သဘာဝ၀န်းကျင်မပျက် စိုက်ပျိုးရေး
သဘာဝဝန်းကျင်ကို မူလအနေအထားမပျက်အောင် ထိန်းသိမ်းစောင့်ရှောက်သော စိုက်ပျိုးရေး
ကမ္ဘာ့မြေဆီလွှာ၏ သုံးပုံတစ်ပုံခန့်သည် မြေတွင်းအော်ဂဲနစ်ဓာတ်များ လျှော့နည်းနေပြီး အရည်အသွေးနိမ့်ကျနေပါသည်။ သဘာ၀၀န်းကျင်မပျက်စိုက်ပျိုးရေးသည် အရည် အသွေးနိမ့်ကျနေသောမြေကို မြေဆီသြဇာဓာတ် ပြန်လည်ဖြည့်တင်းပေးပြီး စိုက်ပျိုးနိုင် သော မြေယာဆုံးရှုံးမှုကို ကာကွယ်ပေးသော လယ်ယာစိုက်ပျိုးရေးနည်းစနစ်တစ်ခု ဖြစ်ပါ သည်။ သဘာ၀၀န်းကျင်မပျက်စိုက်ပျိုးရေးသည် အမြဲတည်ရှိနေသော မြေအပေါ်ယံလွှာ ကို ထိန်းသိမ်းပေးခြင်း၊ မြေဆီလွှာ ထွန်ယက်မှုအနည်းဆုံးဆောင်ရွက်ခြင်းနှင့် အပင်မျိုး စိတ်အစုံအလင် စိုက်ပျိုးခြင်းတို့ကို အားပေးသည်။ ၎င်းသည် မြေမျက်နှာပြင်အပေါ်နှင့် အောက်တို့တွင် ဇီဝသက်ရှိမျိုးစုံ ပေါများလာစေခြင်းနှင့် သဘာဝဇီဝဖြစ်စဉ်များ ဖြစ်ပေါ်ခြင်းကို တိုးမြှင့်ပေးပါသည်။ ၎င်းသည် ရေနှင့် အာဟာရဓာတ်အသုံးဝင်မှုစွမ်းရည် (အပင်စုပ်ယူနိုင်မှုစွမ်းရည်)ကို တိုးစေကာ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး ရေရှည်ထိန်းသိမ်းထားနိုင်မှုကို ဖြစ်စေပါသည်။
ကျွန်တော်တို့လုပ်ဆောင်သည့်အရာ
သဘာ၀၀န်းကျင်မပျက်စိုက်ပျိုးရေးသည် ရေရှည်တည်တံ့သော မြေယာစီမံခန့်ခွဲမှု၊ ပတ်ဝန်းကျင်ကိုကာကွယ်ခြင်း၊ ရာသီဥတုဖောက်ပြန်မှုကို ကြံ့ကြံ့ခံနိုင်ခြင်းနှင့် သက်သာစေခြင်းတို့ကို ဖြစ်စေပါသည်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့သည် သဘာ၀၀န်းကျင်မပျက် စိုက်ပျိုးနည်းလမ်းများ လက်ခံကျင့်သုံးမှုကို အားပေးနေသည်။ ၎င်းတို့မှာ မြေဆီလွှာထွန်ယက်မှုကို အနည်းဆုံးဆောင်ရွက်ခြင်း၊ မြေဆီလွှာကို (အော်ဂဲနစ်ပစ္စည်းများဖြင့်) အမြဲဖုံးအုပ်ထားခြင်းနှင့် သီးနှံစုံ အလှည့်ကျစိုက်ပျိုးခြင်းတို့ ဖြစ်သည်။ ဤနည်းလမ်းများကို စိုက်ပျိုးမြေဧရိယာအားလုံးနှင့် သီးနှံစိုက်စနစ်အားလုံးတို့တွင် အသုံးပြုနိုင်ပါသည်။
ကင်ညာနိုင်ငံ၏ သဘာဝ၀န်းကျင်မပျက်စိုက်ပျိုးရေးတွင် ပြောင်းဖူးနှင့် ခြောက်သွေ့ဒဏ် ခံနိုင်ရည်ရှိသော ပဲကြီးနှင့် ကြားညှပ်စိုက်ပျိုးခြင်း
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများသို့ ထောက်ပံ့ပေးမှုများမှာ -
၁။ တောင်သူလယ်သမားများအတွက် ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်တွင် ရင်းနှီး မြှုပ်နှံစေရန်နှင့် သဘာ၀၀န်းကျင်မပျက် စိုက်ပျိုးရေးနည်းလမ်းများကို လက်ခံကျင့်သုံး နိုင်စေရန် အားပေးမှုများကိုဖြစ်စေသော အမျိုးသားမဟာဗျူဟာနှင့် ပေါ်လစီများကို ပုံစံထုတ်ခြင်း၊ ဖန်တီးခြင်းနှင့် အစီအစဉ်ရေးဆွဲခြင်း။
ဤသို့ဆောင်ရွက်ခြင်းအားဖြင့် တောင်သူလယ်သမားများ အထူးသဖြင့် လယ်သမားငယ်များကို အကျိုးမဖြစ်ထွန်းသော စိုက်ပျိုးရေးစီမံခန့်ခွဲမှုနည်းလမ်းများနှင့် ကာယ လုပ်သားများကို လက်လွှတ်စေပြီး အကျိုးအမြတ်များများရရှိစေနိုင်မည့် သင့်တော်သော စက်ကိရိယာအသုံးပြုခြင်းအဆင့်သို့ ရောက်ရန် အားပေးပါသည်။
၂။ သဘာ၀၀န်းကျင်မပျက် စိုက်ပျိုးရေးနည်းလမ်းများနှင့် ရေရှည်တည်တံ့သောစိုက်ပျိုးရေးစနစ်တို့ကို ဆောင်ရွက်နေသာ တောင်သူလယ်သမားများ၊ ဝန်ဆောင်မှုပေးသူများနှင့် တိုးချဲ့ပညာပေးဝန်ထမ်းများကို သင်တန်းပေးခြင်း။ နားလည်သဘောပေါက်မှုကို မြှင့်တင်နိုင်စေရန်နှင့် အစိုးရစီမံချက်များနှင့် စိုက်ပျိုးရေး တက္ကသိုလ် သင်ရိုးညွှန်းတမ်းများတွင် ပေါင်းစပ်နိုင်စေရန်အတွက် သင်ထောက်ကူပစ္စည်းများနှင့် လမ်းညွှန်ချက်များကို ဖန်တီးပြုလုပ်ဖြန့်ဝေခြင်း။
၃။ နေရာဒေသအထူးပြု နည်းလမ်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ရာသီဥတုဖောက်ပြန်ခြင်း၏ သက်ရောက်မှုကို ပြန်လည်ကောင်းမွန်စေသော ထုတ်လုပ်မှု စနစ်များကို တိုးမြှင့်စေနိုင်သည့် သင့်တော်သောသီးနှံများကို ရွေးထုတ်ခြင်းနှင့် သွင်းအားစုများနှင့်/သို့မဟုတ် ထုတ်ကုန်များအတွက် လက်ရှိဈေးကွက် သို့မဟုတ် အလားအလာရှိသော ဈေးကွက်များကို ဖော်ထုတ်ခြင်း။
၄။ အစားအစာနှင့် အာဟာရဓာတ် လုံခြုံစိတ်ချရမှုနှင့် ဆက်နွှယ်နေသော အမျိုးသားအဆင့် ဦးစားပေးမှုများကို ကူညီပေးပြီး သဘာ၀၀န်းကျင်မပျက် စိုက်ပျိုးရေးနည်းလမ်းများကို အကောင်အထည်ဖော်ခြင်းအားဖြင့် စိုက်ပျိုးရေးထုတ်လုပ်မှုများကို တိုးမြှင့်ပေးခြင်း။
အကြောင်းအရာကို နားလည်ခြင်း
နိုင်ငံများစွာတွင် သီးနှံများကို အစွမ်းကုန် စိုက်ပျိုးထုတ်လုပ်ခြင်းကြောင့် အနာဂတ် စိုက်ပျိုးထုတ်လုပ်မှုအတွက် ထိခိုက်စေနိုင်လောက်အောင် မြေဆီလွှာကို အဆီအနှစ်များ လျော့နည်းစေပါသည်။ မြေဆီသြဇာဓာတ်ပြည့်ဝသော ကျန်းမာသည့်မြေသည် ရာသီဥတု ဖောက်ပြန်ခြင်း၏ သက်ရောက်မှုကို ပြန်လည်ကောင်းမွန်စေသော ရေရှည်တည်တံ့သည့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုစနစ်များအတွက် အဓိကကျပါသည်။ ၎င်းမြေဆီလွှာတွင် အပင် ရောဂါ၊ အင်းဆက်များနှင့် ပေါင်းများကို ကာကွယ်နှိမ်နှင်းပေးရန်၊ မြေဆီလွှာအာဟာရဓာတ်များကို ပြန်လည်အသုံးပြုရန်နှင့် ရေထိန်းသိမ်းမှုစွမ်းရည်၊ အာဟာရဓာတ်စွဲမြဲခြင်းနှင့် ထောက်ပံ့မှု၊ အော်ဂဲနစ် ကာဗွန်အဆင့်အတန်းတို့အပေါ် ကောင်းမွန်သော အကျိုးသက် ရောက်မှုရှိသည့် မြေသားဖွဲ့စည်းတည်ဆောက်မှုကို မြှင့်တင်ပေးရန် ကူညီပေးနိုင်သည့် သက်ရှိမျိုးစုံ ပါဝင်ပါသည်၊
ဥပမာ မက္ကဆီကိုနိုင်ငံတွင် ပြောင်းနှင့် သီးလှည့်စိုက်ပျိုးသည့် ပဲမျိုးစုံသည် ပြောင်းအထွက်နှုန်းကို ၂၅ % အထိ မြှင့်တင်ပေးနိုင်သော အော်ဂဲနစ်ပစ္စည်းများနှင့် နိုက်ထရိုဂျင်ဓာတ်တို့ကို ဖြည့်ဆည်းပေးသည်။ ထွန်ရေးမဲ့စိုက်ပျိုးခြင်းသည် ဂျုံအထွက်နှုန်းကို ၆-၁၀% အထိ တိုးမြှင့်စေသည်။ အဘယ်ကြောင့်ဆိုသော် ထွန်ရေးမဲ့စိုက်ပျိုးခြင်းသည် အချိန်အခါမီ စိုက်ပျိုးနိုင်ခြင်းကို ဖြစ်စေပြီး သီးနှံပင်ရှင်သန်မှုကို ပိုမိုကောင်းမွန်စေသည်။ ထို့အပြင် ထွန်စက်မကောင်းရသည့်အတွက် အချိန်နှင့်လောင်စာဆီကို များစွာချွေတာနိုင်ပါသည်။ အင်ဒို-ဂန်ဂျတစ်မြေပြန့်အနောက်ပိုင်းမှာ ဂျုံစိုက်ပျိုးရာတွင် ထွန်ရေးမဲ့စိုက်ပျိုးခြင်းကို အသုံး ပြုသည့်အတွက် လယ်သမားများ၏ ကုန်ကျစရိတ်ကို တစ်ဟက်တာလျှင် ၂၀%အထိ လျှော့ချပေးပြီး အသားတင်ဝင်ငွေကို ၂၈ % အထိ တိုးတက်စေခဲ့ပါသည်။ (၂၀၁၆ ၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့)
သဘာ၀၀န်းကျင်မပျက်စိုက်ပျိုးရေးသည် အလုပ်သမားအသုံးပြုမှု ၂၀-၅၀% လျော့နည်းသည်။ ထို့အတူ စွမ်းအင်အသုံးပြုမှု လျှော့ချခြင်းနှင့်အ ာဟာရဓာတ်အသုံးပြုမှုစွမ်းရည် ကို မြှင့်တင်ပေးခြင်းတို့မှတဆင့် အစိမ်းရောင်ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကိုလည်း လျှော့ချပေးပါသည်။ တစ်ပြိုင်နက်တည်း မြေဆီလွှာကို တည်ငြိမ်စေပြီး မြေဆီလွှာပြိုကွဲ ခြင်းနှင့် ကာဗွန်ဓာတ်ငွေ့ လေထုထဲသို့ထုတ်လွှတ်ခြင်းတို့ကို ကာကွယ်ပေးသည်။
သဘာ၀၀န်းကျင်မပျက်စိုက်ပျိုးရေးသည် ဒေသဆိုင်ရာအခြေအနေများ၊ လိုအပ်ချက်များနှင့်ကိုက်ညီသော အဓိကအခြေခံလုပ်ငန်း (၃) ခုပေါ်တွင် အခြေခံပါသည်။
၁။ မြေကြီးကို မတူးဆွမိအောင် ထားရှိပေးခြင်း (ထွန်ရေးမဲ့ခြင်း)
မျိုးစေ့၊ မြေသြဇာများကို တိုက်ရိုက်ချခြင်းဖြင့် မြေကြီးကို မတူးဆွမိအောင် ထားပေးပါ။ ၎င်းသည် မြေဆီလွှာတိုက်စားခြင်းကို လျှော့ချပေးပြီး မြေဆီလွှာ အော်ဂဲနစ်ပစ္စည်းများ (မြေတွင်းဓာတ္ထုပစ္စည်းများ)ကို ထိန်းသိမ်းထားနိုင်သည်။ 
၂။ မြေကြီးကို အော်ဂဲနစ်ပစ္စည်းများဖြင့် အမြဲမပြတ်ဖုံးအုပ်ထားပေးခြင်း
သီးနှံပင်အကြွင်းကျန်များ သို့မဟုတ် မြေဖုံးပင်များဖြင့် (အနည်းဆုံး ၃၀%) ဖုံးအုပ်ပေးထားပါ။ မြေဆီလွှာမျက်နှာပြင်ကို အကိုင်းအခက်များဖြင့် ကာကွယ်ပေးထားခြင်း သည် ပေါင်းများကို ဖိနှိမ်ပေးသည်။ အလွန်ပြင်းထန်သော ရာသီဥတုဒဏ်မှ မြေဆီလွှာကို ကာကွယ်ပေးသည်။ မြေဆီလွှာအစိုဓာတ်ကို ထိန်းပေးသည်။ မြေဆီလွှာသိပ်သည်းမှုမဖြစ်ပေါ်အောင် တားဆီးပေးသည်။ 
၃။ သီးနှံအစုံ ရောညှပ်၊ အလှည့်ကျစိုက်ပျိုးပေးခြင်း
မတူညီသောသီးနှံ အနည်းဆုံး ၃ မျိုးကို ရောညှပ်၍ဖြစ်စေ၊ အလှည့်ကျဖြစ်စေ စိုက်ပျိုးရမည်။ ကောင်းစွာစီမံထားသော သီးလှည့်စိုက်ပျိုးခြင်းသည် ကောင်းသော မြေသားဖွဲ့စည်းတည်ဆောက်မှုကို အားပေးသည်။ အာဟာရဓာတ်လည်ပတ်ခြင်းနှင့် အပင်အာဟာရဓာတ်တိုးတက်ခြင်းတို့အတွက် ထောက်ပံ့ပေးသော အပင်များနှင့် တိရိစ္ဆာန်များ အမျိုးအစားမျိုးစုံကို မွေးမြူပေးသည်။ ပိုးမွှားနှင့်ရောဂါများကို ကြိုတင်ကာကွယ်ရာတွင် ကူညီပေးသည်။ 
ကိုးကား
www.fao.org/ag/ca
FAO, 2017
17480EN/1/06.17 – Revised version
Thi Ha Kyaw
လွန်ခဲ့သော ၁ နှစ် ကထွန်ယက်စိုက်ပျိုးတာနဲ့မထွန်ယက်ဘဲစိုက်ပျိုးတာရဲ့ကွာခြားချက်လေးတွေကိုဖော်ပြပေးစေလိုပါတယ်
Content provider
PC Myanmar
PC Myanmar Progetto Continenti သည် အီတလီအခြေစိုက် အဖွဲ့အစည်းတခုဖြစ်ပြီး အီတလီတွင် ၁၉၈၉မှ စတင် တည်ထောင်သည်။ မြန်မာနိုင်ငံရုံးခွဲဖြစ်သည့် Progetto Continenti – Myanmar အနေဖြင့် လုပ်ငန်းဆောင်တာများကို ၂၀၀၃ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့သည်။ PC Myanmar သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုးခဲ့သည်။ PC Myanmar အနေဖြင့် လူထုပါဝင်မှုကို တိုးမြှင့်စေသည့် နည်းလမ်းနှင့် ဒေသတွင်း အဖွဲ့အစည်းများဖြင့် အတူတကွ လုပ်ဆောင်ခြင်းနည်းလမ်း စသည်အားဖြင့် ဒေသတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေခြင်းအားဖြင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်ခြင်းသည် PC Myanmar ၏ အဓိကရည်ရွယ်ချက်လမ်းကြောင်းဖြစ်ကာ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရာတွင် စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အလုံးစုံ ရေရှည်ဖွံ့ဖြိုးမှုကို ဦးတည်သည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်ခြင်းအတွက် အရေးကြီးသောဒေသတွင်း လူထုအခြေပြုအဖွဲ့အစည်းများ နှင့် ကျေးရွာအခြေစိုက် အခြေခံအဖွဲ့အစည်းများကို အရည်အသွေး မြှင့်တင်ပေးခြင်း အားဖြင့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်လျှက် ရှိပါသည်။ စီမံကိန်းများ အကောင်အထည်ဖော်ရန် ဦးတည်သည့်ဒေသမှာ အပူပိုင်းဒေသဟု လူသိများသော မကွေးဒေသပင် ဖြစ်သည်။ ဦးတည်သည့် စီမံချက်များမှာ အသက်မွေးမှု (ရေရှည်ဖွံ့ဖြိုးသော စိုက်ပျိုးရေးနှင့် တောင်သူအသင်း အဖွဲ့များအား ကူညီထောက်ပံ့ခြင်း) နှင့် အစားအသောက် ဘေးကင်းလုံခြုံမှု၊ ရေရှိမှု (သောက်သုံးရေ ရရှိအောင် အကူအညီပေးခြင်းနှင့် အဆိုပါရေအရင်းအမြစ်စီမံခန့်ခွဲခြင်းကို ကျေးရွာလူထုကိုယ်တိုင်စီမံခန့်ခွဲနိုင်ရန် ကူညီ ပေးခြင်း)နှင့် တကိုယ်ရည် သန့်ရှင်းမှုဆိုင်ရာ အသိပညာပေးမှု၊ ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများကို စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း ( ဒေသတွင်း NGOများ၊ CBOများကို စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း) တို့နှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်ခြင်း (အာဟာရလိုအပ်ချက်များနှင့် ပတ်သက်ပြီး အသိပညာပေးမြှင့်တင်ခြင်း၊ ထောက်ပံ့ခြင်း၊ မိခင်နှင့် ကလေး ပြုစုစောင့်ရှောက်ခြင်းအတွက် ကူညီထောက်ပံ့ပေးခြင်း) ပင် ဖြစ်သည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026