အစိမ်းရောင်ခါးပတ်၊ “MOTTAINAI” နဲ့ မြင့်မြတ်သော ခံယူချက်
မေမေချစ်သော သားသားနဲ့ မီးမီးရေ…
အခုအချိန် မှာ ဆိုရင် သား တို့ သမီးတို့ ရှိတဲ့ မြန်မာ ပြည်ကြီး ဟာ တူးပို့ တူးပို့ သံ တွေ နဲ့ ရွှင်မြူး တက်ကြွ နေကြ လိမ့်မယ်ဆိုတာ မှန်းဆရပါတယ်..။ နှစ်သစ်ကူး တဲ့ တန်ခူးလ ကို ရောက်ခဲ့ ပြန်ပါရော လား။ မနှစ်က တော့ ကလေးတို့ နဲ့ အတူ ပိုင်းလော့ဆရာတော်ကျောင်းမှာ တရားစခန်း ဝင်ဖြစ်ခဲ့ ပါတယ်..။
ပိုင်းလော့ဆရာတော်ဘုရားကြီး ရဲ့ ကျောင်းမှာ ဧပြီလ စခန်းဟာ ကလေးများအတွက် သီးသန့် သတ်မှတ်ထားခဲ့တာမို့ မေမေ ဟာ ချက်ပြုတ်ကျွေးမွေး၊ ပန်းကန်ဆေး တဲ့ ဝေယျာဝစ္စကုသိုလ် ပဲဆောင်ယူလိုက်ပါတယ်..။
မေမေ မနှစ်က မြန်မာပြည် ကို ပြန်ရောက်တယ် ဆိုရင် ပဲ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ဟောပြောပွဲတွေကို ပိုင်းလော့ဆရာတော် ဘုရားရဲ့ ဝေယျာဝစ္စ ကလေးတွေ(အပေး နဲ့ပျော်သူများအဖွဲ့ ) ကို ပို့ချခွင့်ရခဲ့ပါတယ်..။
နောက် မြောက်ဥက္ကလာပ က သီရိဇေယျုံ ဘုန်းကြီးကျောင်း က အင်္ဂလိပ်စကားပြောသင်တန်း က ကလေးတွေကို ကောပေါ့လေ..။
မေမေ တို့ နေထိုင်တဲ့ကမ္ဘာမြေ ကြီး ပူနွေးလာမှုတွေ အကြောင်း..။ဘယ်လို တာဝန်ယူကြမလဲ ၊ ဘယ်လို ထိန်းသိမ်း သင့်ကြ လဲဆိုတာ ဆွေးနွေး ပြောပြခွင့်ရ တာကိုမမေ့ဘူး။ တကယ် လည်းသူတို့ ရဲ့ အပြုအမူတွေ ပြောင်းလဲခဲ့ကြတယ် ဆိုတာ ပြန်ကြားရ ပါတယ်။
အဲဒီ ပြောပြတဲ့အချက်တွေ ထဲက တစ်ချက်ကို ပဲ အခုပြောပြချင်ပါတယ်။Green Belt Movement ဆိုတာကို တစ်ခါ ပြောခဲ့ဘူးပါတယ်..။အဲဒါနဲ့ ဆက်နွယ်နေတဲ့“MOTTAINAI” ဆိုတဲ့စကားလုံးလေးပါ..။
ဂျပန်လူမျိုး တွေရဲ့ ရှေးဟောင်း အယူအဆ အရ ဒီစာလုံးလေးဟာ အဓိပ္ပါယ်များစွာရှိပါတယ်..။ ကျေးဇူးတရား နှင့် မသိတတ်မှုကြောင့် ဆုံးရှုံးရတာတွေအပေါ်မှာ ရှက်စနိုးဖြစ်ရမှု ရောပြွမ်းနေတဲ့ သဘောလေးတွေလည်းပါပါတယ်..။
တကယ့်စကား လုံးလေးတွေကတော့ mottai+nai. Mottai (勿体) ၂ခုပေါင်းထားတာပါ။ Mottai (勿体)ဆိုတာကတော့ the intrinsic dignity or sacredness of a material entity လို့ဆိုပါတယ်။ သဘာဝတရား ကပေးအပ် လာတဲ့သက်ရှိသက်မဲ့တွေရဲ့ ဂုဏ်သိက္ခာ နဲ့ မြင့်မြတ်မှုတွေကို လို့ ဆိုလိုပါတယ်..။ nai (無い) indicates an absence or lack နိုင်းဆိုတာကတော့ မရှိခြင်း လိုအပ်နေခြင်း ကိုဖေါ်ပြပါတယ်..။
ဗုဒ္ဓ ဘာသာဝင်တွေကတော့ မြင့်မြတ်တဲ့ တန်ဘိုးထားအပ်တဲ့ ဘာသာတရား ရဲ့ သင်ကြားဆုံးမမှု ဓမ္မ တွေကိုတဲ့ တလွဲတချော် အသုံးချ မိလိုက် လို့ ရရှိတဲ့နောင်တတစ်ဖန်ပူပန်မှု ကိုတင်စားတ့နေရာမှာသုံး စွဲလေ့ရှိတဲ့ ဝေါဟာရပါ..။
အဲလို အင်မတန် မှ နက်နဲဆန်းကြယ် လှပတဲ့ ဂျပန်လူမျိုးတို့ ရဲ့ စကားလုံးလေးကို ခေတ်မီဆန်းသစ်စွာ သုံး စွဲ ပြလိုက်တဲ့သူကတော့ ကင်ညာ နိုင်ငံမှ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် ဒေါက်တာ ဝန်ဂါရီ မာသိုင်းပါ။ သစ်ပင် သန်းပေါင် ၃၀၀ကျော် စိုက်ပျိုး ခဲ့တဲ့ Green Belt Movement Leader , No. 5 of Eco Hero ဖြစ်လေတော့သူက သဘာဝပတ်ဝန်းကျင် ထန်းသိမ်းရေး သဘောတရား မှာ သုံးစွဲလိုက်တာမေမေ ကတော့ အတော်လေးသဘောကျမိပါတယ်..။
ကင်ညာနိုင်ငံ ရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဒုတိယ ဝန်ကြီး လည်းဖြစ်ပြီး သူရဲ့ အစိမ်းရောင် ခါးပတ် စီမံကိန်း ကြောင့် ၂၀၀၄ ခုနှစ်မှာ နိုဘယ် ငြိမ်းချမ်းရေးဆုရခဲ့တာဖြစ်ပါတယ်..။ သူက mottainai ဆိုတဲ့ ဂျပန်စကားလုံးကို Reduce, Reuse, Recycle,” proverbial phrase “Waste not, want not” ဆိုတဲ့ အင်္ဂလိပ်စကားလုံး နဲ့ ယေဘူယျ သဘောအားဖြင့်တူတယ်လို့ သူကဘာသာပြန်လိုက်ပါတယ်..။
ဒေါက်တာ ဝန်ဂါရီက ၂၀၀၅ ခုနှစ်မှာ ကျိုတို ပရိုတိုကော Kyoto Protocol လုပ်တော့ ဂျပန်ကို အ လည် ရောက်ခဲ့ပါတယ်..။အဲဒီအချိန်မှာ သူက ဂျပန်မှာ ထုတ်ဝေတဲ့ Mainichi Shimbun သတင်းစာ မျက်နှာဖုံး ကနေ ဒီစကားလုံးလေးကို ရရှိခဲ့ပါတယ်..။ စကားလုံး ရဲ့ ကျယ်ဝန်းနက်ရှိုင်းမှု နဲ့ အတူ ဆင် တူ ဝေါဟာ ရတွေကို အင်္ဂလိပ်လိုကော သူမရဲ့ မိခင် ကင်ညာနိုင်ငံသုံး Swahili ဘာသာ စကား နဲ့ ဖလှယ် ပြီး သုံးနှုန်းပြခဲ့ တဲ့ သူ့မိန့်ခွန်း ဟာ အားလုံးရဲ့ အထင်ကြီးလေးစားမှု ကို သိမ်းပိုက် နိုင်ခဲ့ပါတယ်..။
လောဘမကြီးဘို့ ချိုးခြံ ချွေတာဘို့ နဲ့ သဘာဝ ပတ်ဝန်းကျင် ကပေးအပ်ထားတဲ့ လက်ဆောင် မွန်တွေ အပေါ်မှာ ထိန်းသိမ်း စောင့်ရှောက်ဘို့ လူတိုင်း၊တစ်ဦးချင်းစီမှာ တာဝန်ရှိတာကိုလည်း အသေအချာထောက်ပြ ပြောဆိုစည်းရုံး နိုင်ခဲ့ပါ တယ်..။ ဒေါက်တာ ဝန်ဂါရီ က ဒီစကားလုံးလေးကို စတွေ့ ကတည်းကစပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတွေပေးတဲ့ နိုင်ငံတကာကိုယ်စားပြု အထိန်းအမှတ် အဖြစ် တိုးတက် ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်..။ ကျိုတို ပရိုတိုကောကနေ လည်း အခုလူတိုင်းသိကြတဲ့ Reduce, Reuse, Recycle ဆိုတဲ့ တပ်လှန့်သံစကား လုံး ဟာ ကမ္ဘာ တစ်ဝှမ်း ထွက်ပေါ်လာခဲ့ရတာပါ..။

reduce —- လျှော့ချပါ..စွမ်းအင်၊ သဘာဝ အရင်းအမြစ်၊သယံဇာတ သုံးစွဲမှုတွေ လျှော့ချလိုက်ပါတဲ့။
Reuse——ဖြစ်နိုင်ရင် တစ်ခါသုံး မလွှတ်ပစ်ပဲ။ ပြန်လည်ပြီး နောက် တစ်ကြိမ်အသုံး ပြုပါ..။
Recycle—–အလေအလွင့်မဖြစ်စေပဲ နောက် ကုန်ပစ္စည်း တစ်ခု ထုတ်လုပ်မှုှ မှာ ပြန်လည်ထည့်သွင်းအသုံး ပြုပေးပါတဲ့။ 3R Initiatives လို့ နာမည်ကြီးပါတယ်..။
၂၀၀၅ ဂျပန် ကျိုတို ပရိုတိုကော Kyoto Protocol က ေနအျပန္မွာ သူမဟာ UN Commission on the Status of Women အခမ်းအနား မှာ တစ်ခါ ထပ်ပြီး “Mottainai.” ဆိုတဲ့ စကားလုံး နဲ့ သူမရဲ့ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ လေးနက် တဲ့အမြင် ကို ထပ်ဆင့် သီကျူး ခွင့်ရခဲ့ပါသေးတယ်..။ နောက် ပိုင်းတွေမှာ သူ မိန့်ခွန်းပြောရတဲ့ အခမ်းအနားတွေတိုင်းမှာ “Mottainai.” ဟာ မပါ မဖြစ်ခဲ့ ပါဘူး။
Japanese singer/songwriter Masashi Sada ကလည်း သည်အတွေးအခေါ်ကို ထပ်ဆင့်တိုး ပြီး “MOTTAINAI” သီချင်းကို ဖန်တီးရေး ဖွဲ့ခဲ့ပါတယ်..။ဒီသီချင်းဟာ ဂျပန်လူမျိုး တို့အတွကိ စိတ်ဓာတ်တက်ကြွ ဂုဏ်ယူစရာ ဖြစ်ခဲ့ပါတယ်..။ Everybody’s song (みんなのうた, minna-no-uta?),လို့ခေါ်တဲ့ ဂျပန် ကလေးများ အတွက် ရုပ်မြင်သံကြား ထုတ်လွှင့်မှုအစီအစဉ်မှာ NHK TVကနေပြီး ၂၀၀၇ ခုနှစ် ဧပြီ နဲ့ မေလ တွေမှာ ထုတ်လွှင့်ပေးခဲ့ပြီး ကလေးတွေ ရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု ခံယူချက်ကို စွဲမြဲခိုင်မာစေခဲ့ပါတယ်..။
ဂျပန် စိုက်ပျိုးရေးဝန်ကြီး ရဲ့ ကိန်းဂဏန်းတွေအရ ၂၀၀၇ ခုနှစ်မှာ တန်ချိန်၂၃သန်း ရှိတဲ့ အစားအစာတွေ အလဟဿ ဖြစ်ခဲ့ရတယ်..။ ငွေအားဖြင့်ဆို အမေရိကံဒေါ်လာ ၁၂၀ ဘီလီယံ နဲ့ တန်ဘိုးချင်း တူပါသတဲ့။ဂျပန်က ချမ်းသလေတော့ လူကြောင့်ဖြစ်တဲ့အစားအစာ လေလွင့်ဆုံးရှုံးမှုတွေကို အဲဒီအသိနဲ့ ပညာပေး နိုင်ခဲ့ပါတယ်..။
ဒါ့အပြင် ရေပိုက် ကိုမလိုပဲ တအားဖွင့်သုံးတာတွေ။ မီးတွေအများကြီးဖွင့်ထားတာတွေ၊ ကွန်ပျူတာ မပိတ်ပဲ လျှောက်သွားနေတာတွေပါ အကျုံး ဝင်တယ်နော်..။
သားသားတို့ မီးမီး တို့ကိုမေမေပြော လိုတာကတော့ မကြာချင်မှာကျရောက်တော့ မဲ့ မေမေတို့ ရဲ့ ယဉ်ကျေးလှပါတယ် ဆိုတဲ့သင်္ကြန်ပွဲ မှာ အကျိုးမဲ့လှစွာ ရေကြည်ရေသန့် တွေကို မဖြုန်းတီးစေချင် လို့ ဒီစာလေးကိုရေးလိုက်ပါတယ်..။
အင်းယားကန်လောက် ပက်လိုက်ပါ..ကန်တော်ကြီးလောက်ပက်လိုက်ပါ..မန္တလေးကျုံးရေ ပက်လိုက်ပါဆိုတာ အင်မတန်မှ အဘိုးတန် တဲ့ သဘာဝ အရင်းအမြစ် သယံဇာတတွေကို ဖြုန်းတီး ပစ်လိုက်သလို ဆိုတဲ့အတွေး လေ တွေးပေးပါလို့။
သောက်သုံးရေ တစ်လီတာရဘို့ ကမ္ဘာ မှ လူတွေ ဘယ်လောက်ဒုက္ခရောက်နေကြလဲ..ခံစားပေးပါ..။
တာလမ်းမပေါ်မှ ဆုံးရှုံး လေလွင့်သွားမဲ့ရေ လေးတွေ သောက်သုံး ခံ ကြရပါစေ..။အကျိုးပြုခွင့်ရပါစေ..။
ဒီအချိန် မတော်တဆ မီးလာင်ခဲ့ရင်ကော ။
ရေငတ် နေတဲ့ သစ်ပင်လေးတွေ နွေအပူခံနိုင်ဘို့ ကော..။
ကျေးငှက် တိရိစ္ဆာန် လေးတွေအတွက်ကော…. ထည့်သွင်း စဉ်းစားပေးကြပါလို့ မေမေ တောင်းဆိုချင်တာပါ..။
မီးသတ်ပိုက်နဲ့ အပျော် အပါးအတွက် ရေတွေပက်မဲ့အစား သပြေခက်လေးနဲ့ ရိုးရာလည်း မပျက်အောင်… မေတ္တာရေစင်လေးသွန်းလောင်းစေလိုလှပါတယ်..။
ပိုင်းလော့ကျောင်းမှာတော့ ဒီဟောပြောပွဲအပြီးမှာ တရားစခန်း ပွဲတွေ မှာ အလိပ်လိုက်သုံးရတဲ့ တခါသုံး တစ်သျှူးတွေအစား ပြန်သုံး နိုင်တဲ့ လက်သုတ်ပဝါတွေကု် ယောဂီတွေကို ဝေပေးထားတာ သိလိုက်ရတော့ ..ဝါးပင်လေးတွေ တချို့ရဲ့အသက် ကို ကယ်တင် လိုက်နိုင်သလိုခံစားပီတိဖြစ် ရပါတယ်..
အဲလိုပဲပေါ့နော်…တကယ်လို့ ဒီစာစုလေးကိုဖတ်ပြီး မြန်မာ Mottainai ခံယူချက်တွေ ဖြစ်လာခဲ့လို့ ဒီသင်္ကြန်ပွဲမှာ ရေဂါလံပေါင်းများစွာ ချွေတာပြီး တည်တံ့ ကျန်ရှိနိုင်ပါတယ် ဆိုရင် ထိုရေစင်များကို မြတ်ဘုရားထံ ဆက်ကပ်လှူဒါန်း လျက် ကမ္ဘာမြေ စိမ်းလန်းရေး အတွက် ဆောင်ရွက်နိုင်ပါစေကြာင်း လှိုက်လှိုက်လှဲလှဲ တောင်းဆုပြုလိုက် ပါရစေ.။
ချစ်သော ကမ္ဘာမြေ ကျန်းမာပါစေ..။
မေတ္တာဖြင့်
သစ္စာအလင်း
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026