ပတ်ဝန်းကျင်ထိန်းသိမ်းရန် စွမ်းအင်အသုံးပြုမှု လျော့ချပါ
ပတ်ဝန်းကျင်ကို ကယ်တင်ဖို့ အကူအညီလိုပါသလား? ။ ဒီအချက်လေးတွေကို လေ့လာကြည့်ရင်တော့ ပြောသလောက် မခက်တာကို တွေ့နိုင်ပါတယ်။ ကဲ စလိုက်ကြရအောင်။
(၁) လျှပ်စစ်နဲ့အသုံးပြုရတဲ့ပစ္စည်းမှန်သမျှကို မလိုအပ်ရင်၊ မသုံးသေးရင် ပိတ်ထားပါ။ မီးချောင်း၊ ရုပ်မြင်သံကြား၊ ကွန်ပျူတာ၊ ပရင်တာ အစရှိတာတွေပေါ့။

(၂) ပလပ်ပေါက်ကို ဖြုတ်ထားပါ။ အားသွင်းကြိုး တွေဟာ “phantom” စွမ်းအင်တွေကို ဆွဲယူ နေကြပါတယ်။ application တစ်ခု သုံးအပြီး ပြန်ပိတ်လိုက်ချိန်မှာအောင် စွမ်းအင်ကတော့ ဆက်လက် သုံးနေဆဲပါ။ တကယ်လို့များ ဘက်ထရီတစ်ခုက ၃၆နာရီခံခဲ့မယ်ဆို သတ်မှတ်ချိန် မပြည့်မီမှာ အားသွင်းကြိုးကို ဖြုတ်ထားပါ။ ဖြစ်နိုင်သမျှကြိုးတွေအားလုံးကို ပလပ်ဖြုတ်ထားပါ။

(၃) အသစ်ပြန်လည်ဖြစ်တည်နိုင်တဲ့ စွမ်းအင်အရင်းအမြစ်ကို သုံးပါ။ USA ရဲ့ စွမ်းအင်အသုံးပြုမှု ၇၁ ရာခိုင်နှုန်းဟာ သဘာဝလောင်စာတွေ လောင်ကျွမ်းခြင်းက ရတာပါ။ ကျောက်မီးသွေးကဲ့သို့သော လောင်စာမျိုးတွေဟာ ပတ်ဝန်းကျင်ညစ်ညမ်းစေပြီး greenhouse ဓါတ်ငွေ့တွေထုတ်လွှတ်ပါတယ်။ အိမ်တစ်အိမ်ရဲ့ ပျှမ်းမျှ လောင်စာလောင်းကျွမ်းမှုဟာ တစ်နှစ်ကို ကျောက်မီးသွေး ၁၂၀၀၀ ပေါင် ရှိပါတယ်။ များစွာသော အီလက်ထရစ် ကုမ္ပဏီတွေဟာ အသစ်ပြန်လည်ဖြစ်တည်နိုင်တဲ့ အရင်းအမြစ်တွေကနေ စွမ်းအင်တွေကို ထုတ်ပေးပါတယ်။ ဥပမာ-ဆိုလာပြားတွေ၊ လေရဟတ်ကြိတ်စက် တွေဟာ သဘာဝပတ်ဝန်းကျင် မထိခိုက်တဲ့ စွမ်းအင်အရင်းအမြစ်တွေ ဖြစ်ပါတယ်။
(၄) သဘာဝအလင်းရောင်ရအောင်ယူပါ။ အိမ်ခေါင်မိုးမှာ အလင်းရောင်ဝင်နိုင်တဲ့ မှန် (သို့) အလင်းသွပ်မျိုး (၂)ချပ်လောက် ဖောက်ထားပါ။ ဒါမှသာ နေ့အချိန် မီးချောင်းများ ပိတ်ထားနိုင်မှာဖြစ်ပြီး တစ်ချို့သော အလင်းသွပ်အမျိုးအစားတွေဟာ စွမ်းအင်အဖြစ်ပါ ကူးပြောင်းပေးနိုင် ပါသေးတယ်။

(၅) လျှပ်စစ်နဲ့ အသုံးပြုရတဲ့ လေ့ကျင့်ခန်းသုံးစက်တွေ အသုံးမပြုပါနဲ့။ အဲ့ဒီအစား တကယ့် စက်ဘီးအစစ်တစ်စီးကို အသုံးပြုပါ။ ဒါမှမဟုတ် တစ်နေရာမှ တစ်နေရာကို လမ်းလျှောက်ပါ။ အလုပ်ပို လုပ်ပါ။
ဒီအခြေခံအချက်လေးတွေ လိုက်နာကြည့်ရင် ကျွန်ုပ်တို့တစ်ဦးချင်းဟာ ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကို တတ်နိုင်တဲ့နည်းလမ်းနဲ့ ထိန်းသိမ်းပေးရာ ရောက်မှာပါ။
Ref:wikihow
Form : Trend Myanmar
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026