ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အနုပညာရှင်တို့ရဲ့ ပူးပေါင်းပါဝင်မှု
ဒီမနက် ရုံးသွားဖို့ ပြင်ဆင်နေတုန်းမှာ ဖွင့်ထားတဲ့ တီဗွီကြည့်လိုက်တော့ ဇာတ်ကားထဲမှာ စိုးမြတ်နန္ဒာ ဝတ်ထားတဲ့ တီရှပ်လေးကို သတိထားမိတယ်။ မင်းသား ပြေတီဦးနဲ့ ရိုက်ထားတာပါ။ ဇာတ်ကား နာမည်ကြည့်လိုက်တော့ “ရင်ခုန်သံကို မညာကြေးနော်” တဲ့။ ဒါရိုက်တာ ဘယ်သူလဲ ကျွန်တော် မသိဘူး။ ဘယ်အချိန်တုန်းက ရိုက်ထားတာလဲ ကျွန်တော်မသိဘူး။ ဘာအကြောင်းအရာလဲ ကျွန်တော်မသိဘူး။ ရုံးမသွားခင် အချိန်လေး လျှပ်တစ်ပြတ် ကြည့်လိုက်တဲ့ အချိန်လေးမှာ မင်းသမီး ဝတ်ထားတဲ့ အင်္ကျီလေးက ကျွန်တော်ကို စိတ်ဝင်စားအောင် စွဲဆောင်နေတယ်။
ကျွန်တော် မြန်မာကားတွေ အနည်းငယ် ကြည့်ဖူးပါတယ်။ အချစ်ကား၊ အလွမ်းကား၊ ဇာတ်ကြမ်းကား၊ ဟာသကားတွေ အထဲမှာ ရိုးရိုးသားပြောရရင် ဒီလို အင်္ကျီမျိုး ဝတ်တာ တစ်ခါမှ မတွေ့ဖူးပါဘူး။ ကျွန်တော်ပဲ သတိမထားမိတာလား၊ ကျွန်တော် မကြုံကြိုက်လို့ မကြည့်မိလိုက်တာလား။ ဒီတစ်ခါတော့ ကျွန်တော်ရင်ထဲကို ဒီမြင်ကွင်းလေးက စွဲလမ်းသွားစေပါတယ်။
ကျွန်တော် မင်းသမီး သို့မဟုတ် ဒါရိုက်တာက ရည်ရွယ်ချက်ရှိရှိ ဝတ်တာလား၊ တိုက်ဆိုင်သွားတာလားတော့ မသိပါ။ မည်သို့ပင်ဖြစ်စေကာာမှု ဝမ်းသာကြည်နူးမိတာတော့ အမှန်ပင်ဖြစ်ပါတယ်။ မင်းသမီး စိုးမြတ်နန္ဒာဝတ်ထားသော တီရှပ်အကျီအနက်ပေါ်မှာ အစိမ်းနုရောင် လေးထောင့်ကွက်ကြီးကြီးတစ်ခု ထင်ထင်ရှားရှားတွေ့ရပြီး ထိုအပေါ်မှာ အဖြူရောင်စာလုံးဖြင့် ရိုးရှင်းစွာ ရေးထားသည်သော “Stop Global Warming” သည် ကြည့်ရှုသူ ပရိတ်သတ်ကို သတိထားမိစေတယ် (သတိထားကြည့်မိသောသူအတွက်)။ မြန်မာလို ရိုးရှင်းစွာ ဘာသာပြန်ရလျှင် “ကမ္ဘာကြီး ပူနွေးလာမှု ရပ်” ဟု ပြန်ဆိုရင် မှန်ကန်မယ် ထင်ပါတယ်။
မြန်မာ့လူမှုပတ်ဝန်းကျင် အများစုမှာ (အထူးသဖြင့် အနုပညာ) ဖက်ရှင် ကို ရှေ့တန်းတင် ပြိုင်ပွဲ ဆင်နေချိန်မှာ ဒီလို ပညာပေး စာသားပါတဲ့ အညတရ တီရှပ်တစ်ထည်ကို ဝတ်ဆင်ဖို့ စိတ်ကူးဟာ ကျွန်တော့် အတွက်တော့ ထူးဆန်းနေတာအမှန်ပါ။
အနုပညာရှင်တွေနဲ့ ပတ်သတ်ပြီး ပရဟိတ လုပ်ငန်းတွေမှာ ပါဝင်နေကြတဲ့ သတင်းတွေ မကြာခဏ ကြားနေရပေမယ့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အရေးတယူ လုပ်ပြီး ပါဝင်နေတဲ့ သူတွေ ဘယ်သူတွေရှိမလဲ။ ကျွန်တော် တော်တော် ညံ့ပါတယ်။ ကျွန်တော် သိပ်မသိပါဘူး။ ဂေဟဟိတ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကွန်ယက် ရုံးခန်းကို ရောက်နေစဉ်အခါက သရုပ်ဆောင် လူမင်းက သူရဲ့ ဇာတ်လမ်းထဲမှာ ထည့်သွင်းရိုက်ကူးချင်လို့ ဂေဟဟိတမှာရှိတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လက်ကမ်းစာဆောင်တွေ လာယူတာ ကြုံဖူးပါတယ်။ အဲဒီဇာတ်လမ်းကိုတော့ အခုထိ မကြည့်ဖူးသေးပါဘူး။ အခြားဘယ်သူတွေ ရှိနေအုံးမလဲ။ သိတဲ့သူများရှိရင် လေ့လာဖို့ အကြံပြုပေးပါလား။
နိုင်ငံတကာ အနုပညာရှင်တွေထဲမှာတော့ ကျွန်တော်တို့အားလုံး ရင်းရင်းနှီးနှီးသိနေတဲ့ တိုက်တန်းနစ် မင်းသား လီယိုနာဒို ဒီကပ်ရီယို က တက်တက်ကြွကြွပါဝင် လှုပ်ရှားနေတာ တွေ့ရပါတယ်။ သူကိုယ်တိုင် စီစဉ်ရိုက်ကူးထားတဲ့ “The 11th Hour” ဆိုတဲ့ ဇာတ်ကားက ကမ္ဘာကြီး ပူနွေးလာမှုကို ဖော်ညွှန်းထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ သူရဲ့ ကိုယ်ပိုင် ဖောင်ဒေးရှင်းကနေပြီး သစ်တော ထိန်းသိမ်းကာကွယ်ရေး၊ ပင်လယ်သမုဒ္ဒရာ မပျက်စီးရေး၊ သန့်ရှင်းသော ရေ ရရှိရေး၊ ပြန်လည် ဖြည့်တင်းနိုင်သော စွမ်းအင် ကဏ္ဍ စသည့် ပတ်ဝန်းကျင်ရေးရာများကို အားသွန်ခွန်စိုက် လုပ်ဆေင်နေပါတယ်။

နောက်ပြီး ဘရက်ပစ်၊ အဆိုတော် ဂျက်ဂျွန်ဆင်၊ ဂျိန်းစ် ကမ်မရွန်း စတဲ့ အနုပညာရှင်တွေကလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ ရှေ့တန်းကနေ ဥိးဆောင်ပြီး ပါဝင်လှုပ်ရှားနေကြသူများ ဖြစ်ပါတယ်။ ပရိတ်သတ်တွေ ချစ်တဲ့ အနုပညာရှင်တွေက ပါဝင်လှုပ်ရှားနေတော့ သူ့တို့ပရိတ်သတ်တွေလည်း အနည်းဆုံးတော့ ဒီလုပ်ငန်းစဉ်တွေအပေါ်မှာ သတိထားမိလာမှာတော့ အမှန်ပင်။
ဒါဆို ကျွန်တော်တို့ မြန်မာနိုင်ငံမှာရော……………………………
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026