့် သားရဲကောင် (Predator) များ၏ အသက်အန္တရာယ်ပါခြိမ်းခြောက်လာခြင်း။ (Effect on food production)
၅။ တောတောင်ရေမြေသဘာဝအလှတရာများပျက်စီးယိုယွင်းလာခြင်း။ (Loss of recreational space)
၆။ လူသားတွေရဲ့ လူမှုအဖွဲ့အစည်း (society) မှာပါထိခိုက်နိုင်ပါတယ်။ သဘာဝဖြစ်စဥ်တွေ မရှိတော့တဲ့အတွက် နေရာတကာ artificial (ပကတိမဟုတ် လူလုပ်သောအတု) တွေအစားထိုးလာခြင်းကြောင့် စိတ်မလုံမခြုံခံစားရခြင်း (feel something is missing) စတဲ့ ဆိုးကျိုးများဖြစ်ပေါ်စေပါတယ်။
ဒီလိုဆိုးကျိုးတွေမဖြစ်ပေါ်အောင် ဇီဝမျိုးစုံမျိုးကွဲများ Biodiversity နှင့် ဂေဟစနစ်များ ecosystem မပျက်ဆီးအောင် ဘယ်လိုတားဆီး ထိန်းသိမ်းကြမလဲ?
၁။ တာဝန်ရှိသူများမှ ဥပဒေများပြဌာန်းခြင်း - ပြဌာန်ရုံနှင့်မလုံလောက်သေးပါဘူး။ ဥပဒေတို့နှင့်အညီ စောင့်ကြပ်အရေးယူမှုတွေလည်း ပြုလုပ်ရမှာဖြစ်ပါတယ်။
၂။ ပညာပေးခြင်း - ပညာပေးခြင်း (awareness) တို့က ထိရောက်တဲ့ ဖြေရှင်းချက် (solution) တစ်ခုဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။
၃။ ရှားပါးမျိုးစိတ်၊ မျိုးနွယ်များကို (လုံးဝ) ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်ပါတယ်။ (ဥပမာ - Afzelia xylocarpa)
၄။ တိရစ္ဆာန်များအတွက် စားကျက်မြေနေရာများ ချန်လှပ် ပေးထားရပါမယ်။
၅။ သစ်တောပြုန်းတီးမှုတွေ မဖြစ်အောင်ထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်ပါတယ်။
၆။ အလွန်အကျွံ အမဲလိုက်ခြင်း၊ ငါးဖမ်းခြင်းတို့ကို ထိရောက်စွာ တားမြစ်ရန်။
၇။ Species invasion မဖြစ်အောင် စောင့်ကြပ်ရပါမယ်။
၈။ ညစ်ညမ်းမှုများ (pollution) ကိုအတက်နိုင်ဆုံး လျှော့ချဖို့လိုပါမယ်။
၉။ သဘာဝရင်းမြစ်များကို စနစ်တကျ ထုတ်ယူသုံးစွဲပြီး EIA/ SIA များကို ထည့်သွင်းစဥ်းစားရပါမယ်။
၁၀။ လျှပ်စစ်စွမ်းအင်ကိုချွေတာပြီး ပြန်လည်အသုံးပြုနိုင်သော စွမ်းအင် (Renewable energy) များကို အားပေးရပါမယ်။
၁၁။ သဘာဝအရင်းအမြစ်များကို အလေအလွင့်မရှိစေဖို့လဲလိုပါတယ်။ (ဥပမာ - မြေအောက်ရေ နှင့် အစားအစာလေလွှင့်ဆုံးရှုံးမှု (food waste) များ) စတဲ့ ဖြေရှင်းချက်များကို လူသားတို့အားလုံး ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုလျှင် ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးမှု (Biodiversity loss) နှင့် ဂေဟစနစ်ထိခိုက်မှု (ecosystem impact) တို့ကို လျှော့ချနိုင်မှာဖြစ်တယ်လို့ လေ့လာသိရှိခဲ့ရပါတယ်။
Ref: EHS Myanmar.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးဇော်(dof)
လွန်ခဲ့သော ၄ နှစ် ကမဂ်လာပါဗျ
kyawswar
လွန်ခဲ့သော ၄ နှစ် ကမဂ်လာပါအေးချမ်းသာယာပျော်ရွင်ချမ်းမြေ့ပါစေ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....