အစိမ်းရောင်လမ်း
မင်းကွန်း မင်းဧကရီအိမ်တွင်း လက်မှုလုပ်ငန်းမှ ကော်ဖီမစ် အိတ်ခွံဖြင့် ဖျာရက်လုပ်ပြီးစီး

မင်းကွန်း မင်းဧကရီအိမ်တွင်း လက်မှုလုပ်ငန်းမှ ကော်ဖီမစ် အိတ်ခွံဖြင့် ဖျာရက်လုပ်ပြီးစီး

စစ်ကိုင်းမြို့နယ် မင်းကွန်းရှေးဟောင်း ယဉ်ကျေးမှုဒေသပုထိုးတော်ကြီးအနီး စစ်ကိုင်း- မင်းကွန်းသွားလမ်းဘေးရှိ မင်းဧကရီအိမ်တွင်း လက်မှုအခမဲ့သင်တန်းမှ စူပါကော်ဖီမစ်အိတ် ခွံဖြင့် ဖျာတစ်ချပ်ရက်လုပ်ရာ သင်္ကြန်အကြို နေ့က ရက်လုပ်ပြီးစီးကြောင်း အဆိုပါဖျာရက် လုပ်သူ ဒေါ်ယဉ်ယဉ်ထွန်းက ပြောသည်။

စူပါကော်ဖီမစ်အိတ်ခွံ ၁ဝ၁ဝ၄ ခွံကိုစု ဆောင်း၍ ဒီဇင်ဘာလမှ စတင်ရက်လုပ်ရာ အလျားခြောက်ပေ၊ အနံသုံးပေရှိ ချိတ်ဒီဇိုင်း ဖျာကို ပစ္စည်းစုဆောင်းမှုအပါအဝင် ငါးလ ကြာ ရက်လုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

''ကျွန်မအနေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးကို ပြသချင်လို့ စွန့်ပစ်ကော်ဖီမစ် အိတ်ခွံတွေကို စုဆောင်းပြီး လက်ကိုင်အိတ်၊ ရေဘူးအိတ်၊ လွယ်အိတ်၊ ဆလင်းဘက်အိတ်၊ ဦးထုပ်တွေ ရက်လုပ်ရောင်းချခဲ့ပါတယ်။ ရေ သန့်ဘူးခွံများကိုလဲ ပန်းအိုး၊ ပန်းစိုက်ခြင်းတွေ ရက်လုပ်ခဲ့ဖူးပါတယ်။ အခုရက်လုပ်တဲ့ စူပါ ကော်ဖီမစ်အိတ်ခွံဖျာက ဒုတိယမြောက် ဖျာ ပါ။

ပထမဆုံးကော်ဖီမစ်အိတ်ခွံဖျာကို အိတ်ခွံ တံဆိပ်မျိုးစုံ ၁၁၄ဝဝ နဲ့ စတင်ရက်လုပ်ခဲ့ပါ တယ်။ ပစ္စည်းစုဆောင်းချိန်နဲ့ ရက်လုပ်ချိန် တစ်နှစ်ကြာမြင့်ခဲ့ပါတယ်။ မင်းကွန်းလာတဲ့ နယူးဇီလန်နိုင်ငံသား ခရီးသည်တစ်ဦးက ကော် ဖီမစ်အိတ်ခွံဖျာကို ဒေါ်လာ ၂ဝဝနဲ့ပေးဝယ် တာ ကျွန်မတစ်နှစ်ကျော် အချိန်ယူရက်ခဲ့တာ မို့ မရောင်းဖြစ်ခဲ့ပါဘူး''ဟု ဒေါ်ယဉ်ယဉ်ထွန်း ကပြောသည်။

ဒုတိယမြောက် ရက်လုပ်ပြီးစီးသည့် စူပါ ကော်ဖီမစ်အိတ်ခွံဖျာကို မန္တလေးမြို့ရှိမိတ်ဆွေ တစ်ဦး၏မှာကြားချက်အရ ရက်လုပ်ခဲ့ရာ ပထမ ပြီးစီးသွားသည့် ကော်ဖီမစ်အိတ်ခွံတံဆိပ်မျိုးစုံ ပါသောဖျာထက် ရက်လုပ်မှုခက်ခဲသော်လည်း လက်ရာမှာ ပိုမိုကောင်းမွန်လာကြောင်း သိရ သည်။

အဆိုပါဖျာကို ရန်ကုန်မြို့ရှိ စူပါကော်ဖီ မစ်ကုမ္ပဏီသို့ မန္တလေးမိတ်ဆွေမှ တစ်ဆင့် ပေးပို့မည်ဖြစ်ကြောင်း သိရသည်။

 

လှိုင်ထွေးအောင် ၊ မန္တလေး၊

REF: ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၅)

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....