စွန့်ပစ်ပစ္စည်းနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု
ဦးစည်သူလွင် (Training consultant, Myanmar Environmental Education Team)
မြန်မာပြည်မှာ လေထုညစ်ညမ်းမှု (Air pollution, Air Quality Standard) က မြန်မာ ပြည်မှာ မရှိဘူး။ ရေတို့၊ မြေကြီးတို့နဲ့ ပတ်သတ်တာတွေလည်း မရှိသေးဘူး။ အခုဆိုရင် အရက်ချက် စက်ရုံတွေဆိုလည်း ချောင်း၊ မြောင်းတွေထဲ အလွယ်တကူ စွန့်ပစ်ကြတယ်။ အခု ရန်ကုန်မြို့အနေနဲ့ ဆိုရင်လည်း လေထုညစ်ညမ်းမှု (pollution) ပြဿနာက ကြီးတယ်။ လူတွေရဲ့ ကျန်းမာရေးကို တကယ် ထိခိုက်နိုင်တယ်။ ဥပမာပေးရရင် သာကေတ ဆီအုန်းစက်ရုံက မီးခိုးခေါင်းတိုင်က ထွက်လာတဲ့ ဖုန်တွေက တစ်ရပ်ကွက်လုံးကို ဖုံးနေတယ်။ ဖုန်တွေက လက်နဲ့တောင် ကိုင်ကြည့်လို့ ရတယ်။ ကိုယ်တိုင်သွားကြည့်ရင် ပိုကောင်းမယ်။ အနံ့ကလည်း ဆိုးတယ်။ အဲဒီ စက်ရုံကို ရပ်ကွက်ကလည်း အကြိမ်ပေါင်းများစွာ ပြောင်းပေးပါ၊ ပိတ်ပေးပါ ပြောတယ်။ အဲဒီ စက်ရုံက (မန်နေဂျာ အဆင့်) တာဝန်ရှိတဲ့ လူကြီးပိုင်းက လာပြီး ဟိုလဒီလ အပြီးပေးမယ်လို့ ကတိတွေ အကြိမ်ကြိမ်ပေးပြီး ယနေ့အထိ ဘာမှ ဖြစ်မလာဘူး။
မြန်မာ နိုင်ငံရဲ့ ပြဿနာက ဥပဒေ ပြုနေတဲ့ လူတွေကိုယ်တိုင် သာမန်ပြည်သူတွေရဲ့ ဘဝနဲ့ အသက်ကို ဂရုမစိုက်ဘဲ သူတို့ အကျိုးစီးပွား အတွက်ပဲ ထင်သလိုလုပ်နေရင် Rule of Law မရှိဘူး။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ရင် Rule of Law ရှိမှ ရမှာ။ ရှိဖို့ကလည်း ဥပဒေပြုနေတဲ့ အမတ်တွေကိုယ်တိုင် အဲဒီဥပဒေတွေကို လေးစားလိုက်နာဖို့ လိုတာ။ သူတို့ကိုယ်တိုင် အဲဒီနေရာမှာ ဝင်ထိုင်နေပြီး သူတို့ အကျိုးစီးပွားအတွက်ပဲ ကာကွယ်နေလို့ ကတော့ မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးက ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း အောင်မြင် ချင်ရင် တရားဥပဒေ စိုးမိုးမှ ဖြစ်မယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ နည်းဥပဒေတွေလည်း အမြန်ဆုံး ထွက်လာမှ ဖြစ်မယ်။ ဥပဒေကို ကိုင်တွယ် အသုံးပြုမယ့် လူတွေကိုယ်တိုင်နဲ့ ဥပဒေ ပြုတဲ့ လူတွေကိုယ်တိုင် လေးစားလိုက်နာဖို့လိုတယ်။ အခု ဒီအခြေအနေ တွေက ရန်ကုန်မျာတင် ဖြစ်နေတာ။ လောလောဆယ် သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ဥပဒေတွေ ထွက်ထားပြီးပေမယ့် လိုက်နာရမယ့် နည်းဥပဒေက ထွက်မလာသေးဘူး။ နည်းဥပဒေကို ပြဌာန်းဖို့ လုပ်နေတဲ့ အထဲမှာလည်း ခရိုနီတွေ ကိုယ်တိုင်ပါတယ်။ အဲဒီတော့ ကြာဦးမှာ။ သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်တဲံ ခေါင်းစဉ်က ကျယ်ပြန့်တယ်။ တို့နိုင်ငံရဲ့ အနာဂတ်ကို ဆက်ပြီး သယ်ဆောင်သွားမှာက ကလေးတွေဖြစ်တဲ့အတွက် ကလေးအရွယ်ကတည်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိတွေ ထည့်ပေးသင့်တယ်။ ဒီအထဲမှာ ရေ၊ အချိုရည်၊ အမြန်စာ၊ သရေစာ (fast food, Junk food) တွေကိုလည်း ဂရုစိုက်ဖို့လိုတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး လူတွေ နားလည်အောင်၊ သူတို့ စိတ်ထဲရောက်သွားအောင် မီဒီယာတွေကလည်း ဝိုင်ဝန်းပြီး လုပ်ပေးသင့်ပါတယ်။
ဆွေဆွေဇော်
Ref: The Earth Journal
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....