တစ်ယောက်လေးကိုတောင်မှ ချန်မထားခဲ့ကြပါနဲ့...
ပိုကောင်းတဲ့ကမ္ဘာကြီးကို ဖန်တီးရှေ့ဆက်နေပေမဲ့ လူအများကြီးကတော့ နောက်မှာကျန်ရစ်နေခဲ့တုန်းပါပဲ။ လူသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်လာမှု၊ ဆန်းသစ်တီထွင်မှုတွေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုတွေကို တချို့သော သူတွေခမျာ ခံစားခွင့် မရကြပါဘူး။
တကယ်တော့ ကမ္ဘာကြီးပေါ်က လူသားသန်းပေါင်းများစွာဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို လက်လှမ်းမမီနိုင်ရှာကြပါဘူး။ ဒါကြောင့် သူတို့တွေဟာ စိတ်ချလုံခြုံရမှုမရှိတဲ့ အစားအသောက်တွေကိုသာ စားနေရပြီး အာဟာရချို့တဲ့မှုဒဏ်ကို ခံစားနေရတာပါ။
လူတွေအတွက် လုံလောက်တဲ့ အစားအသောက်တွေ မထုတ်လုပ်နိုင်လို့ ဒီလို ငတ်မွတ်ခေါင်းပါးမှုတွေ ကြုံနေကြ ရတာလားး?
တကယ်တော့ မဟုတ်ပါဘူး။ ဒီကမ္ဘာကြီးပေါ်ကလူတိုင်းအတွက် အစားအစာထုတ်လုပ်နိုင်မှုက လုံလောက်ပါတယ်။
ဆိုတော့ ပြဿနာက ဘာလဲဆိုတော့...
COVID-19 လို ကပ်ဘေးတွေ၊ ပဋိပက္ခတွေ၊ ရာသီဥတု ဖောက်ပြန်မှုတွေ၊ လူတန်းစားမညီမျှမှုတွေ၊ ကုန်ဈေးနှုန်း မြင့်မားမှုတွေ၊ နိုင်ငံတကာကြား ရန်စောင်နေမှုတွေက အာဟာရပြည့်ဝတဲ့အစားအသောက်တွေ လူတိုင်းဆီရောက်ဖို့ အဟန့် အတားတွေ ဖြစ်နေတာကြောင့်ပါပဲ။ ဒါတွေရဲ့ ဆင့်ကဲရိုက်ခတ်မှုဒဏ်တွေကို နယ်စည်းမခြားဘဲ လူတွေ ခံစား နေကြရတာပါ။
ကမ္ဘာကြီးပေါ်က ကျေးလက်လူတန်းစား ရာခိုင်နှုန်း ၈၀ ကျော်ဟာ ဆင်းရဲမွဲတေမှုကို ခံစားနေကြရပြီး သူတို့ ရှင်သန်ရေးအတွက် စိုက်ပျိုးမွေးမြူရေးနဲ့ သဘာဝအရင်းအမြစ်တွေအပေါ် မှီခိုနေကြရပါတယ်။ သူတို့ဟာ သဘာဝနဲ့ လူလုပ်ကပ်ဘေးဆိုးတွေကို အမြဲရင်ဆိုင်နေရတာနဲ့ လိင်ခွဲခြားမှု၊ လူမျိုးဖြစ်တည်မှု၊ လူနေမှုအဆင့်အတန်း တွေကြောင့် မကြာမကြာ ပြောင်းရွှေ့နေကြရပါတယ်။ ဒါတွေကြောင့် သူတို့အတွက် ပညာပေးသင်တန်းတွေ၊ ဘဏ္ဍာရေး၊ ဆန်းသစ်တီထွင်မှုနဲ့ နည်းပညာတွေကို ရရှိဖို့ ခက်ခဲနေကြရပါတယ်။

ပိုကောင်းတဲ့ထုတ်လုပ်မှု၊ ပိုကောင်းတဲ့အာဟာရ၊ ပိုကောင်းတဲ့ပတ်ဝန်းကျင်တွေနဲ့အတူ ပိုမိုကောင်းမွန်သော ဘဝဆီသို့...
ဂလိုဘယ်လိုက်ဇေးရှင်းခေတ် ကမ္ဘာကြီးထဲမှာ ကျွန်တော်တို့ရဲ့ စီးပွားရေးတွေ၊ ယဉ်ကျေးမှုတွေ၊ လူဦးရေတိုးပွားမှု တွေကြား အပြန်အလှန် မှီခိုချိတ်ဆက်ရမှုတွေဟာ ပိုလို့ ပိုလို့ တိုးလာနေပါတယ်။ ကျွန်တော်တို့တွေထဲက တချို့ဟာ သူတို့တွေ ဘယ်လိုလူတွေဖြစ်တယ် ၊ ဘယ်မှာနေထိုင်တယ်ဆိုတာတွေနဲ့တင် ထိခိုက်ခံစားရမှုတွေရှိနေပြီး အထိမခံ အခြေအနေမှာ ရှိနေတာပါ။
ဒီလိုအခြေအနေမှာ တစ်ယောက်ယောက်ကို ချန်ထားခဲ့လိုက်ပြီဆိုတာနဲ့ ချိန်းကြိုးတစ်ကြိုး ပြတ်ထွက်သွားမှာပါ။ ဒါဆိုရင် ထိခိုက်သွားမှာက အဲ့ဒီလူရဲ့ဘဝတစ်ခုတည်း မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ အားလုံးရဲ့ဘဝတွေ ဖြစ်သွားပါလိမ့်မယ်။
ဒီတော့... ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းတွေကြား ကမ္ဘာလုံးဆိုင်ရာ ဖြေရှင်းမှုတွေက ဟိုအရင်အချိန်တွေထက်ကို ပိုပြီးတော့ လိုအပ်နေပါပြီ။
ဆိုတော့...ပိုမိုကောင်းမွန်သော ထုတ်လုပ်မှုတွေ၊ ပိုမိုကောင်းမွန်သော အာဟာရတွေ၊ ပိုမိုကောင်းမွန်သော ပတ်ဝန်း ကျင်တွေ၊ ပိုမိုကောင်းမွန်သော ဘဝတွေအတွက် ရည်ရွယ်ချက်တွေ ထားခြင်းဖြင့်..
စီးပွားရေးပိုမိုဖွံ့ဖြိုးတိုးတက်ဖို့၊ ပိုမိုဒူပေနာပေ ရှိလာစေနိုင်ဖို့ အပါအဝင် ရေရှည်တည်တံ့မယ့် ဖွံ့ဖြိုးတိုးတက်စေမှု အဖြေတွေကို ချမှတ်အကောင်အထည်ဖော်သွားမယ်ဆိုရင် စိုက်ပျိုးမွေးမြူရေးအခြေခံအစားအသောက်စနစ်တွေနဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်လမ်းဆီသို့ ကျွန်တော်တို့ ပြောင်းလဲသွားနိုင်မှာပဲ ဖြစ်ပါတယ်။
(အောက်တိုဘာ ၁၆ ရက်တွင်ကျရောက်သော World Food Day (ကမ္ဘာ့အစားအစာနေ့) ကို ဂုဏ်ပြုသောအားဖြင့် FAO ၏ ဆောင်းပါးအား ဘာသာပြန်ဆို ဖော်ပြခြင်းဖြစ်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....