အီးအမ်ဘိုကာရှီဘောလုံး ပြုလုပ်နည်း
ပါဝင်ပစ္စည်းများ
အုပ်စု(၁)
၁။ စပါးခွံအမှုန့်
၂။ စူပါဘိုကာရှီ
၃။ ဖွဲနု
၄။ သဲနု
အုပ်စု (၂)
၁။ အီးအမ်အပြင်း ၁ ဆ
၂။ တင်လဲရည် ၁ ဆ
၃။ ရေ ၉၈ ဆ
အုပ်စု(၁) ပစ္စည်းများကို ရောနယ်ပါ။ အုပ်စု(၂) ပစ္စည်းများကို ရောမွှေပါ။ ထို့နောက် အုပ်စု(၁) နှင့် (၂) ကို ရောနယ်၍ အစိုဓာတ် (၄၀%) ရအောင် ဘိုကာရှီလုပ်နည်းများအတိုင်း ဆောင်ရွက်ပါ။ ထို့နောက် ဘောလုံးများဖြစ်အောင် နေရိပ်ထဲတွင် (၃) ရက်ခန့် အခြောက်ခံထားပြီး အသုံးပြုနိုင်ပြီဖြစ်သည်။ သာဘာဝရေအိုင် ရေကန်များ ရေထုညစ်ညမ်းပါက ကန်ရေထု၏ (၀.၀၁% မှ ၀.၀၅%) အထိ နှစ်ပတ်တစ်ကြိမ် ကန်ရေသန့်လာသည်အထိ ထည့်ပေးရသည်။
သဘာဝပတ်ဝန်းကျင်တွင်ရှိသော အဏုဇီဝများသည် သက်ရှိရုပ်ကြွင်းများနှင့် ဩဂဲနစ်ပစ္စည်းများကို ပုပ်သိုးဆွေးမြေ့သောဖြစ်စဉ်ဖြင့် ချေဖျက်၍ အပုပ်နံ့ထွက်ခြင်းဖြစ်သည်။
အီးအမ်သည် ၎င်းတို့ကို မပုပ်သိုးဘဲ ဆွေးမြေ့သောဖြစ်စဉ်နည်းဖြင့် ချေဖျက်သဖြင့် အီးအမ်ထည့်ခြင်းအားဖြင့် အပုပ်နံ့မထွက်ခြင်းဖြစ်သည်။ ထို့ပြင် အီးအမ်ထဲတွင် အပုပ်နံ့ကို စားသုံးချေဖျက်သော အဏုဇီဝများပါသဖြင့် ရှိပြီးအပုပ်နံ့များကိုလည်း ပျောက်အောင်လုပ်နိုင်ပါသည်။
ဒေါက်တာမြင့်လွင် -အကျိုးပြုအဏုဇီဝ (အီးအမ်) နည်းပညာစာအုပ်မှ ထုတ်နှုတ်ဖော်ပြပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ကိုယ်တိုင်လုပ် သဘာဝမြေသြဇာများ
Topic 2
ဘိုကာရှီ မြေသြဇာ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
ကိုညိမ်းရွှေ
လွန်ခဲ့သော ၁၀ လ ကဒေါက်တာမြင့်လွင်ရဲ့ အကျိုးပြုအဏုဇီဝ အီးအမ် စာအုပ် ရချင်ပါတယ် ခင်ဗျ
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကOEM ကို ကိုယ်တိုင်ပြုလုပ်လို့ လွယ်လား ဘယ်လိုလုပ်ရပါလဲ
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....