မီးဖိုချောင်သုံး ရေမြှုပ်ဖတ်နှင့် ကျန်းမာရေး
အိမ်ရှင်မတွေ သတိမမူမိဘဲ အမှတ်တမဲ့ဖြစ်နေတတ်တဲ့ kitchen sponges လို့ ခေါ်ကြတဲ့ အိုးခွက်၊ပန်းကန်ဆေး ရေမြှုပ်ဖတ်၊ ရေဖတ်တိုက်အတုံးအဖတ်နှင့် ဖော့တုံးလေးများအကြောင်းကို အိမ်ရှင်မများနှင့်အတူ စာဖတ်သူများအား သတိပြုမိစေရန် ဖော်ပြပေးလိုက်ပါတယ်။
ပန်ကန်ဆေးရေမြှုပ်ဖတ်ဆိုတာ ဘက်တီးရီးယားတွေနဲ့ အမြဲပြည့်နေတတ်တဲ့အရာပါ။ ရေမြှုပ်ဖတ်၊ ဖော့တုံးလေးများကို အိုးခွက်၊ ပန်းကန်ဆေးရုံတင်မဟုတ်ဘဲ တခြားမီးဖိုချောင်သန့်ရှင်းရေး လုပ်ရာမှာလည်း အသုံးပြုတတ်ကြပါတယ်။ အိုးခွက်၊ ပန်းကန်ဆေးသုံးနဲ့ မီးဖိုချောင်သန့်ရှင်းရေးသုံး ရေမြှုပ်ဖတ်ကို သက်သက်တစ်ခုစီထားသင့်ပါတယ်။ အရောင်ခွဲ၍ (သို့ ) ရေမြှုပ်ဖတ် အမျိုးအစားမတူတာမျိုးနဲ့ သီးခြားဆီခွဲသုံးသင့်ပါတယ်။ ရေမြှုပ်ဖတ်ကို ဘက်တီးရီးယားမတက်အောင် တစ်နေ့တာသုံးပြီးလျှင် သံပုရာရည်၊ ရေနွေးပူဖြင့်ဆေးတာတို့ ပြုလုပ်လို့ရပါတယ်။ ဒါပေမယ့် သိပ်တော့ မထူးခြားလှပါဘူး။ သုံးပြီးသားရေမြှုပ်ဖတ်တွေမှာ အန္တရာယ်များလှတဲ့ ဘက်တီးရီးယားပိုးတွေ၊ အီးကိုလိုင်း (E.coli) နှင့် အစာအဆိပ်ဖြစ်စေတတ်သောပိုးတွေဟာ အစားအစာ အဆိပ်သင့်တဲ့ အန္တရာယ်မျိုးများကို အလွယ်တကူကျရောက်တတ်ပါတယ်။
အမေရိကန်နိုင်ငံ စိုက်ပျိုးမွေးမြူရေးသုတေသနဌာနရဲ့ ပြောကြားချက်အရ ဒီလိုရောဂါပိုးတွေကို သတ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းကတော့ မိုက်ခရိုဝေ့ဖ်ထဲ (၁) မိနစ်ကြာ အပူပေးလို့ရသလို ပန်းကန်ဆေးစက်ထဲသို့လည်း ထည့်ဆေးလို့ရပါတယ်။ ဒီနည်းလမ်းနှစ်မျိုးလုံးဟာ ရေမြှုပ်ဖတ်ပေါ်က ဘက်တီးရီးယားပိုးတွေကို ၉၉.၉၉၉ ရာခိုင်နှုန်း သေစေနိုင်ပါတယ်။
အခုနောက်ပိုင်းမှာ ပိုးသတ်ပြီးသား ရေမြှုပ်ဖတ်တွေကို အသုံးပြုလာတာကိုတွေ့ရပါတယ်။ အဲဒီပိုးသတ်ပြီးသား ရေမြှုပ်ဖတ်မှာ ထရိုင်ကလိုဆန် (Triclosan) ဆိုတဲ့ Chemical နဲ့ ပြုလုပ်ထားတာကြောင့် ကျန်းမာရေးကိုထိခိုက်စေပါတယ်။ ဒါ့အပြင် ပတ်၀န်းကျင်ကိုလည်း ထိခိုက်စေပါတယ်။ ဒီရေမြှုပ်ဖတ်နဲ့သုံးတဲ့ရေတွေ မြစ်ထဲ၊ သမုဒ္ဒရာထဲသာ ပါသွားမယ်ဆိုရင် ပင်လယ်သတ္တဝါတွေအတွက် အန္တရာယ်များလှပါတယ်။ ရိုးရိုးရေမြှုပ်ဖတ်တွေကမှ ပတ်၀န်းကျင်ကို မထိခိုက်နိုင်စေပါဘူး။ ဒါ့ကြောင့် သပွတ်သီးအခြောက်ကို အမေရိကန်သဘာဝထိန်းသိမ်းရေးအဖွဲ့မှ အသုံးပြုဖို့ တိုက်တွန်းထားပါတယ်။ အခုနောက်ပိုင်း အိမ်တွေမှာတောင် သပွတ်ပင်ကိုစိုက်ပျိုးပြီး သပွတ်သီးကို အစားထိုးအသုံးပြုလာတာကို တွေ့ရပါတယ်။

မီးဖိုချောင်နှင့် ပန်းကန်ဆေးတဲ့နေရာကို အသုံးပြုပြီးတာနဲ့ ရေနွေးပူဖြင့်ဆေးကြောပြီး သန့်ရှင်းအောင်ထားပါ။ ရေမြှုပ်ဖတ်ကိုလည်း သုံးပြီးလျှင် ရေစင်အောင်ညှစ်ပြီးထားပါ။ ရေမြှုပ်ဖတ် ရေစိုနေလျှင် ဘက်တီးရီးယားပိုးတွေ လွယ်ကူစွာ ပေါက်ဖွားတိုးပွားနိုင်ပါတယ်။ ဝါးနှင့်ပြုလုပ်ထားတဲ့ ရေမြှုပ်ဖတ်၊ ရေမြှုပ်တုံးလေးများကို အခုချိန်ခါမှာ လူသုံးများလာတာကိုလည်း တွေ့ရှိရပါတယ်။ ဝါးရဲ့သဘာ၀ဟာ ဘက်တီးရီးယားနဲ့ မှိုတက်တာကို ခုခံနိုင်တဲ့ စွမ်းအားရှိတာကြောင့် ဖြစ်ပါတယ်။

ရေမြှုပ်ဖတ်၊ ရေမြှုပ်တုံးလေးများ အနံ့အသက်ဆိုးတာကို ပျောက်စေချင်တယ်ဆိုရင်တော့ Mrs. Clean USA website ရဲ့ ပြောကြားချက်အရ ရေပုံးထဲသို့ရေဖြည့်ပါ။ ပြီးလျှင် ၂/၃ အစွန်းချွတ်ဆေး (အရောင်ချွတ်ဆေး) နဲ့ရောမွှေပြီး ရေမြှုပ်ဖတ်ကို မိနစ် ၃၀ လောက်ထည့်စိမ်ထားလျှင် အနံဆိုးများပျောက်ပါတယ်။ တချို့ မှာ ရေနွေးနဲ့ ရှာလကာရည်အရောထဲမှာ ထည့်စိမ်ပါတယ်။ အဆင်ပြေတဲ့နည်းနဲ့ လုပ်ကြည့်လို့ရပါတယ်။ ရေမြှုပ်ဖတ်လေးကို နှစ်ရက်၊ သုံးရက် တစ်ခါလောက် မိုက်ကလိုဝေ့ဖ်နဲ့ ခွက်ထဲရေထည့်ပြီး ရေမြှုပ်ဖတ်ကိုထည့်ကာ အပူပြင်းပြင်းဖြင့် (သို့) ပန်းကန်ဆေးစက်ထဲ ထည့်ဆေးလို့ရပါတယ်။ ရေမြှုပ်ဖတ်ကို သုံးပြီးလျှင် ဆပ်ပြာဖြင့် စင်အောင်ဆေးပြီး ရေစင်အောင်ညှစ်ထားပါ။
ရေမြှုပ်ဖတ်တစ်ခုကို ဘယ်လောက်အချိန်ထိ သုံးလို့ရပါသလဲဆိုရင်တော့ ကိုယ်သုံးတဲ့ရေမြှုပ်ဖတ်အမျိုးအစားနဲ့ အရွယ်ပေါ်မူတည်ပါတယ်။ ဂရုတစိုက်နဲ့အသုံးပြုမယ်ဆိုရင် ရေမြှုပ်ဖတ်တစ်ခုရဲ့ သက်တမ်းက ၂ ပတ် ကနေ ၈ ပတ် လောက်ခံပါတယ်။ ရေမြှုပ်ဖတ်ကို အမွှေးတွေ အမျှင်တွေ အရမ်းဖွာအောင်ထိမသုံးပါနှင့်။ အန္တရာယ်များပါတယ်။ ရေမြှုပ်ဖတ်ရဲ့ အမွှေးအမျှင်တွေ အိုးခွက်ပန်းကန်ဆေးတဲ့အခါ ကပ်ပါသွားတတ်ပါတယ်။
အခုအခါမှာ ရေမြှုပ်ဖတ်လေးတွေကို အိမ်ရှင်မတွေနဲ့အတူ အားလုံးသတိပြုမိစေရန်အတွက် ချစ်စရာ၊ ဆွဲဆောင်စရာ ပုံစံအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးနဲ့ ကာလာစုံကို ဆိုင်တော်တော်များများမှာ ၀ယ်ယူလို့ ရနေပါပြီ။
Ref :https://www.ars.usda.gov/news-events/news/
research-news/2007/best-ways-to-clean-kitchen-sponges/
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး