ကမ္ဘာကြီးပူနွေးလာခြင်းကိုငြင်းဆန်နေကြတဲ့သူတွေ အသံတိတ်သွားစေမယ့် ယခင်နဲ့ယခုပုံတို့ကို ရိုက်ပြထားသော အလွန်တရာမှ ဆိုးရွားကြောက်မက်ဖွယ်ကောင်းသည့် ဓာတ်ပုံ (၁၀) ပုံ
အကယ်၍ခင်ဗျားကို တစ်စုံတစ်ယောက်က ရာသီဥတုတွေဖောက်ပြန်နေတယ်ဆိုတဲ့ အချက်ဟာ ရယ်စရာကောင်းလှတဲ့ လိမ်လည် လှည့်ဖြားမှု တစ်ခုသာ ဖြစ်တယ်လို့ ပြောလာခဲ့ရင် ဒီဓာတ်ပုံတွေကို ပြဖြစ်အောင် ပြလိုက်ပါ။
လောလောလတ်လတ် ရိုက်ထားတဲ့ ကမ္ဘာကြီးပေါ်က ရေကန်တွေ၊ ကျွန်းစုတွေ၊ သန္တာကျောက်တန်းတွေရဲ့ဓာတ်ပုံတွေကို လွန်ခဲ့တဲ့နှစ်ပေါင်း၂၀က ရိုက်ခဲ့တဲ့ဓာတ်ပုံတွေနဲ့ ယှဉ်ကြည့်လိုက်ရင် ရာသီဥတုတွေဖောက်ပြန်ကုန်ပြီဆိုတာ အင်မတန်မှ သိသာထင်ရှားပါတယ်။
တစ်ချို့ကိစ္စတွေဆိုရင် ဆယ်စုနှစ်တစ်စုအတွင်း ဖြစ်ပျက်ကုန်တာပါ။ အိုဇုံလွှာပေါက်ခြင်းနဲ့ ကမ္ဘာ့ဝင်ရိုးစွန်းဒေသတွေက ရေခဲတောင်တွေအရည်ပျော်ခြင်းတို့ အဆက်မပြတ် ဖြစ်ပွားနေတာကြောင့် ရာသီဥတုပုံစံတွေကို ကမောက်ကမ ဖြစ်စေပြီး အလွန်လျင်မြန်ဆိုးရွားတဲ့ ပင်လယ်ရေပြင်မြင့်တက်မှုတို့ ဖြစ်နေရပါတယ်။ အမျိုးသားလေကြောင်းနဲ့အာကာသထိန်းသိမ်းရေးအဖွဲ့(NASA)နာဆာကတော့ နောင်လာမယ့်ရာစုနှစ်ထဲမှာ ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်ဟာ ၃ပေထက်ပိုပြီးမြင့်တက်တော့မယ်လို့ ထုတ်ပြန်ထားပါတယ်။

ပုံ( ၁) ဒါကတော့ ပနားမားကျွန်းဆွယ်ထဲက ဆန်ပလက်စ်ကျွန်းကို ၂၀၀၂နဲ့၂၀၁၄မှာ မြင်တွေ့ရပုံပါ။

ပုံ (၂) ၁၉၈၀နဲ့၂၀၁၂မှာ မြင်တွေ့ရတဲ့ အာတိတ်ဒေသကရေခဲပြင်တွေဖြစ်ပါတယ်။

ပုံ (၃) ကယ်လီဖိုးနီးယားပြည်နယ်၊ အော်ရိုဗယ်လီရေကန်ကို ခက်ခက်ခဲခဲဖြတ်ပြီး ဆောက်လုပ်ထားတဲ့ တံတားကို ၂၀၁၁မှာ မြင်တွေ့ရပုံ(လက်ဝဲဖက်)နဲ့ ၂၀၁၄မှာမြင်တွေ့ပုံ(လက်ယာဖက်)တို့ ဖြစ်ပါသည်။ အဆိုပါရေကန်သည် ပုံမှန်မဟုတ်သောမိုးခေါင်ရေရှားခြင်းကိုကြုံတွေ့ရပြီးနောက်ပိုင်းတွင် အခုလိုဆိုးရွားစွာ ပြောင်းလဲသွားရခြင်းဖြစ်သည်။

ပုံ(၄) အယ်ရယ်ပင်လယ်ကို ၁၉၈၉နဲ့၂၀၁၄မှာ မြင်တွေ့ရပုံပဲဖြစ်ပါတယ်။

(၅) ၂၀၀၂တွင် အရောင်မွဲခြောက်သွားသော အကြီးကျယ်ဆုံးသန္တာကျောက်တန်းပုံ
ကမ္ဘာကြီးပူနွေးလာခြင်းဖြစ်စဉ်ကို ပိုပြီးသက်သေပြဖို့အတွက် အမေရိကန်နိုင်ငံ ပထဝီအနေအထားဆိုင်ရာစစ်တမ်းကောက်အဖွဲ့က "ဓာတ်ပုံထပ်တလဲလဲရိုက်ခြင်း"ဆိုတဲ့နည်းလမ်းကို အသုံးပြုထားသောစီမံကိန်းတစ်ခုကို လုပ်ဆောင်နေပါတယ်။ ကမ္ဘာကြီးပူနွေးလာခြင်းဟာ လွန်ခဲ့သောနှစ်ပေါင်း၁၀၀ကျော်အတွင်းမှာပဲ ရေခဲပြင်ကြီးတွေအရည်ပျော်နှုန်းမြင့်တက်စေခဲ့ပြီဆိုတာကို လူသားတွေအနေနဲ့ မျက်မြင်ကိုယ်တွေ့ထင်ထင်ရှားရှားသိရှိနိုင်ဖို့ ဒီစီမံကိန်းက ကူညီပေးနေပါတယ်။ ရလဒ်တွေက အရမ်းတုန်လှုပ်ခြောက်ခြားဖွယ်ကောင်းနေတော့ လူသားတွေဟာ သူတို့ကိုယ်တိုင်အတွက် စကားပြောဖို့လိုအပ်လာပါပြီ။

ပုံ(၆) အလက်စကာမီယာရေခဲပြင်ကြီးကို ၁၈၈၀ခုနှစ်တွေမှာ မြင်တွေ့ရပုံနဲ့ ၂၀၀၅ခုနှစ်မှာတော့ ရေပြင်ကြီးအဖြစ်ပြောင်းလဲမြင်တွေ့ရပုံတို့ဖြစ်ပါတယ်။
အမေရိကန်အခြေစိုက် ပထဝီအနေအထားဆိုင်ရာစစ်တမ်းကောက်အဖွဲ့ကတော့ ၁၈၈၀ခုနှစ်တွေနဲ့၁၉၀၀ခုနှစ်အစောပိုင်းတွေမှာ ကမ္ဘာ့ရေခဲပြင်တွေဘယ်လိုပုံစံရှိခဲ့ပြီးတော့ အခုချိန်မှာအရာရာတိုင်းဟာ ဘယ်လောက်ထိပြောင်းလဲသွားခဲ့ပြီး ပြောင်းလဲနေဆဲဆိုတာကိုသိဖို့အတွက် သူတို့အဖွဲ့ရဲ့ဓာတ်ပုံဆရာတွေက ရေမြေတောတောင်ဒေသနေရာတူတွေကို နှိုင်းယှဉ်ရိုက်ပြထားပါတယ်။
ဒီစီမံကိန်းထဲမှာ အလက်စကာပြည်နယ်မှာရှိတဲ့ မိုတာနာအမျိုးသားရေခဲပြင်ဥယျာဉ်၊ ပြည်သူပိုင်ဥယျာဉ်တွေနဲ့ သစ်တောတို့ ပါဝင်ပါတယ်။ အဆိုပါအမျိုးသားရေခဲပြင်ဥယျာဉ်တွင် ၁၈၈၀ခုနှစ်တွေက ရေခဲပြင်ပေါင်း၁၅၀ကျော်ရှိခဲ့ရာမှ အခုအချိန်မှာတော့ ရေခဲပြင်၂၅ခုပဲ ကျန်ပါတော့တယ်။

ပုံ (၇) မိုတာနာဥယျာဉ်ထဲက ဂရင်နယ်ရေခဲပြင်ကို ၁၉၂၀နဲ့၂၀၀၈ခုနှစ်တို့တွင် အပေါ်မှ မြင်တွေ့ရပုံ။
အမေရိကန်အခြေစိုက် ပထဝီအနေအထားဆိုင်ရာစစ်တမ်းကောက်အဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရတော့ အမေရိကတိုက်နဲ့အလက်စကာမှာရှိတဲ့ ရေခဲပြင်တွေလျော့နည်းလာမှုဟာ ပြင်းထန်ဆိုးရွားလှပါတယ်။ ရေခဲပြင်တွေနည်းပါးလာနှုန်းဟာ ကမ္ဘာပူနွေးလာခြင်းရဲ့ဆိုးကျိုးတွေစတင်ဖြစ်ပွားခဲ့တဲ့ ၁၉၈၀ခုနှစ်တွေရဲ့ နှုန်းထက် များစွာမြင့်တက်သွားပြီဖြစ်ပါတယ်။

ပုံ(၈) ၁၉၃၀ခုနှစ်တွေနဲ့ ၂၀၀၅မှာတွေ့ရတဲ့ အလက်စကာပါဒါဆင်ရေခဲပြင်
မိုနာတာပြည်နယ်ထဲက အမျိုးသားရေခဲပြင်ဥယျာဉ်ကိုသာ အခုချိန်မှာထိန်းသိမ်းမှုတစ်စုံတစ်ရာမပြုလုပ်နိုင်ဘူးဆိုရင် နောင်လာမယ့်၂၀၃၀၌ ထိုဥယျာဉ်အတွင်းရှိ ရေခဲပြင်များလုံးဝကွယ်ပျောက်သွားမည်ဟု ခန့်မှန်းထားကြသည်။ ဒီရေခဲပြင်တွေကိုထိန်းသိမ်းဖို့အတွက်ဆို ယခုလက်ရှိကြုံတွေ့နေရသော ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေရပ်တန့်သွားမှဖြစ် မည်။
အမေရိကန်အခြေစိုက် ပထဝီမျက်နှာပြင်ဆိုင်ရာစစ်တမ်းအဖွဲ့ရဲ့ ပင်လယ်ရေနေအင်းဆက်ပိုးမွှားဗေဒပညာရှင် ဂျော့ဂျီးရှက သေးငယ်တဲ့ ပင်လယ်ရေနေ အင်းဆက်မျိုးစိတ်တွေဟာ ရေခဲပြင်တွေ အရည်ပျော်ရခြင်းကြောင့် ဒုက္ခရောက်ရတဲ့ ပထမဆုံး ဓားစာခံတွေဖြစ်တယ်လို့ ပြောထားပါတယ်။ ရေခဲပြင်တွေဟာ သိမ်မွေ့နက်နဲတဲ့ သဘာဝတရားရဲ့ဘက်ညီမှုတွေကို ထိန်းညှိပေးပါတယ်။ အအေးပိုင်းဒေသမှာ ရှင်သန်ကြီးပြင်းတဲ့ သတ္တဝါတွေအတွက်တော့ သူတို့အတွက်စားသောက်နေထိုင်စရောတွေရှိနေတဲ့ ရေခဲပြင်တွေ ကမ္ဘာကြီးပူနွေးလာမှုကြောင့် အရည်ပျော်သွားခြင်းဟာ သူတို့အတွက် ဆိုးရွာတဲ့ရလဒ်တစ်ခုပါပဲ။ အပေါ်ကဗီဒီယိုတွေထဲက ဥပမာတစ်ခုကတော့ မြောက်အမေရိကဝက်ဝံညိုတွေအတွက် အစာအာဟာရအရင်းအမြစ်တွေပေးတဲ့ ဟော့ကယ်ဘယ်ရီအမည်ရှိခြုံပင်တွေကို ထိခိုက်စေတဲ့ မိုတာနာပြည်နယ်ထဲက ရေခဲပြင်တစ်ခုရဲ့သေးငယ်လာတဲ့ အရွယ်အစားပါ။

ပုံ(၉) မိုတာနာပြည်နယ်ရှိ ဂရင်နယ်ရေခဲပြင်ကို ၁၉၂၆နဲ့ ၂၀၀၈တွင် တွေ့မြင်ရပုံ။
ရုရှားသမ္မတ ဘလာဒီမာပူတင်က ကမ္ဘာကြီးပူနွေးလာခြင်းဆိုတာ အနောက်ပိုင်းအုပ်စုတွေရဲ့လိမ်လည်မှုသက်သက်သာဖြစ်တယ်လို့ စွပ်စွဲပြီး သူ့နိုင်ငံထဲက ကမ္ဘာကြီးပူနွေးလာခြင်းကိုငြင်းဆန်တဲ့ အစ်ဇွန်မိုဘဲလ်သိပ္ပံအဖွဲ့ကို တရားမျှတရေးဌာနနဲ့အတူ အဖြေရှာဖို့ ဖိအားပေးလိုက်ပြီးနောက်ပို်င်းတွင် အထက်ပါ သိပ္ပံနည်းကျအထောက်အထားများမှာ အရေးမပါတော့သလို ဖြစ်သွားခဲ့ရသည်။ တက်ကြွလှုပ်ရှားစွာအလုပ်လုပ်နေသော ကမ္ဘာ့ရာသီဥတုဆိုင်ရာသိပ္ပံပညာရှင်တွေရဲ့ ၉၇ရာခိုင်နှုန်းနီးပါးက ကမ္ဘာကြီးပူနွေးလာခြင်းဟာ လူတွေရဲ့လုပ်ဆောင်ချက်တွေကြောင့်ဖြစ်တယ်လို့ အတည်ပြုပြောကြားထားသော်ငြားလည်း အခုလိုငြင်းဆန်လိုက်တာဖြစ်ပါတယ်။

ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026