အစိမ်းရောင်လမ်း
သစ်ပင်တွေနဲ့ အနားယူမယ်

သစ်ပင်တွေနဲ့ အနားယူမယ်

Forest Bathing/ Forest Therapy မြန်မာလို ဆီလျော်အောင် ပြန်ရင်တော့ သစ်တောကုထုံး (သို့မဟုတ်) ကျန်းမာစေရန် သစ်တောတွင်း ခဏတာ အနားယူခြင်းပေါ့လေ။ သီးသန့်သုံးတဲ့ အသုံးအနူန်းလဲ ရှိရင်လည်း ရှိပါလိမ့်မယ်။ ထားပါတော့လေ။ ခုကျွန်မပြောပြချင်တာက ကျွန်မတို့တွေ ဘာကြောင့် Forest bathing လုပ်သင့်လဲ၊ သစ်ပင်တွေက ကျွန်မတို့ ကျန်းမာရေးအတွက် ဘာတွေများ အကျိုးကျေးဇူးတွေပေးနေသလဲ?

Forest bathing ဆိုတာ ကျန်းမာရေး ကောင်းစေရန် သစ်တောတွင်း  ခဏတာ လမ်းလျောက်အနားယူ အပန်းဖြေခြင်း ဖြစ်ပါတယ်။ ဂျပန်ယဉ်ကျေးမှုမှ အစပြုဆင်းသက်ခဲ့တာဖြစ်ပြီး ခုချိန်မှာ သူ့ရဲ့ကောင်းကျိုးတွေကို သိရှိလာပြီး တစ်ကမ္ဘာလုံး အတိုင်းအတာ လက်ခံကျင့်သုံးနေပြီ ဖြစ်ပါတယ်။

Forest bathing လုပ်ခြင်းဖြင့် နှလုံးခုန်နူန်း မြန်နေခြင်းကို သက်သာစေခြင်း၊ သွေးတိုးရောဂါ သက်သာစေခြင်းအပြင် စိတ်ဖိစီးမှုဒဏ် ခံနိုင်ရည်ရှိမယ့် ဟိုမုန်းတွေကို ထုတ်လုပ်းပေးပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို တိုးမြှင့်ပေးပါတယ်။ သစ်တောကုထုံးကြောင့် ကိုယ်ကျန်းမာ စိတ်ချမ်းသာစေမှာ မလွဲပါဘူး။

ဘာကြောင့် Forest bathing က ကျန်းမာရေးအတွက် ကောင်းစေသလဲ?

သစ်ပင်တွေမှာ ၎င်းတို့ကို ပိုးမွှားနဲ့ အင်းဆက်ရောဂါတွေ မကျရောက်ရန် ကာကွယ်ပေးတဲ့ phytocide ဆိုတဲ့ ဓာတ်တစ်မျိုးထုတ်ပေးပါတယ်။ အဲ့ဓာတ်ဟာ ကျွန်မတို့လူသားတွေအတွက်လည်း ကျွန်မတို့ရဲ့ ခုခံအားစနစ်တစ်ခုလုံး လုပ်ဆောင်ရည်တိုးလာအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် သစ်တောတွင်း ခဏတာ အပန်းဖြေ အနားယူူ လမ်းလျောက်ပေးခြင်းဖြင့် ကျွန်မတို့ရဲ့ ခုခံအားစနစ်ကောင်းလာစေမှာ ဖြစ်သည့် အပြင် နှလုံးရောဂါ၊ သွေးတိုးရောဂါများကို ကာကွယ်ပေးပြီး စိတ်ဖိစီးမှုဒဏ်ကို ပိုမိုခံနိုင်ရည် ရှိလာမှာ ဖြစ်ပါတယ်။

အထိရောက်ဆုံး Forest bathing ဖြစ်ဖို့ ဘာတွေလုပ်ကြမလဲ။ ဘယ်လိုလုပ်ကြမလဲ?

အဲ့အတွက် လွယ်ကူပါတယ် မိတ်ဆွေ။ သက်တောင့်သက်သာ ရှိမည့် ချည်ထည်လို အဝတ်အထည် ပါးပါးကို ဝတ်ဆင်ပါ။ သစ်တောရဲ့ နေရောင်ခြည်နွေးနွေးအောက်မှာ အပန်းဖြေရင်း လမ်းလျောက်ပါ။ သို့မဟုတ်ပါက မိသားစု သူငယ်ချင်းများနဲ့ ဂိမ်းတစ်ခုခု ထိုင်ကစားတာဖြစ်ဖြစ် တရားမှတ်တာဖြစ်ဖြစ် လုပ်ပါ။ 

အချိန်ကတော့ မပူလွန်း မအေးလွန်း နွေဉီး၊ ဆောင်းဉီးလို ရာသီမျိုးဟာ အသင့်တော်ဆုံးဖြစ်ပြီး မနက်၁၀ မှ နေ့လည် ၂ နာရီအတွင်း လုပ်ဆောင်တာက အကောင်းဆုံးရလာဒ် ရနိုင်တယ်လို့ သုတေသနတွေက ဆိုထားပါတယ်။

နောက်ဆုံးတစ်ခု အကြံပေးချင်တာက ဖိုက်သွန်ဆိုဒ်ဓါတ်ဟာ ရွက်ပြားကြီးတဲ့ အရွက်တွေ မှာထက် ထင်းရှူးမျိုးစိတ် အပင်တွေမှာ ပိုမိုထွက်ရှိတာမို့ ရှမ်းပြည်၊ ကလောလို နေရာမျိုးက သစ်တောတစ်ခုခုကို တောင်တက်ခရီးထွက်ရင်း သစ်တောကုထုံးကို ရယူမယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်မယ်လို့ အကြံပေးရင်း လူကျန်းမာ စိတ်ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Yuki Wai 

စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (မြစ်ဝကျွန်းပေါ် ဒေသန္တရ ကွန်ယက်သတင်းလွှာ) Vol – 7 ကူးယူ ဖော်ပြပါသည်။ 

 

You
Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

အသီးမာအမည်းစက်လေးတွေအပေါက်ကလေးတွေဖြစ်နေပါတယ် အသီးပုပ်တာမျိုးတော့မရှိပါဘူး ပိုးကောင်လည်းသိပ်မတွေ့ပါဘူး မှိုရောဂါဖြစ်နိုင်မလား ဘယ်လိုကာကွယ်ရမလဲ အကြံပေးကြပါဗျ

min • ဖြေကြားချက် 1 ခု

ဓာတ်ပုံထဲမှာပါတဲ့ ပဲပုပ်မျိုးက မိုးတွင်းမှာစိုက်ရင် သီးတောင့်သီးတဲ့ အချိန်အထိကို အပင်ကြီးထွားမှုက ရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက်ကြီးထွားနေတာကို ရပ်တန့်ချင်တာပါ။ ဖြစ်နိုင်လျှင် ကိုးကားချက်ကို download ဆွဲလို့ရအောင် pdf file or word file ပေးရင်ပိုကောင်းပါမယ်။ ကောင်းသောနေ့ဖြစ်ပါစေ။

ye min oo • ဖြေကြားချက် 0 ခု

နွား/ကြက်ချည်းဖြင့်မြေဆွေးလုပ်တဲ့အခါမှာ ချပိုးတွေလာတဲ့အတွက် ချဆေးဖြူးပေးရတယ် အဲဒါ အပင်အကျိုးပြုဇီဝပိုးတွေရောသေး‌ေစနိုင်သလား

Sawdohhtoo • ဖြေကြားချက် 0 ခု

ပဲခူးတိုင်းနှင့်ဧရဝတီတိုင်းတွင်နှစ်ရှည်သစ်မာပင်စိုက်ပျိုးနည်းစနစ်အကြောင်းသိချင်ပါတယ်

Myat lin Oo • ဖြေကြားချက် 0 ခု

🌱 တောင်သူဦးကြီးများအတွက် သီးနှံအားကောင်းစေမယ့် အပင်အာဟာရဖော်မြူလာ 🌱 💚 UNİCORN – Nito Finn & Nito Max 💚 “အပင်ကောင်းမှ… အသီးအနှံကောင်းမယ်” 🌿 🌱 Nito Finn – STEM CELL BIOSTIMULANTS အပင်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အားပေးပြီး အပင်သန်မာစွာ ကြီးထွားနိုင်ရန် ကူညီပေးတဲ့ Biostimulant အမျိုးအစားဖြစ်ပါတယ်။ 🥬 Nito Max – BIOSTIMULANTS အပင်ရဲ့ အာဟာရအသုံးချနိုင်မှုနဲ့ သီးနှံဖွံ့ဖြိုးမှုကို အားပေးရန် ရည်ရွယ်ထားတဲ့ Biostimulant ဖြစ်ပါတယ်။ ✨ တောင်သူများအတွက် မျှော်မှန်းနိုင်သော အကျိုးကျေးဇူးများ ✅ အပင်ကြီးထွားဖွံ့ဖြိုးမှုကို အားပေးခြင်း ✅ အပင်သန်မာကျန်းမာစွာ ဖွံ့ဖြိုးရန် ကူညီခြင်း ✅ အပင်၏ အာဟာရအသုံးချနိုင်မှုကို အားပေးခြင်း ✅ အပွင့်၊ အသီး ဖွံ့ဖြိုးမှုကောင်းမွန်စေရန် အထောက်အကူပြုခြင်း ✅ သီးနှံအရည်အသွေးကောင်းမွန်စေရန် အထောက်အကူပြုခြင်း 🌾 စပါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် အခြားသီးနှံများ စိုက်ပျိုးရာတွင် အပင်အခြေအနေအလိုက် အသုံးချနိုင်ပါသည်။ 💬 တောင်သူဦးကြီးတို့ရေ… သီးနှံကောင်းဖို့ မြေ၊ ရေ၊ အာဟာရနဲ့အတူ အပင်ရဲ့ သဘာဝကြီးထွားမှုကို အားပေးဖို့လည်း အရေးကြီးပါတယ်။ 🌱 Nito Finn + Nito Max — သီးနှံကောင်းဖို့ တောင်သူ့အဖော်ကောင်း 🇲🇲☎️09787471142 ကိုထိုက်

ko htike • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....