အစိမ်းရောင်လမ်း
သဘာဝဘေးကို စုပေါင်းအင်းအားဖြင့် ရင်ဆိုင်ကျော်လွှားကြမယ်

သဘာဝဘေးကို စုပေါင်းအင်းအားဖြင့် ရင်ဆိုင်ကျော်လွှားကြမယ်

မုတ်သုံမိုးသည် လယ်ယာစိုက်ပျိုးရေးအတွက် အလွန်အရေးကြီးသကဲ့သို့ မုတ်သုံဝင်ရောက်ချိန်တွင် ရေကြီးမှု၊ မြေပြိုမှုဖြစ်စဉ်များကလည်း လူပေါင်းများစွာကို ဘေးဒုက္ခခံစားရစေသည်။ ရေကြီးရေလျှံမှုကြောင့် ပြည်သူတို့၏ အသက်အိုးအိမ်ပစ္စည်းများ ပျက်စီးဆုံးရှုံးကြသည်သာမက စိုက်ပျိုးမြေများ၊ လမ်းတံတား၊ အဆောက်အအုံများပါ ပျက်စီး ဆုံးရှုံးကြသည်။ သဘာဝဘေးအန္တရာယ်ဖြစ်သည့် ရေဘေးအန္တရာယ်သည် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်ကြုံတွေ့နေကြရပြီး အထူးသဖြင့် ပင်လယ်ကမ်းရိုးတန်းနှင့် နီးကပ်သည့် နိုင်ငံများတွင် ရေဘေးဒုက္ခကို အများဆုံးခံစားကြရသည်။ ယင်းနိုင်ငံများတွင် ဖွံ့ဖြိုးမှုနည်းသော နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများပါဝင်ပြီး မြစ်ရေကြီးခြင်းကြောင့် ရေကြီးရေလျှံမှုဒုက္ခကို ထိပ်ဆုံးမှခံစားရသည့် နိုင်ငံ ၁၅ နိုင်ငံမှာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဗီယက်နမ်၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ အီဂျစ်၊ မြန်မာ၊ အာဖဂန်နစ္စတန်၊ နိုင်ဂျီးနီးယား၊ ဘရာဇီး၊ ထိုင်း၊ ကွန်ဂို၊ အီရတ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့ ဖြစ်ကြသည်။ လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ရေဘေးဒုက္ခခံစားရသော နိုင်ငံများတွင် တစ်နှစ်လျှင် ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ၅၂၀ ဘီလီယံခန့် ဆုံးရှုံးနိုင်ခြေရှိသည်ဟု ပညာရှင်များက ခန့်မှန်းခဲ့ကြသည်။

ကမ္ဘာ့ပထဝီဝင်အနေအထားအရ အာဆီယံနိုင်ငံအများစုသည် ရေကြီးခြင်း၊ ရေလွမ်းမိုးခြင်း အဖြစ်များသည့် နေရာဒေသများတွင် တည်ရှိနေသည်။ ထို့ပြင် တောင်အာရှတွင်ရှိသည့် နိုင်ငံအချို့သည်လည်း ရေဘေးအန္တရာယ်ကို အများဆုံး ကြုံတွေ့ရင်ဆိုင်ကြရသည်။ မြစ်ချောင်း၊ အင်းအိုင်များနှင့် နီးကပ်စွာတည်ရှိသော နိုင်ငံများရှိ လူဦးရေ ၅၄ သန်းခန့်သည် နှစ်စဉ် ရေဘေးဒုက္ခခံစားနေကြရသည်ဟု သိရသည်။ လာမည့် ၁၀ နှစ်ကျော်ကာလအတွင်း အာဆီယံနိုင်ငံများတွင် မြစ်ရေမြင့်တက်မှုကြောင့် ရေကြီးမှုများ ပိုမိုမြင့်တက်လာနိုင်သည်ဟု ကမ္ဘာ့သဘာဝရင်းမြစ်များဆိုင်ရာ အင်စတီကျူ့၏ လေ့လာမှု စစ်တမ်းအသစ်များတွင် ဖော်ပြထားသည်။ 

သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့ရာတွင် ပြည်သူများ ဘေးအန္တရာယ်ကျရောက်မှုနှင့် ထိခိုက်နစ်နာမှု လျော့ပါးရေးအတွက် မကျရောက်မီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းများကို ဘေးဒဏ်ကျရောက်တတ်သော ဒေသခံပြည်သူများအနေဖြင့် သိရှိထားရန် လိုအပ်သကဲ့သို့ ဘေးဒဏ်ကျရောက်နေစဉ် အရေးပေါ် ကယ်ဆယ်ဆောင်ရွက်ခြင်းနှင့် ကျရောက်ပြီးနောက် ပြန်လည်ထူထောင်ခြင်း လုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူ၊ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများနှင့် စေတနာရှင်ပြည်သူများအပါအဝင် ပြည်သူတစ်ရပ်လုံး ပေါင်းစည်းပြီး ညီညွတ်မှုအင်အားဖြင့် ဝိုင်းဝန်းကြိုးပမ်း ရင်ဆိုင်ကျော်လွှားကြရမည် ဖြစ်ပါသည်။ 

စာတည်းမှူး

Source – ဒို့ကျေးရွာ ဂျာနယ်

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....