ကမ္ဘာကြီးပူနွေးလာမှုနှင့် လမုတော (ဒီရေတော) များရဲ့ဆက်နွယ်မှု
ရာသီဥတုပြောင်းလဲခြင်းသည် သဘာဝဂေဟစနစ်ကို အကြီးအကျယ်ပျက်စီးသွားနိုင်ပါသည်။ သို့သော် သစ်ပင်ပန်းမန်များနှင့် သတ္တဝါများ၏ မျိုးစိတ်အားလုံး ပျက်စီးသွားခြင်းတော့ မဟုတ်ပါ။ ပူနွေးသောအပူချိန်တွင် ရှင်သန်သောမျိုးစိတ်အချို့သည် ရာသီဥတုပူနွေးလာမှုကို ၎င်းတို့အတွက်တင်မက သဘာဝပတ်ဝန်းကျင်ကိုပင် အကျိုးရှိအောင် ဖန်တီးလုပ်ဆောင်ပေးနိုင်ကြသည်။
ထိုမျိုးစိတ်များတွင် အီကွေတာအနီးရှိ အပူပိုင်းနှင့် အပူလျော့ပိုင်း လတ္တီတွဒ်များ၌ ရှင်သန်ပေါက်ရောက်တတ်သော လမုတော(ဒီရေတော)များ ပါဝင်ပါသည်။ အချို့သော လမုပင်မျိုးစိတ်များသည် အခြားသောအပင်မျိုးစိတ်များ ခံနိုင်ရည်မရှိသောအခြေအနေများနှင့် ရာသီဥတု ဆိုးရွားသောဒေသများတွင် ပေါက်ရောက်နိုင်စွမ်းရှိကြသည်။
လမုပင်များသည် ရေစီးနှေးသည့် ရေချိုရေငန်စပ်ဒေသများနှင့် ရေဝပ်သောမြေဆီလွှာများတွင် လိုက်လျောညီထွေဖြစ်အောင် သဘာဝအတိုင်းပေါက်ရောက်နိုင်ကြသည်။
လမုပင်များသည် အလွန်အေးခဲသည့်ရာသီဥတုကို ခံနိုင်ရည်မရှိဘဲ ပူနွေးသောရာသီဥတုကို ကြိုက်နှစ်သက်သည်။ ထို့ကြောင့် ကမ္ဘာကြီးပူနွေးလာမှုသည် လမုပင်များ၏ ပေါက်ရောက်ပြန့်ပွားရေးအတွက် အထောက်အကူဖြစ်နိုင်ပါလိမ့်မည်။ လမုပင်များသည် ၎င်းတို့ ပေါက်ရောက်ရာဒေသများဖြစ်သော အပူပိုင်းဒေသနှင့် အပူလျော့ပိုင်းဒေသများ၏ ရာသီဥတုကို သမပိုင်းရာသီဥတုအဖြစ် မျှတအောင် လုပ်ဆောင်ပေးနိုင်စွမ်းရှိကြသည်။
Global Change Biology ဂျာနယ်တွင် ဖော်ပြထားသော လေ့လာမှုတစ်ခုအရ လမုပင်များကို အမေရိကန်ပြည်ထောင်စု အတ္တလန္တိတ်ကမ်းရိုးတန်းကဲ့သို့ လတ္တီတွဒ်မြင့်ရာဒေသများ၌ တွေ့ရတတ်သည်ကို သိရှိရပါသည်။ ထို့ကြောင့် လွန်ခဲ့သောရာစုနှစ်ဝက်အတွင်းတွင် လမုတောများသည် ၎င်းတို့ပေါက်ရောက်ရာနေရာများမှ (အနည်းဆုံး) တိုက်ကြီး ၅ တိုက်ရှိ ဆားငန်ရေဝင်ရာ ကုန်းတွင်းပိုင်းအနားသတ်နေရာများအထိ ပြန့်နှံ့ပေါက်ရောက်လာကြသည်မှာ သိသာထင်ရှားပါသည်ဟု လေ့လာသူများက ရေးသားခဲ့ကြပါသည်။
လမုပင်များ၏ ပင်စည်များနှင့် အကိုင်းများမှ ဆင်းသက်လာသော ထုထည်သိပ်သည်းသည့် အမြစ်များသည် လှိုင်းတံပိုးများနှင့် ဒီရေလွှမ်းမိုးမှုများကို ကာကွယ်တားဆီးရာတွင် ကူညီပေးနိုင်ကြသည်။ ထိုအမြစ်များသည် ကမ်းရိုးတန်းဒေသများတွင် လမုပင်များရှင်သန်စေနိုင်အောင် ကူညီပေးပြီး တစ်ပြန်တစ်လှည့်အနေဖြင့် လှိုင်းများနှင့် ဒီရေများ၏ ကမ်းရိုးတန်းတိုက်စားမှုကို ကာကွယ်လျှော့ချကာ အရေးပါသော ဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှုကို ပေးသည်။
ထုထည်ကြီးမားသော လမုပင်များသည် ရေလှိုင်းများ ကမ်းရိုးတန်းသို့မရောက်မီ လှိုင်းများ၏ ရိုက်ခတ်အားကို လျော့နည်းစေအောင် လုပ်ဆောင်ပေးနိုင်သည်။ ရာသီဥတုပြောင်းလဲမှုသည် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်းနှင့် ရာသီဥတုဆိုးရွားခြင်းများကို မကြာခဏဖြစ်ပေါ်စေနိုင်သော်လည်း လမုပင်များသည် ကမ်းရိုးတန်းဒေသများပျက်စီးမှုကို လျော့နည်းစေရန် ကူညီပေးနိုင်ကြသည်။ အပူလျော့ပိုင်းဒေသနှင့် သမပိုင်းကမ်းရိုးတန်းဒေသများတွင် ဆားငန်ရေလွှမ်းမိုးမှုမှ လမုတောလွှမ်းမိုးမှုသို့ ပြောင်းလဲခြင်းဖြစ်စဉ်များသည် ဂေဟစနစ်၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ လုပ်ဆောင်မှုနှင့် ရာသီဥတုအလိုက် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနိုင်ခြင်းတို့အတွက် အရေးကြီးသော ဆောင်ရွက်ချက်များဖြစ်သည်ဟု သုတေသီများက မှတ်ချက်ပြုကြသည်။
ထို့အပြင် အပူပိုင်း စိုစွတ်သည့်သစ်တောများရှိ သစ်ဆွေးမြေများ(peatlands)ကဲ့သို့ပင် လမုပင်များသည် ကမ္ဘာကြီးအတွက် အကျိုးပြုသော ကာဗွန်သိုလှောင်ရုံများဖြစ်ကြသည်။ Nature Geoscience ဂျာနယ်တွင်ဖော်ပြထားသော လေ့လာမှုတစ်ခုအရ ကမ်းရိုးတန်းလမုတောတစ်ဟက်တာလျှင် ပျမ်းမျှ ကာဗွန် ၁၀၂၃ မီလီဂရမ် သိုလှောင်ထားနိုင်သည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့များကို ပိုမိုစုပ်ယူနိုင်သည့် လမုပင်များအား မူလနေရင်းဒေသများတွင် များပြားစွာ ပေါက်ရောက်ပြန့်ပွားစေခြင်းအပြင် ရှိရင်းစွဲလမုပင်များကိုလည်း ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ သက်ရောက်မှုများကို လျှော့ချနိုင်မည်ဖြစ်ပါသည်။
Ref:-Darunee Sukanan ၏ Global warming will be a boon to mangrove forests ဆောင်းပါး။
-Myanmar Biotechnology Society။
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....